သတင်းသတင်းဆောင်းပါး

သယံဇာတ တူးဖော်မှုဟာ အနာဂတ် လူသားတွေရှင်သန်ဖို့ ခက်ခဲလာနိုင်ပြီး ကချင်ဒဏ္ဍာရီပုံပြင်တွေလည်း ပျောက်ကွယ် သွား​စေနိုင်

စစ်တပ်က အာဏာသိမ်းပြီးနောက် ကချင်စီးပွားရေးမှာဂေဟစနစ် နဲ့ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေတဲ့ မြစ်များကို ပျက်စီးစေတဲ့ ရာသီဥတုဆိုင်ရာကို ခြိမ်းခြောက်မဲ့ ရွှေတူးဖော်တဲ့ အကြီးစားလုပ်ငန်းကြီးတွေကို ပူတာအိုခရိုင် မချမ်းဘော်မြို့နယ် နမ်းထီးချောင်းနှင့် မေခမြစ်နဲ့ မလိခမြစ်အထက်ပိုင်း  မြစ်ဆုံ နှင့်ဧရာဝတီမြစ်အရှေ့ဘက် ကမ်းတွေမှာ စက်အကြီးစားများဖြင့် ရွှေတူးဖော်နေကြတာကိုတွေ့ရပါတယ်။

မညီမျှတဲ့ စီးပွားရေး၊ မညီမျှတဲ့ အာဏာခွဲဝေမှုကြောင့် ဖြစ်တည်လာတဲ့ အစပျိုးလာတဲ့ တူးဖော်မှုဟာ နောင်အနာဂတ်မှာ လူသားတွေအတွက် ကြီးမားတဲ့ အသက်သေဆုံးမှု သဘာဝပတ်ဝန်းကျင်ပျက်စီးမှု ရာသီဥတု ပြောင်းလဲမှု လူသားတွေရဲ့ အသက်ရှင်နေထိုင်ရေးမှာ ဝမ်းနည်းစရာသမိုင်းအဖြစ် ကြုံရမှာကို စိုးရိမ်နေပါတယ်။

သဘာဝနှင့် လိုက်လျော်ညီထွေ တည်ဆောက်ထားတဲ့ ဂေဟစနစ်တွေ ပျက်စီးလာတဲ့အခါ ရေအရင်းမြစ်များ ရာသီဥတု ပြောင်းလဲခြင်း ကမ္ဘာ့အပူချိန်များ မြင့်တက်လာခြင်းတို့ကြောင့် လူသားတွေရဲ့ နေထိုင်မှုဟာ အနာဂတ်မှာ ခက်ခဲလာနိုင်တာကို သတိပြုသင့်ပါတယ်။

မြစ်ဆုံက သယံဇာတတွေ အကုန်တူးဖော်လိုက်ပြီဆိုရင် ကချင်ပြည်သူတွေ ရှင်သန်နေထိုင်ရေးအတွက် စိုးရိမ်စရာရှိလာပါတယ်။

