သတင်း

ဖားကန့်တွင် စစ်ကောင်စီ ဖမ်းဆီးထားသည့် အရပ်သား ၃၀ ကို ပြန်မလွတ်ဘဲ ငွေကြေးဖြင့် ရွေးယူခိုင်းနေ

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်စီဆာကျေးရွာတွင် ပြီးခဲ့သည့်အပတ် စစ်ကောင်စီက ဖမ်းဆီးသွားသည့် အရပ်သား ၃၀ ကျော်ကို ကုမ္ပဏီဝင်းတစ်ခုတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

စစ်ကောင်စီစစ်သား အင်အား ၃၀ ကျော်ပါဝင်သည့် စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ည ၄ နာရီအချိန်က မှော်စီဆာကျေးရွာ အောင်သာယာရပ်ကွက် ၁ မှ ဝင်ရောက်လာပြီး ကုမ္ပဏီလုပ်သားများ၊ ရေမဆေးသမားများနှင့် အမျိုးသမီးအချို့အပါ စုစုပေါင်း ၃၀ ကျော်ကို ဖမ်းဆီးသွားပြီး ယနေ့ထိ ပြန်မလွတ်သေးဘဲ ဖမ်းဆီးထားကြောင်း ဖားကန့်မြို့ လုံးခင်းကျေးရွာမှ အမျိုးသားတစ်ဦးက KNG ကို ပြောသည်။

ပြန်မလွတ်သေးဘူးဗျ။ ဒီမနက်ပဲထပ်စုံစမ်းကြည့်တာ ဖမ်းထားတုန်းပဲ နမ္မဖြစ်ကျေးရွာက မြန်မာသူရကျောက်မျက် ကုမ္ပဏီဝင်းထဲမှာ အားလုံးကို ဖမ်းထားတုန်းတဲ့။ ဘာကြောင့်ပြန်မလွတ်သေးတာလည်းတော့မသိဘူးဟုခိုင်လုံသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အဆိုပါဖမ်းထားသူများကို စစ်ကောင်စီက ငွေကြေးဖြင့် ပြန်ရွေးယူခိုင်းနေကြောင်း ဒေသခံများက ပြောဆိုနေသော်လည်း KNG က စုံစမ်းနေဆဲ ဖြစ်သည်။

စစ်ကောင်စီအဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွားသည့် ထိုအရပ်သားပြည်သူ ၃၀ ကျော်ထဲတွင် မှော်စီစာကျေးရွာ အောင်သာယာရပ်ကွက်()မှ အမျိုးသမီး ၅ ဦးပါဝင်ပြီး မင်းနိုင်စိုးကျောက်စိမ်းကုမ္ပဏီလုပ်ကွက်မှ ကျင်းသား ၁၃ ဦးပါဝင်ကာ ကျန်ရှိသူများသည် ရေမဆေးသမားများသာဖြစ်ကြောင်းသိရသည်။

ဖားကန့်ဒေသတွင် စစ်ကောင်စီအဖွဲ့က အရပ်သားပြည်သူများကို မကြာခဏရိုက်နက် ဖမ်းဆီးမှုများ ပုံမှန်ပြုလုပ်နေသည့်အပြင် ဖားကန့်မြို့တွင်း မြို့ပြင်နေရာအနှံ့တွင် လုံခြုံရေးတင်းကြပ်ထားပြီး သွားလာသည့် အပြည်သူများကို စစ်ဆေးမှုများ တင်းကြပ်ထားသည်။

Show More

Related Articles

Back to top button