မန်ခိန် အ.ထ.က ကျောင်းတွင် ဆိုင်ကယ်ခိုးမှု မကြာခဏကြုံတွေ့နေရ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်ရှိ အထက်တန်းကျောင်းတွင် ပြီးခဲ့သည့် ဇွန်လ တစ်လအတွင်း ဆိုင်ကယ် ၄စီး အခိုးခံလိုက်ရကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။

လက်ရှိ ကျောင်းတက်နေသည့် ဆရာ/ဆရာမများနှင့် ကျောင်းသားမိဘများ၏ ဆိုင်ကယ်များဖြစ်ပြီး နှစ်ပတ်ခြားတစ်ကြိမ်ခန့် ပုံမှန် ခိုးမှုဖြစ်ပွားနေသည်ဟု အမည်မဖော်လိုသူ ဒေသခံကဆိုသည်။

“ဆိုင်ကယ်က နှစ်ပတ်ခြားတစ်ခါလောက်ကိုပျောက်နေတာ။ ပျောက်တာကလည်းအသစ်တွေကြီးပဲ။ ကျောင်းစစအပ်တဲ့အချိန်မှာအချိန်မှာ ပထမဆုံးပျောက်တာ နောက် ကျောင်းဆောင်မီးရှို့ ခံရပြီးနောက်တစ်စီးထပ်ပျောက်တယ်ကြားတယ်။ လကုန်ခါနီးကို နှစ်စီးပျောက်သေးတယ်လို့ကြားတယ်”ဟုပြောပြသည်။

အခုလို ဆိုင်ကယ်အခိုးခံရမူများကြောင့် လာမည့်အပတ်မှစတင်ပြီး ကျောင်းသားမိဘများနှင့်အပြင်လူများကို ကျောင်းတွင်းသို့ ပေးမဝင်တော့ကြောင်း ကျောင်းနှင့် နီးစပ်သူဒေသခံတစ်ဦးထံမှ သိရှိရသည်။

မန်ခိန်ရပ်ကွက်တွင် မေလနှင့် ဇွန်လအတွင်း ဆိုင်ကယ် ၁၀စီး ထက်မနည်းနှင့်သုံးဘီးတစ်စီး အခိုးခံခဲ့ရကြောင်း ဒေသခံများမှတစ်ဆင့်သိရှိရသည်။

Show More
Back to top button