သတင်းသတင်းဆောင်းပါး

တရုတ် မြန်မာနယ်စပ်ရှိ ကြံစိုက်ပျိုးတောင်သူများ၏ ဒုက္ခများ

ကချင်ဒေသ တရုတ်-မြန်မာ နယ်စပ်တလျှောက်က ကြံ စိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းနေကြတဲ့ တောင်သူတွေမှာ အလွန်စိုးရိမ်စရာ ကိစ္စတခု ဖြစ်ပေါ်နေပါတယ်။

ကူးစက်ရောဂါကြောင့် ဒေသခံတောင်သူတွေ စိုက်ပျိုးထားတဲ့ ကြံတွေကို တရုတ်ပြည်ထဲသို့ တင်သွင်းခွင့် တရုတ်အစိုးရမှ ပိတ်ထားတဲ့အတွက်ကြောင့် ကြံခင်းဧက များစွာ ဆုံးရှုံးနစ်နာမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။

လွယ်ဂျယ်နယ်စပ်ဂိတ်ကို ကူးစက်ရောဂါကြောင့် တရုတ်အစိုးရဘက်က ပိတ်ထားလိုက်တဲ့အတွက်ကြောင့် ကြံ တွေကို တင်သွင်းခွင့်မရဘဲ သောင်တင်နေတာကြောင့် ဒေသခံတောင်သူတွေဟာ အရှုံးများစွာနဲ့ နွံနစ်တော့မှာ ဖြစ်ပါတယ်။

နယ်စပ်တလျှောက် ဧကသောင်းချီရှိတဲ့ ကြံခင်းတွေရဲ့အနာဂတ် ဆုံးရှုံးနစ်နာမှုတွေကို ကုစားဖို့ လမ်းပျောက်နေဆဲပဲ ဖြစ်ပါတယ်။

“ကူးစက်ရောဂါကြောင့် သူတို့ တရုတ်ပြည်ထဲကို လွယ်လွယ်ကူကူ တင်သွင်းလို့မရဘူး။ လွပ်လွပ်လပ်လပ် ကူးသန်ရောင်းဝယ်လို့ မရတော့ဘူး။ ရောဂါကြောင့် နယ်စပ်ဂိတ်မှာ စည်းကမ်းတင်းကျပ်မှုတွေ စစ်ဆေးမှုတွေ ရှိတာကြောင့် ကုန်ကားတစီးဖြတ်သန်းဖို့အချိန်အရမ်းကြာတယ်။ ကျနော်တို့ပြည်သူ တောင်သူတွေ စိုက်ပျိုးရေးသမားတွေအတွက်တော့ ပြောမပြတတ်အောင် ဆုံးရှုံးနစ်နာတာတွေရှိတယ်” ဟု နယ်စပ်၌ ကြံခင်းစိုက်ပျိုးပြီး တရုတ်ပြည်ထဲ တင်သွင်းနေတဲ့ ဦးလဖိုင်ဇော်လ က ပြောပါတယ်။

ကချင်ဒေသ တရုတ်-မြန်မာ နယ်စပ်တလျှောက်မှာ အခြားစိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်ထွန်းမှုမရှိတဲ့အတွက် ကြံတမျိုးတည်းကိုပဲ စီးပွားဖြစ် လုပ်ကိုင်စားသောက်ပြီး အသက်ရှင်နေကြတာ ဖြစ်ပါတယ်။

ကြံစိုက်ပျိုးတဲ့တောင်သူတွေဟာ တရုတ်ဈေးကွက်ကိုသာ အားပြုရတဲ့အတွက်ကြောင့် အခုလိုအချိန်မှာ ပိုပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရခြင်းဖြစ်ပါတယ်။ ကူးစက်ရောဂါ မဖြစ်ပွားမီအချိန်ကာလတုန်းက တရုတ်ကုမ္ပဏီတွေကိုယ်တိုင် ကြံတွေကို ကိုယ်တိုင် လာဝယ်ယူကြပါတယ်။

ယခုအခါမှာတော့ ရောဂါအခြေအနေကြောင့် ကူးသန်းသွားလာမှုခက်ခဲသွားတဲ့အတွက် တောင်သူများတွေမှာပဲ ဆုံးရှုံးနစ်နာစရာများနဲ့ ရင်ဆိုင်လာရပြီဖြစ်ပါတယ်။

