သတင်း

နယ်စပ် ကုန်ကားများကို ဘီးခွန်ခြောက်သိန်း ကောက်ခံနေမှုကြောင့် ကားပိုင်ရှင်များ အခက်တွေ့

ကချင်ပြည်နယ်၊ မြန်မာ-တရုတ်နယ်စပ် လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းတွင် မောင်းနင်နေသည့် ကုန်ကားသမားများထံမှ ဘီးခွန် ခြောက်သိန်းကောက်ခံ နေမှုကြောင့် ကုန်ကားပိုင်ရှင်များ အခက်အခဲဖြစ်နေကြောင်း သိရသည်။

လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှ တရုတ်ပြည်သို့ ငှက်ပျော၊ ကြံ၊ဖရဲ၊ ပြောင်း ဆန် တင်ပို့သည့်ကုန်ကားပိုင် များထံမှ တစ်နှစ်စာ ဘီးခွန်ငွေကြပ်ခြောက်သိန်းကောက်ခံနေနေပြီး ယခုနှစ်သည် ယခင်နှစ်များထက် ကုန်ကားအ ထွက်နှုန်း ထက်ဝက်ခန့်ကျဆင်းသွားသောကြောင့် ဘီးခွန်ပေးဆောင်နိုင်ရန် အခက်အခဲဖြစ်နေကြောင်း ကုန်ကားပိုင်ရှင်တစ်ဦးက KNG သတင်းဌာနသို့ပြောသည်။

“အခုကားအုံနာတွေက ဘာအခက်အခဲဖြစ်နေလဲဆိုတော့ အခုရာသီကုန်ခါနီး ကားတွေကိုခြောက်သိန်းတောင်းနေတာအဲ့တာခက်ခဲဖြစ်နေတာ တစ်စီးကိုဘီးခွန်ခြောက်သိန်းကောက်နေတာဗျ ဘာမှအာမခံချက်မရှိဘူးလေ တရုတ်ကဂိတ်ကိုချက်ချင်းပိတ်လိုက်ရင်ကျနော်တို့ကရှူံးပြီ။ ကားအဆင်းအတက်ကလည်းမလုပ်ရအဲ့လိုဖြစ်နေတာ၊ကုန်ကလည်းရှားတော့။ အဲ့ခြောက်သိန်းပေးရမှာအခက်အခဲဖြစ်နေတာဗျ”ဟု အမည်မဖော်လိုသည့် ကုန်ကားပိုင်ရှင်တစ်ဦးက ပြောသည်။

အဆိုပါဘီးခွန်သည် လွယ်ဂျယ်နယ်စပ်ကုန် သွယ်ရေးလမ်းကြော၌ ကုန်စည်ကားများနဲ့ပတ်သက်၍အခွန်ကောက်ခံရန် လေလံအောင်ထားသည့် အဖွဲ့ကကောက်ခံနေခြင်းဖြစ်ပြီး ယခုမတ်လမှစတင်ကောက်ခံနေပြီဖြစ်ရာ ယခင်နှစ်များကခုကဲ့သို့ဘီးခွန်ကောက် ခံခြင်းမရှိခဲ့ကြောင်းသိရသည်။

အခြားကုန်ကားပိုက်ရှင်တစ်ဦးကလည်း”တစ်ခေါက်ထဲနဲ့ အဲ့ခြောက်သိန်းကို အပြီးဆောင်ခိုင်းတာဗျ ဒီတစ်ခေါက်ပဲတက်ပြီးမှ တရုတ်ကဂိတ်ပိတ်လိုက်ရင်အဲ့ခြောက်သိန်းက လုံးလုံးကြီးရှူံးပြီလေးကားပိုင်ရှင်က ကောက်တာက ပုဂ္ဂလိက ကကောက်တာဗျသူတို့လေလံပစ်ထားတဲ့လူကကောက်တာ ဖြတ်ပိုင်းစာရွက်လေးနဲ့ကောက်တာ အထက်ကတော့သိလားမသိလာတော့မသိဘူး”ဟု ကုန်ကားပိုင်ရှင်တစ်ဦးက ပြောသည်။

အဆိုပါဘီးခွန်ခြောက်သိန်းကောက်ခံနေမှုနဲ့ပက်သက်၍ သီးနှံစိုက်ပျိုးထုတ်လုပ်ရေး အသင်း(ဗန်းမော်ခရိုင်)မှ တာဝန်ရှိသူတစ်ဦးအားဆက်သွယ်မေးမြန်းရာယခုကဲ့သို့ပြောဆိုသည်။

“ကျွန်တော်တို့နဲ့ကတော့ညှိနှိုင်းထားတာမရှိဘူးဗျ အဓိက ကတော့ကျွန်တော်တို့ကုပ္မဏီတွေကကျတော့ သီးနှံတွေတင်ပို့မယ်ဆိုရင်ကိုယ်နဲ့နီးစပ်ရာသိကျွမ်းတဲ့ကားတွေကိုခေါ်ပြီးတိုက်တယ်။ အဲ့အတွက်ကြောင့်အခုကောက်တဲ့အခွန်သည် ဘာအတွက် ဘယ်ခေါင်စဥ်နဲ့ဘယ်လိုကောက်တယ်ဆိုတာ ကျွန်တော်တို့ကတော့မသိဘူးဗျ အဓိက ကားကိုကောက်တယ်လို့ပဲကျွန်တော်တို့ကထင်တယ်”ဟု တာဝန်ရှိသူကပြောသည်။

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်သည် ခြောက်လကျော်ကြာပိတ်ထားပြီးနောက် ၂၀၂၂ ခုနှစ် ဇန်နဝါရီ လတွင်ပြန်လည်ဖွင့်လှစ်ပေးခဲ့ရာပုံမှန်ကုန်သွယ်ခွင့်ရသည်မှာ လငါးခန့်သာရှိသေးပြီး ယင်းကာလတွင်လည်း ကိုဗစ်ကပ်ပိုးတွေ့သောကြောင့် ဖေဖော်ဝါရီလတွင်တစ်ကြိမ်၊ ဧပြီလတွင်တစ်ကြိမ် မတ်လတွင်တစ်ကြိမ် သုံးကြိမ်အထိ ပိတ်လိုက် ဖွင့်လိုက်ပြုလုပ်နေသောကြောင့် ကုန်ကားပိုင်ရှင်များဘက်က ယင်းအခွန်ခြောက်သိန်းပေးဆောင်ရန်ခက်ခဲနေခြင်းဖြစ်ကြောင်းသိရသည်။

လတ်တလောတွင် လွယ်ဂျယ်လမ်းပိုင်း၌ ပြေးဆွဲနေသည့် ကုန်ကား အစီးငါးရာကျော်ရှိပြီး ယင်းဘီးခွန် မပေးဆောင်နိုင်သောကြောင့် ထက်ဝန်ခန့် ကားရပ်နားထားကြောင်းလည်းကုန်ကားပိုင်ရှင်းများက ပြောသည်။

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်သည် ကချင်ပြည်နယ်အတွင်းရှိ တရားဝင်နယ်စပ် ဂိတ်သုံးခုအနက် တစ်ခုဖြစ်ပြီး လွန်ခဲ့သည့် ၂၀၂၁ ခုနှစ် ဇူလိုင်လတွင်ကိုဗစ်ကြောင့်တရုတ်အစိုးရဘက်ကယာယီပတ်ထားခဲ့ရာ ၂၀၂၂ ဇန်နဝါရီ လမှပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။

Show More

Related Articles

Back to top button