သတင်းသတင်းဆောင်းပါး

လူမျိုးတုန်း ဗိုင်းရပ်စ်

တောတောင်တွေ စိမ်းလန်းပြီး ချမ်းအေးလှတဲ့ ရေခဲတောင်တွေကာရံထားတဲ့ ပူတာအိုမြို့လေးမှာ ပူလောင်မှုတွေ ပြည့်နေတဲ့ ဘဝတွေကို ထိတွေ့ခံစားရတော့မယ်။ ထိုပူလောင်မှုတွေဟာ   တောင်ပေါမြို့လေးထဲက လူငယ်တွေရဲ့ ဘဝဆီကို ဗိုင်းရပ်စ်တစ်ခုအဖြစ် တိတ်တဆိတ်ဝင်ရောက်လာခဲ့တာဘဲဖြစ်ပါတယ်။ တချို့ကတော့ မိသားစုဆီက ၊သူငယ်ချင်းဆီက၊ အေးမြပြီး နေချင်စရာကောင်းတဲ့ တောင်ပေါ်မြို့လေးကို ထာဝရ နှုတ်ဆက် ထွက်သွားတဲ့သူတွေလည်း ရှိပါတယ်။

ကျန်ခဲ့သူတွေသာပူလောင်မှုတွေနဲ့ ဘဝကိုခရီးနှင်နေရတယ်။ အလွန်ကြောက်စရာကောင်းတဲ့ ဗိုင်းရပ်စစ်ဟာ ထိုဒေသမှာရောက်နေပြီး လူငယ်တွေရဲ့ဘဝတွေကိုဖျက်ဆီးနေတဲ့ အရာကတော့ ကြောက်စရာအလွန်ကောင်းတဲ့ လူသားတွေကိုခုခံအားကျဆင်းမှု ဖြစ်စေသော HIV ပိုး ဖြစ်ပါတယ်။

လူမျိုးတုန်းဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ် လူမှုအသိုင်းအဝိုင်းမှာ မူဝါဒကောင်းကောင်းနဲ့ အချိန်မှီ မထိန်းသိမ်းနိုင်ရင် လူငယ်တွေကြား ပိုမိုပျံ့နှံ့ဖို့တွန်းအားဖြစ်လာနိုင်ပါတယ်။ ခုခံအားကျဆင်းမှုကို ဖြစ်စေသောHIV ပိုးရောဂါ လူငယ်တွေကြားကြီးထွားဇတ်မြစ်တည်လာတဲ့ အကြောင်းမှာ လူငယ်တွေ မူးယစ်ဆေးဝါး အလွန်ကျွံသုံးစွဲ အသုံပြုရာကနေ စတင်မွေးဖွားလာတာပဲဖြစ်ပါတယ်။

ဘိန်းဖြူကိုသွေးကြောထဲ ဆေးထိုးအပ်နဲ့ ထိုးသွင်းအသုံးပြုရပါတယ်။ သွေးကြောထဲတခါ အသုံးပြုပြီးသား ဆေးထိုးအပ်ကို သူငယ်ချင်းတယောက်ပြန်လည်အသုံးပြုပြီး ဆေးထိုးအပ်မျှဝေသုံးစွဲသောကြောင့် ပိုးဟာ ကူးစက်သွားပါတော့တယ်။ ပိုးရှိတဲ့သူနဲ့ဆေးထိုးအပ်အတူမျှဝေ သုံးစွဲခြင်းကနေ ဗိုင်းရပ်စ်ပိုးကို ကူးဆက်စေပါတယ်။

“ပူတာအိုမှာ ဘာကြောင့်HIV ဖြစ်သလဲဆိုရင် မူးယစ်ဆေးသုံးတဲ့လူငယ်တွေက သွေးကြောထဲထိုးသွင်းတဲ့ ဆေးထိုးအပ်တစ်ခုတည်းကိုပဲ အချင်းချင်းမျှဝေသုံးစွဲကြတာကြောင့် ဒီပိုးရှိလာတဲ့လူငယ်တွေများလာတယ် မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေ များလာတာကြောင့်ဖြစ်တယ်” ဟု ပူတာအိုဒေသရှိ HIV ကာကွယ်ရေး စီမံကိန်းကို လပ်ဆောင်နေတဲ့ NGO တစ်ခုမှ ခေါင်းဆောင် ဆရာဝန် တစ်ဦး ကပြောပါတယ်။