“လာမဲ့ အနာဂတ်မှာတော့ ဒုက္ခလေးကတော့ ကြုံတွေ့ရမှာမြေကြီးလက်ခတ်မလွဲဘဲ။ မြန်မာနိုင်ငံက ငလျှင်ကြောက မြစ်ဆုံဆီကို တက်လာတာ ဟုတ်တယ်။ ဟိမဝန္ဒာတောင်တန်းထိ ဟုတ်တယ်။ ငလျှင်လှုပ်ရင် ကျနော်တို့ ကချင်ပြည်နယ် က မြေကြီးအောက် ရောက်သွားနိုင်ပါတယ်။ မြေကြီးထဲ မှာ သယံဇာတမရှိတော့ဘူးဆိုရင် အပေါ်ကမြေကြီးတွေက ပေါ့ပေါ့လေးဖြစ်ပြီးဆိုရင် မြေကြီးအောက်ရောက်သွားမယ်။ ကျောက်ခဲကြောတွေရှိတယ်။ မြေကြီးအောက်မှာ မြေကြောတွေရှိတယ်။ ဒီဟာတွေကြားမှာ ရွှေကျောက်စိမ်း သယံဇာတတွေ ရှိတယ်။ လူသားတွေ အသက်ရှင် နေနိုင်တာက အဲ့တာတွေလည်း ပါတယ်။ သစ်ပင်ဝါးပင်တွေ သယံဇာတာတွေနဲ့ လိုက်လျော်ညီထွေစွာ နဲ့အသက်ရှင်တယ်။ မြေကြီးအောက်မှာ ဘာမှမရှိတော့ဘူးဆိုရင် ငလျှင်နည်းနည်း လှုပ်တာနဲ့ ကျနော်တို့ ကချင်ပြည် ဟာ မြေကြီးအောက်ရောက်သွားနိုင်တယ်” ဟု သဘာဝပတ်ဝန်းကျင် ပညာရှင် သိက္ခာတော်ရ Rev. Lachyung Hkawng Hong က ပြော ပါတယ်။

ကမ္ဘာ့ ရာသီဥတုပြောင်းလဲမှုဟာ ကောက်ပဲသီးနှံ အထွက်နှုန်းကို လျော့ကျစေရုံမျှမက ပဲထွက်သမျှလေးရဲ့ အာဟာရပါဝင်မှုတွေကိုလည်း လျှော့ကျစေတယ်လို့ သဘာဝပတ်ဝန်းကျင် ပါရဂူဒေါက်တာမြင့်ဇော်က ကပ်ဘေးလွန် ကမ္ဘာ့ရဲ့အလွမ်းဇတ်များဆိုတဲ့သူရဲ့ စာအုပ်မှာ လူသားများအတွက် သတိပေးရေးသားတင်ပြထားပါတယ်။

သယံဇာတ အလွန်အကျွံတူးဖော်တာဟာ လူသားတွေအတွက် သဘာဝပတ်ဝန်းကျင်အတွက် ကမ္ဘာ့ရာသီဥတုအတွက် ဆုံးရှုံနစ်နာစရာတွေ ဖြစ်လာနိုင်ပါတယ်။ မြစ်ဆုံ ဧရာဝတီမြစ်ကမ်းဘေး ရွှေတူးဖော်နေတာတွေဟာ တစ်ချိန်မှာ ဒါတွေ မဖြစ်လာနိုင်ဘူးလို့ အာမခံလို့မရပါဘူး။ အနာဂတ်မှာ လူသားတွေဘဲ ဒုက္ခရောက်ရမှာဖြစ်ပါတယ်။

ရွှေတူးဖော်ဖို့ သစ်ပင်တွေ ခုတ်လဲလိုက်တာဟာ တောပြုန်းတဲ့ အရာဖြစ်ပြီး စက်ယန္ဒယား နဲ့ တူးဖော်ရတာကြောင့် လောင်စာဆီတွေလည်း များစွာ ထုတ်သုံးရပါတယ်။ စက်များထံမ ှထွက်ပေါ်လာတဲ့ အခိုးအငွေ့တွေဟာလည်း ကမ္ဘာကြီးအတွက် အဆိပ်အတောက်ဖြစ်ပေါ်စေပါတယ်။ သဘာဝတရား ဂေဟစနစ်တွေလည်း ပုံမှန် လိုက်လျော်ညီထွေ တည်ဆောက်ဖို့ ခက်ခဲသွားပါတယ်။ ဒီအရာတွေက လူသားများဆီ အမျိုးမျိုးသော ဝေဒနာတွေ ထိခိုက်ခံစားရအောင် လုပ်နိုင်စွမ်းရှိနေပါတယ်။ ဒါကိုရပ်တန့်ဖို့ ကောင်းမွန်တဲ့အစိုးရလိုအပ်နေပါတယ်။