“အခုအခြေအနေနဲ့ ကြံခင်းတွေ စိုက်ပျိုးစားသောက်လို့ မရတာတွေဖြစ်လာတော့ မိသားစုက ဘယ်လိုဆက်ရှင်သန်နေထိုင်သွားရမလဲမသိတော့ဘူး။ ဒီလုပ်ငန်းတွေရပ်ဆိုင်းသွားတာနဲ့ နေ့စားအလုပ်သမားတွေ အတွက် ခက်ခဲသွားပြီ။ ဘယ်လိုနည်းလမ်းတွေနဲ့ လုပ်ကိုင်စားသောက်ရမလဲမသိတော့ဘူး” ဦးလဖိုင်ဇော်လ ဆက်ပြောခဲ့ပါတယ်။

နယ်စပ်တလျှောက် ၂၀၀၅ ခုနှစ်လောက်ကနေ ကြံကို စိုက်ပျိုးလာကြပါတယ်။ စက်တင်ဘာလ မိုးနှောင်း မြေဆီလွာနည်းနည်း စိုစွတ်​နေတဲ့အချိန်အခါ၌ ကြံကိုစိုက်ပျိုးပြီး နွေရာသီတွင် ရိတ်သိမ်းပြီး တရုတ်ပြည်ထဲသို့ ကြံကိုတောင်သူတွေ တင်ပို့ကြပါတယ်။ တရုတ်ပြည်ထဲပို့လို့ မကုန်တဲ့ ကြံတွေအများအပြားလည်း ရှိနေပါသေးတယ်။

ကြံခင်းဧက တခုမှ တရုတ်ယွမ်ငွေ ၁၂၀၀၀ ဝင်ငွေရရှိကြောင်း တောင်သူတွေကပြောပြပါတယ်။ တချို့ရေ ရရှိနိုင်တဲ့ ဒေသတွေက နွေရာသီတွင်လည်း ကြံကိုစိုက်ပျိုးကြပါတယ်။ တောင်သူဒေသခံတွေက သူတို့အတွက် တင်ပို့ နိုင်မဲ့ ကြံတွေကို နည်းလမ်းရှာနေပေမဲ့လည်း ခက်ခဲနေကြောင်းသိရပါတယ်။

ကူးစက်ရောဂါကြောင့် နယ်စပ်ဂိတ် ပိတ်ထားတဲ့ကိစ္စကိုလည်း တောင်သူတွေက ကေအိုင်အိုအစိုးရကနေ တရုတ်အစိုးရနှင့်ညိနှိုင်းပြီး နယ်စပ်ဂိတ်ပေါက်တွေ ဖွင့်ပေးအောင် လုပ်ဆောင်ပေးဖို့မျော်လင့်နေပါတယ်။

” ကေအိုင်အိုထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်ပေါက်နေ တင်သွင်းခိုင်းရင်တော့ကောင်းမယ်လို့မျော်လင့်တယ်။ ကေအိုင်အိုအစိုးရကနေ လုပ်ဆောင်ပေးရင်ကောင်းတယ်။ ကေအိုင်အိုကနေ ယူနန်အစိုးရနှင့် ညိနှိုင်းဆောင်ရွက်မှု မရှိဘူးဆိုရင်တော့ နောက်နှစ်စိုက်ပျိုးဖို့အတွက် ခက်ခဲလာနိုင်တယ်”ဟု ဦးလဖိုင်ဇော်လက သူမျော်လင့်တဲ့အရာကို ပြောပြပါတယ်။

အန်ယူဂျီ၏ ကူးသန်​ရောင်းဝယ်ရေးနှင့် စီးပွားရေးဝန်ကြီးဌာန၏ ဝက်ဆိုက်စာမျက်နှာမှာ ယခုကာလနှင့်ဖြစ်ပေါ်နေတဲ့ ကုန်သွယ်မှု ဆိုင်ရာကို သတင်းစာစဉ် နှင့်အလုပ်ရုံဆွေးနွေးမှုများ ကျင်းပခြင်းသာ ​လေလှိုင်းပေါ်မှာတွေ့နေရပါတယ်။

မြေပြင်၌ ကုန်ထုတ်လုပ်သူများအတွက် တောင်သူများအတွက် အရေးကြီးတဲ့ အချက်အလက်တွေ မဟုတ်တဲ့အတွက်ကြောင့် ခက်ခဲနေပါတယ်။ ဒီထက်ပိုပြီး ကုန်သွယ်မှု တစုံတရာ ချော့မွေ့စေဖို့ ပါဝင်သင့်ပါတယ်။ မူဝါဒကောင်းတဲ့ စနစ်တွေထားရှိဖို့လိုနေပါတယ်။

တောင်သူတွေကို အကာအကွယ်ပေးနိုင်တဲ့ အန်ယူဂျီ အစိုးရဖြစ်ဖို့ မျော်လင့်နေပါတယ်။

အာဘရာဟမ်

Show More

Related Articles

Back to top button