သတင်း

နန့်စီးအောင် စစ်ဆေးရေးဂိတ်တွင် လူငယ်နှစ်ဦးကို PDF ဟု စွပ်စွဲကာ စစ်ကောင်စီ မှ ဖမ်းဆီးထား

ကချင်ပြည်နယ် အဝင်ပေါက် နန့်စီးအောင် စစ်ဆေးရေးဂိတ်တွင် ဗန်းမောက်ဘက်မှ တက်လာသည့် လူငယ်နှစ်ဦးကို PDF ဟု စွပ်စွဲကာ စစ်ကောင်စီတပ်မှ ဖမ်းဆီးကာ ရိုက်နှက်စစ်ဆေးနေသည်ဟု သိရသည်။

ယနေ့နံနက်ပိုင်း ၁၁နာရီဝန်းကျင်တွင် ဗန်းမောက်မှ မြစ်ကြီးနားဘက်သို့တက်လာသည့် အသက် ၂၀ ကျော်အရွယ် ရှမ်းနီလူငယ်တစ်ဦးနှင့် ကတူး လူငယ်တစ်ဦးတို့ကို နန့်စီးအောင် စစ်ဆေးရေးဂိတ်၌ စစ်ကောင်စီ ရဲနဲ့ စစ်သားများ မှ PDF ဟု စွပ်စွဲကာ ဖမ်းဆီးထား ကြောင်း အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး KNG သတင်းဌာနကိုပြောသည်။

“ဒီနေ့ မနက် ၁၁ နာရီလောက်မှာ ဖမ်းခံလိုက်ရတာ သူတိူ့စစ်ဆေးပြီးမှ မသက်ာလို့နေမှာ ဖမ်းထားတာ အခုအဲ့ဒီဂိတ်က ကင်းစခန်းတဲထဲမှာ ဆရဖ တွေ ၊ ရဲတွေက စစ်သားတွေက ရိုက်ပြီးမှစစ်မေးနေတယ်တဲ့ ဆိုင်ကယ်နှစ်စီးနဲ့တက်လာတာ သူတို့မှာဘာပစ္စည်းမှ ဘာလက်နက်မှမပါဘူး အဲ့တာကို PDF ဆိုပြီးဖမ်းသွားတယ်။ မနက်ကနေ ဖမ်းတာခုထိ ရိုက်နှက်နေတုန်းတဲ့”ဟုပြောဆိုသည်။

လူငယ်နှစ်ဦး၏ လက်ကိုင်ဖုန်း၊ ဆိုင်ကယ်ကိုလည်း စစ်ကောင်စီက သိမ်းဆည်းထားပြီး မည်သည့်အချက်ကြောင့် PDF ဟု စွပ်စွဲဖမ်းဆီးထားသည်ကိုမသိရသေးကြောင်းနှင့် ယင်းလူငယ်နှစ်ဦး၏ အမည်ကိုလည်း စုံစမ်းအတည်ပြုနေဆဲ ဖြစ်ကြောင်း အင်းတော် PDF မှ သိရသည်။

အလားတူ နန့်စီးအောင်စစ်ဆေးရေးဂိတ်တွင် စစ်ကိုင်းတိုင်းမှဘက်မှလာသည့် နိုင်ငံသား စိစစ်ရေးကဒ် ၅/ ကိုင်ဆောင်ထားပါက တင်းကြပ်စွာ စစ်ဆေးလျက်ရှိပြီး မသင်္ကာပါက ယခုကဲ့သို့ ဖမ်းဆီးမေးမြန်းမှုများ ရှိကြောင်း သိရသည်။

Show More

Related Articles

Back to top button