Fact Checkသတင်း

စိတ်ဝင်စားဖွယ် သတင်းခေါင်းစဉ်ဖြင့် ဝင်ငွေရှာနေသည့် Youtube ချန်နယ်

“NUG ကို ပယ်ချပြီ တရားမဝင်ဘူးတဲ့ ကြေငြာပြီ” ဟု YouTube ပေါ်တွင် ကြည့်ရှုမှုများအောင် သတင်းခေါင်းစဉ်အမှားဖြင့် လုပ်ကြံဖန်တီး ပြုလုပ်ထားသော ဗီဒီယိုတစ်ပုဒ် ဖြန့်ဝေထားသည်ကို တွေ့ရသည်။

အဆိုပါ သတင်းခေါင်းစဉ်ဖြင့် အကြောင်းအရာကို ပရိတ်သတ် ၃ သောင်း ၅ ထောင်ကျော် (Subscribers 35.7K) ရှိသော “Yangon Time” အမည်ရှိသည့် Youtube Channel တွင် စက်တင်ဘာလ ၂၃ ရက်နေ့တွင် စတင်ဖြန့်ဝေခဲ့ပြီးနောက် လက်ရှိတွင် ကြည့်ရှုသူ ၁၇၀၀ ကျော်သွားပြီဖြစ်သည်။

ယခု သတင်းအမှား ဖြန့်ဝေခဲ့သော ချန်နယ်သည်တော်လှန်ရေးဆိုသည့် နာမည်မှ “Yangon Time” ဟု နာမည်ပြောင်းကာ သတင်းခေါင်းစဥ်အမှားများဖြင့် ဗီဒီယိုများ ပြုလုပ်ဖြန့်ဝေနေသည်ကို တွေ့ရသည်။

သတင်းခေါင်းစဉ်နှင့် ဗီဒီယိုပါ အကြောင်းအရာသည် တူညီမှုမရှိသည်ကိုလည်း တွေ့ရသည်။

ဗီဒီယိုထဲတွင် ဖော်ပြထားသောကြောင်းအရာမှာ “မြန်မာ့အရေးနှင့် ပတ်သက်ပြီး စက်တင်ဘာလ ၁၆ ရက်နေ့က တံခါးပိတ်အစည်းအဝေးမှာ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံ တွေဟာ ဗြတိန်နိုင်ငံကအဆိုပြုတဲ့ မြန်မာနိုင်ငံက အကြမ်းဖက်တိုက်ခိုက်မှုအားလုံးကို ရပ်တန့်ဖို့နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျင်းသား အားလုံးကို ပြန်လွတ်ပေးဖို့ အာဆီယံရဲ့ ငြိမ်းချမ်းရေး အစီအရင်ကို အကောင်အထည်ဖော်ဖို့ စတဲ့တောင်း ဆိုမှုတွေပါဝင်တဲ့ ကြေညာချက်တစ်စောင်ထုတ်ပြန်ဖို့ ကြိုးစားခဲ့ပေမဲ့ အဖွဲ့ဝင်နိုင်ငံတွေကြားမှာ သဘော တူညီမှုမရတဲ့အတွက် မထုတ်ပြန်နိုင်ခဲ့ဘူးဆိုသည့် အကြောင်းအရာသာ ဖြစ်နေသည်ကို တွေ့ရသည်။

ထို့ကြောင့် “NUG ကို ပယ်ချပြီ တရားမဝင်ဘူးဆိုသည့် အကြောင်းအရာဖော်ပြချက်သည် သတင်းအမှား တစ်ခုသာဖြစ်သည်ကို တွေ့မြင်နိုင်သည်။

ယခုလို စိတ်ဝင်စားဖွယ် သတင်းခေါင်းစဉ်များဖြင့် Youtube ပေါ်တွင် ကြည်ရှုသူများအောင် ဗီဒီယိုပြုလုပ်နေသူများ၏ အဓိကရည်ရွယ်ချက်မှာ YouTube မှ ဝင်ငွေရှာဖွေနေခြင်းသာ ဖြစ်သည်။

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် ယခုကဲ့သို့သော Youtube ပေါ်က သတင်းအကြောင်းအရာများကို ကြည်ရှုသော်လည်း အချက်အလက်မှန်ကုန်မှု ရှိမရှိကို စစ်ဆေးသင့်ပါသည်။

Related Articles

Back to top button