လူငယ်တွေကြား ထိုဗိုင်းရပ်စ် ထိတွေ့ဆက်ဆံလာတဲ့အခြေအနေမှာ မူးယစ်ဆေးဝါးကို ထိုဒေသမှာ လူငယ်တွေကြား သုံးစွဲမှု များပြားလာတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ စနစ်တကျသုံးစွဲမှုမရှိ ကျန်းမာရေးစည်းမျဉ်းစည်းကမ်းနဲ့ မညီညွတ်ဘဲ သုံးစွဲမှုများပြားလာသောကြောင့်ဖြစ်ပါတယ်။  ဗိုင်းရပ်စ်ကိုထိန်းချုပ်ဖို့ခြေခံအကျဆုံးအလွယ်ကူဆုံးမှာ ဆေးထိုးအပ်တွေကို မျှဝေသုံးစွဲဖို့ တားမြစ်ပညာပေးမှုတွေစနစ်တကျကိုလူငယ်တွေကြားမှာလုပ်ရပါမယ်။

ပူတာအိုဒေသမှာဖြစ်ပေါ်နေတဲ့ HIV ဗိုင်းရပ်စ်ကို ကာကွယ်တားဆီးဖို့ အဖွဲ့အစည်းအသီးသီးကနေ ကာကွယ်ဆောင်ရွက်ဖို့ လိုအပ်နေပါတယ်။ ကျန်းမာရေးအဖွဲ့အစည်း၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့အစည်း၊ အသင်းတော်ပေါင်းစုံ၊ အန်ဂျီအို များ အရှိန်အဟုန်မြင့်ပြီး ထိန်းချုပ်ဖို့ အရေးကြီးလိုအပ်နေပါပြီ။

HIV ပိုးရှိတဲ့ လူနာတွေကိုလည်း ကာကွယ်ဆေးများ ရရှိအောင် ဆေးနှင့်အကျွမ်းတဝင် သုံးစွဲတက်လာအောင် ကျန်းမာရေးအဖွဲ့အစည်းများအနေနဲ့ အရှိန်အဟုန်မြင့် လုပ်ဆောင်ရပါမယ်။ စိတ်ကျန်းမာရေးများ ကုသခြင်းများ၊ လူမှုဘဝတွင် ယုံကြည်မှုနှင့်ဆက်ပြီးတော့ ရှင်သန်လှုပ်ရှားနေနိုင်အောင် ကူညီဆောင်ရွက်သင့်ပါတယ်။ ကောင်မွန်တဲ့စည်းရုံးမှုတွေ လုပ်ဆောင်ရပါမယ်။ ဒါဟာလည်း ဗိုင်းရပ်စ်ပိုးကို ကာကွယ်ထိန်းချုပ်ဖို့ အရေးအကြီးဆုံး လုပ်ငန်းစဉ်တစ်ခုပဲဖြစ်ပါတယ်။ လူမှုအသိုင်းအဝိုင်းထဲမှာ ရှင်သန်နေထိုင်နိုင်အောင် နည်းလမ်းမျိုးစုံနဲ့ ကူညီဆောင်ရွက်နိုင်ရင် အလွန်ကောင်းပါတယ်။

ပူတာအိုဒေသမှာ အာဏာသိမ်းပြီးနောက်ပိုင်း လူငယ်တွေကြား မူးယစ်ဆေးဝါး သုံးစွဲမှု မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။ လူငယ်တွေထံရောက်ရှိမှု ပို လွယ်ကူလာကြောင်းသိရပါတယ်။ ပူတာအိုဒေသတွင် ရွှေတူးဖော်တဲ့ကုမ္မဏီများ များပြားလာပြီး ထိုကုမ္မဏီများနှင့်အတူ မူးယစ်ဆေးများလည်း အတူတူ ဝင်ရောက်လာကြပါတယ်။ ရွှေမှော်များ စည်ကားလာပြီးနောက်ပိုင်း လူငယ်များမူးယစ်ဆေး အလျှင်အမြန်ရရှိလာပြီး သုံးစွဲမှု ယခင်ကထက်အထောက်အပံ့ဖြစ်စေလာပါတယ်။