“ထိုမြစ်နစ်မြွာပေါင်းစုံတဲ့နေရာက ကျန်းမာတဲ့ငါးကိုဖြစ်ထွန်းစေတယ်။ အခုလိုထိုနေရာမှာ ရွှေတူးလိုက်တဲ့အခါ ငါးတွေကို ဒက်မစ်ဖြစ်စေတယ်။ ရေနဲ့ရေနေသတ္တဝါတွေကို ပျက်စီးဆုံးရှုံးစေတယ်။ ပြဒါးတွေကို သေချာစည်းစနစ်နဲ့ မထိန်းသိမ်းလျှင် ဒက်မစ်ဖြစ်စေနိုင်တယ်။ မြစ်နှစ်မြွာပေါင်းတဲ့ နေရာ တွေကို သတ္တုတွင်းတူးလိုက်တဲ့အခါ ရူပအသွင်အပြင် မြေပုံစံပြောင်းသွားနိုင်တယ်။ မြစ်သုံးမြွာဖြစ်သွားနိုင်တယ်။ အဲ့ဒီဒေသမှာရှိတဲ့ နုန်းတင်မြေနုပိုင်းတွေကို ရူပဗေဒဖောင်တွေကို ပြောင်းလဲသွားနိုင်တယ်။ ထိုသို့ လုပ်လိုက်တဲ့အတွက်ကြောင့် မြေဆီလွှာ သယ်ယူခြင်းဒေသခံတွေအသုံးပြုတဲ့ မြေတွေကို ပြောင်းလဲသွားစေနိုင်တယ်။ ကမ္ဘာ့ရာသီဥတုကို တိုက်ရိုက် မဆက်သွယ်ပေမဲ့ လေထုလာထိမယ်။ စက်နေထွက်လာတဲ့ကာဗွန်မိုနှောက်ဆိုက် တွေက အဲ့ဒေသမှာရှိတဲ့ ဂေဟစနစ်တွေကို မြစ်ဆုံဒေသရဲ့ရာသီဥတုကို သိသိသာသာပြောင်းလဲစေနိုင်တယ်” ဟု မြစ်ဆုံ၌ ရွှေတူးဖေါ်မှုနဲ့ ပတ်သက်ပြီး ကချင်သဘာဝပတ်ဝန်းကျင်ပညာရှင် Share La က ပြောပါတယ်။

ကမ္ဘာ့အပူချိန်များ မြင့်တက်လာခြင်းကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများကို အခြားနိုင်ငံများနှင့်စာလျှင် မြန်မာနိုင်ငံ  ပိုမိုတွေ့ကြုံလာရမည် ဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာပြီး ကမ်းရိုးတန်းဒေသများ ရေလွှမ်းမိုး ခံရမယ်။ ရာသီဥတု ပြင်းထန်ခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ရေကြီးခြင်း (၂၀၁၅ ခုနှစ်တုန်းကကဲ့သို့) နှင့် ဆိုင်ကလုန်း မုန်တိုင်းများ (နာဂစ်မုန်တိုင်းကဲ့သို့) လည်း မကြာခဏဖြစ်ပွားလာမယ်။ မုတ်သုန်မိုးသည် ခန့်မှန်းမရအောင် ဖြစ်ပြီး စိုက်ပျိုးရေးအတွက် များစွာ အခက်တွေ့စေမယ်ဆိုပြီးဒေါက်တာသန်းမြင့်ဦးကဝက်ဆိုက်ဘလော့မှာ သူ့အမြင်ကို အနာဂတ်အတွက် ပြည်သူတွေကို ရေးသားကာသတိပေးထားပါတယ်။

မြစ်ဆုံအထက်ပိုင်း မလိခ အင်မိုင်ခ ဝိုင်းမော်မြို့ထဲက ဧရာဝတီမြစ်ကမ်းဘေးမှာ အကြီးစား စက်များဖြင့်အသုံးပြုကာ ရွှေတူးဖော်တာဟာ လူတွေရဲ့ဘဝထဲကို တိုက်ရိုက်ဆိုးကျိုးတွေထိခိုက်ခံစားစေတာကို ဖန်တီးပေးပါတယ်။

ရေနေသတ္တဝါတွေဆီလည်းဆိုးကျိုးဖြစ်စေပါတယ်။ သစ်ပင်တွေ ခုတ်ထွင်းပြီး စက်တွေဟာလည်း လောင်စာဆီ များ လွန်စွာအသုံးပြုမောင်းနှင်းပြီးတူးဖော်ရသောကြောင့် ကာဗွန်ဒိုင်အောက်ဆိုက်တွေ အများအပြား ထုတ်လုပ်သောကြောင့် သဘာဝအပေါ်လူသားအပေါ် ထိခိုက်မှုတွေ လိုက်လျောညီထွေမှုတွေ မှာ သဟဇာတ မညီမျှမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

ဒီကမ္ဘာမြေပေါ် လူသားတွေနေထိုင်မှုဟာ နောင်တချိန် မှာ အန္တာရယ်ဖြစ်လာနိုင်ပါတယ်။ သယံဇာတတူးဖော်မှုကြောင့် ရရှိလာမဲ့ဆိုးကျိုးတွေကိုသဘာဝပတ်ဝန်းကျင် ပညာရှင်တွေက အခုလိုထောက်ပြပါတယ်။

၂၀ရာစု တစ်လျှောက် လူတွေရဲ့ ပျမ်းမျှအိုက်ကျူ မြင့်တက်လာရာကနေ ၂၀ ရာစုနှောင်းပိုင်း မကြာသေးခင်က ကာလတွေမှာ ဉာဏ်ရည်ကျလာခဲ့တာပဲဖြစ်ပါတယ်။ ခဲနဲ့အခြားသတ္တုအဆိပ်အတောက်တွေ၊ ဓာတုပစ္စည်းတွေ များတဲ့ ပတ်ဝန်းကျင်မှာနေကြရတဲ့အခါ ဉာဏ်ရည်ဉာဏ်သွေးထိခိုက်ပါတယ်။ ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ ရာသီဥတု ပြောင်းလဲမှုဟာ ဉာဏ်ရည်ဖွံ့ဖြိုးမှု အပေါ်အကျိုးသက်ရောက်နေတာကို အတည်ပြုကြပါတယ်။ သဘာဝပတ်ဝန်းကျင်ပါရဂူဒေါက်တာမြင့်ဇော်က ကပ်ဘေးလွန်ကမ္ဘာ့ရဲ့အလွမ်းဇတ်များဆိုတဲ့သူရဲ့ စာအုပ်မှာ ရေးသားတင်ပြထားပါတယ်။

ထိုသို့ စက်အကြီးစားများဖြင့် တူးဖော်ရာတွင် မြစ်ကမ်းဘေးက တောင်သူများ၏ လယ်ယာများ ၊စိုက်ခင်းများ၊ သီးနှံခြံများ ထိကျူးကျော်ကာ အာဏာရှိသူများနှင့် ပူးပေါင်းထားတဲ့ ရွှေလုပ်ငန်းရှင်များက တူးဖော်နေကြကြောင်း သိရပါတယ်။

ဒေသခံများမှာ ဘာမှဝင်ရောက်ပြောဆိုပိုင်ခွင့်မရှိဘဲ တောင်သူများ၏အခွင့်အရေးများ ဆုံးရှုံးနစ်နာနေရပါတယ်။ မြစ်ကမ်းတလျှောက် တူးဖော်ကြသောကြောင့် ကမ်းပါးများလည်း ပျက်စီးသွားခဲ့ရပြီး ရေကြီးနိုင်တဲ့အခြေအနေ ၊သဘာဝဘေးအန္တာရယ်နဲ့လည်း ရင်ဆိုင်နေရပါတယ်။