တစ်ဖက်မှာလည်း အာဏာပိုင်များလည်း မူးယစ်ဆေးဝါးကိုထိန်းချုပ် ကာကွယ်မှုများတားဆီးမှုများ လုပ်ကိုင်ဆောင်ရွက်မှု လျော့နည်းသွားခဲ့ကြောင်းသိရပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးများပြားတာနဲ့အမျှ HIV ပိုး ကူးစက်မှုပြန်လည်မြင့်တက်လာတာကိုလူမှုအသိုင်းအဝိုင်းမှာ လူထုကြား၊ လူငယ်တွေကြားမှာ သတိပြုကာကွယ်သင့်ပါတယ်။

“ကျနော်တို့အနေနဲ့ မူးယစ်ဆေးဖျက်တဲ့ စင်တာတွေမှာ ငွေကြေးထောက်ပံ့တာတွေ အသိပညာပေးမျှဝေတာတွေ လူငယ်တွေကို အလုပ်ကိုင်အခွင့်အလမ်းများ နှင့်စီးပွားရေးလုပ်ဖို့ ငွေကြေးထောက်ပံ့တာတွေလုပ်နေတယ်” ဟု COC အသင်းတော်မှ ဆရာ Nangseng Sai Lin Aung က ပြောပါတယ်။

မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် ရရှိလာတဲ့ HIV ဗိုင်းရပ်စ်ပိုးဟာ မျိုးဆက်မျိုးပွားမှုမှာ ကြီးမားတဲ့ ထိရောက်မှုတွေ လာမဲ့အနာဂတ်မှာ ရှိလာနိုင်ပါတယ်။ ဒါဟာလူမျိုးတုန်းမှုဆီကို ရွေ့သွားနိုင်တဲ့ ချောက်ကမ်းပါးမှာ တည်ရှိနေတာနဲ့တူနေပါတယ်။

နိုင်ငံရေး မတည်ငြိမ်မှုကြားမှာ မူးယစ်ဆေးဝါးကြောင့် လူငယ်တွေရဲ့ဘဝ ပိုမိုပြီးဆိုးရွာ ပျောက်ကွယ်သွားစေနိုင်တဲ့ ကာလမှာ ရှိနေပါတယ်။ ဒီမုန်တိုင်းကို သတိကြီးကြီးထားပြီး ကျော်ဖြတ်ဖို့ စည်းလုံးရပါမယ်။

မျိုးဆက်ပွား ကျန်းမာရေးမှာလည်း အလွန်ကြီးမားတဲ့ အဟန့်အတားဖြစ်စေလာနိုင်ပါတယ်။ လိုအပ်တဲ့ ကာကွယ်ဆေးများကို အလွယ်တကူရရှိနိုင်အောင်၊ ကူညီထောက်ပံ့ခြင်း၊ ရပ်ကွက်တွေထဲ စည်းရုံးလှုံဆော်ခြင်း၊ အခြေခံအကျဆုံးဖြစ်တဲ့ မူးယစ်ဆေးဝါးမှာအသုံးပြုတဲ့ ဆေးထိုးအပ်တွေကိုလုံလောက်စွာ ရပ်ကွက်တိုင်းမှာ စီမံပေးထားခြင်း၊ မူးယစ်ဆေးအသုံးပြုသူများ အလွယ်တကူရရှိအောင်ထားရှိခြင်းတို့ဟာ လူမျိုးတုန်း အနာဂတ်ဆိုးမှ လွတ်မြောက်ဖို့အတွက် မျော်လင့်ချက်ပဲဖြစ်ပါတယ်။

အာဘရာဟမ်

Show More

Related Articles

Back to top button