ရွှေတူးဖော်တဲ့ အချိန်အသုံးပြုတဲ့ စက်ဆီမှ ထွက်လာတဲ့အသုံးမပြုတော့တဲ့ စွန့်ပစ်ဆီတွေဟာ လည်း ဧရာဝတီမြစ်ထဲက ရေနေသတ္တဝါတွေကို မျိုးတုန်းစေနိုင်သောအန္တာရယ်ရှိပါတယ်။ ရွှေတူးဖော်တဲ့အခါ နောက်ဆုံးအဆင့်အသုံးပြုတဲ့ ပြဒါးတွေလည်း ရေနေသတ္တဝါတွေကို မျိုးတုန်ပျောက်ကွယ်စေနိုင်သော အန္တာရယ်ရှိပါတယ်။

အခုဆိုရင် ဧရာဝတီမြစ်မှာ တချို့သောငါးတွေမျိုးတုန်လုနီးပါး ပျောက်ကွယ်သွားဖို့ရှိနေပါတယ်။ ငါးမျိုးစိတ်ကတော့ ငါးလုန်း ငါးမျိုးပဲဖြစ်ပါတယ်။

“ဒေသခံတစ်ဦးအနေနဲ့ပြောပြရမယ်ဆို ရွှေတူးဖော်မှုကိစ္စနဲ့ပက်သက်ပြီး မြေယာအငြင်းပွား မှု တစ်ခုကြောင့် ကျွန်မရွာကို အရင်အပတ်ရောက်ဖြစ်တယ် ရောက်သွားတဲ့မြင်းကွင်းကိုကြည့်ပြီး တော်တော် စိတ်မကောင်း ဖြစ်သွားတယ်” ဟု မြစ်ဆုံဒေသခံ ဒေါ်ခေါန်မိုင်ကပြောပါတယ်။

သဘာဝပတ်ဝန်းပျင်ထိခိုက်ရုံမျှမကဘဲ ဒေသခံများ၏မြေယာများပါ ဆုံးရှုံးနစ်နာနေရပါတယ်။ အာဏာသိမ်းပြီးနောက် ၅လပိုင်းမှစတင်ပြီး မြစ်ဆုံတွင် ရွှေအကြီးစားတူးဖော်ဖို့ စတင်လာကြပါတယ်။ တချို့ရွာသူရွာသားများ၏ မြေယာများကိုလည်း ဥပဒေမဲ့ကျူးကျော်ကာ ဝင်ရောင်တူးဖော်ကြပါတယ်။ ယခုအခါ ဧက ၁၀၀ ကျော် တူးဖော်ထားပြီးဖြစ်ကြောင်း သိရပါတယ်။

အာဏာလက်စားမှု ဥပဒေ စိုးမိုးမှု သယံဇာတ ရွှေတူးဖော်တဲ့ လုပ်ငန်းလိုင်စင်တွေနောက်မှာ လုပ်ကွက် ပေးဝေတဲ့နေရာမှာ ဥပဒေနဲ့မညီတာတွေ လဒ်စားတွေ ရှိနိုင်ပါတယ်။ စစ်ကောင်စီအုပ်ချုပ်တဲ့အချိန်ဆိုတော့ ပိုမိုပြီးတော့ ဒီအရာတွေက ဖြစ်လာနိုင်ပါတယ်။ အရင်လိုလွတ်တော်ထိန်းကျောင်းမှု ပျောက်ကွယ်သွား​တော့ ပိုပြီး ရှေ့လျှောက်လည်း နေရာအနှံ့အပြားဖြစ်လာနိုင်ပါတယ်။

ပြည်သူလူထုမှာ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး အသိပညာ သိရှိမှုအရမ်းနည်းနေပါတယ်။ လူထုထဲကို အသိပညာရရှိအောင် ကျေးရွာအလိုက်ရပ်ကွက်အလိုက် ရေဒီယိုအသံတွေက ဆိုရှယ်မီဒီယာ စာသင်ကျောင်းတွေမှာ အဓိကထား သင်ကြားပေးရပါမယ်။ တက္ကသိုလ်တွေမှာ ဘာသာရပ်တခုအနေနဲ့ သင်ကြားပြသပေးရပါမယ်။

အသင်းတော်အသီးသီးကနေလည်း အသိပညာပြန့်ပွားအောင် ဝိုင်းဝန်းလုပ်ဆောင်ပေးရပါမယ်။ ဒီအသင်းတော်တွေ ကနေလည်း ကာကွယ်မှုတွေတည်ဆောက်ရပါမယ်။ သဘာဝပတ်ဝန်းကျင် ဟာ နိုင်ငံရဲ့ကောင်းမွန်တဲ့စီးပွားရေး ကောင်းမွန်နဲ့လည်းသက်ဆိုင်နေပါတယ်။

အစိုးရကနေလည်း မူဝါဒကောင်းကောင်းနဲ့ ဦးဆောင်လမ်းပြရပါမယ်။ ကချင်ပြည်က ဧရာဝတီမြစ်၌ ဖားကန့်ဒေသ၌ ပူတာအိုတွင် သယံဇာတ တူးဖော်တာတွေ သဘာဝပတ်ဝန်းကျင် ပျက်စီးတာတွေ အမြန်ဆုံးပပျောက်ဖို့ အာဏာရှင်စနစ်ကို အမြန်ဖျက်ရပါမယ်။ ဖက်ဒရယ်ပြည်ထောင်စု သာ မတည်ဆောက်နိုင်ရင် သဘာဝပတ်ဝန်းကျင် ၊ရာသီဥတုပြောင်းလဲခြင်းများ လူသားတွေဆီထိခိုက်တဲ့ သဘာဝလွန်ဖြစ်ရပ်များ ဟာ ဝါးမြိုသွားလိမ့်မယ်။

ကချင်ပြည်က သယံဇာတ အမြန်မကုန်ခင် မပျက်စီးခင် ဧရာဝတီကြီး ထာဝရစီးဆင်းဖို့ ဒီတော်လှန်ရေး အောင်မြင်ဖို့ နည်းလမ်းပေါင်းစုံဖြင့် ပြည်သူတွေ စိတ်တူကိုယ်တူ ဝိညာဉ်တွေ ပေါင်းစည်းလျှက် အနာဂတ်မှာ ဖက်ဒရယ်နိုင်ငံကို တည်ဆောက်ဖို့ ယုံကြည်ကြမယ်။

မြစ်ဆုံဟာ ဒဏ္ဍရီလာပုံပြင်တွေရှိတဲ့နေရာ ကချင်တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ သမိုင်းအမွေအနှစ် အမှတ်အသားတွေ တည်ရှိတဲ့ မြစ်နှစ်မြွာပေါင်းစုံနေရာ ဖြစ်ပါတယ်။ ဒါလို ကချင်တစ်မျိုးသားလုံးနဲ့သက်ဆိုင်တဲ့ ကချင်လူမျိုးတွေရဲ့ကာချာမှာ ရှိနေတဲ့ ကချင်လူမျိုးတိုင်းရဲ့ဖြစ်တည်ရာ ဒဏ္ဍရီပုံပြင်တွေ ရှိတဲ့အမွေအနှစ်ကို ထိန်းသိမ်းကာကွယ်ဖို့ အစိုးရ ကချင်လူမျိုးတိုင်းမှာ တာဝန်ရှိပါတယ်။ သမိုင်းဝင်ပုံပြင်တွေ လူမျိုးတမျိုးရဲ့ အစိတ်အပိုင်းတစ်ခုထဲမှာပါဝင်နေတဲ့ မြစ်ဆုံကို ရွှေတွေနဲ့ မဖုံးဖိလိုက်ပါနဲ့ အဲ့နေရာပျက်စီးသွားရင် ကချင်ဒဏ္ဍရီလာသမိုင်းပုံပြင်တွေလည်း ပျက်စီးပျောက်ကွယ်တော့လိမ့်မယ်။

အာဘရာဟမ်

Show More

Related Articles

Back to top button