သတင်း

လဝါးဒေသခံ ၂ ဦး အဆက်အသွယ်မရရှိဘဲ ပျောက်ဆုံးနေဆဲဟုဆို

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လဝါးကျေးရွာအုပ်စု မဂေါင်းတောင်ကျေးရွာမှ ဒေသခံအမျိုးသား ၂ ဦး နှစ်ပတ်ကျော်ကြာလာသည့်အထိ မိသားစုဝင်များနှင့် အဆက်အသွယ်မရရှိသေးဘဲ ပျောက်ဆုံးနေသေး ကြောင်းသိရသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် အသက် ၄၂ နှစ်အရွယ်ရှိ ဦးအင်ဗွင်ဘရန်နန်နှင့် အသက် ၁၇ နှစ်အရွယ် မောင်ရိန်အောင်တို့သည် ကားမိုင်းမြို့ဘက်သို့ နေ့ချင်းပြန် စျေးဝယ်သွားရန် ထွက်သွားသည့်နေ့မှစပြီး ယနေ့အထိ ပျောက်ဆုံးနေဆဲဖြစ်သည်ဟု မိသားစုနှင့်နီးစပ်သူ တစ်ဦးက KNG ကိုပြောသည်။

ဘာသတင်းအစတောင်မရသေးဘူး။ ဘယ်မှာ ဘယ်သူက ထိန်းသိမ်းထားလဲမသိ မိသားစုဝင်တွေအားလုံးက အခုအချိန်အထိ စိတ်ပူနေကြတုန်း။ ရပ်ရွာကလူတွေကတော့ နယ်ထိန်းတွေ၊ ရဲတွေ ထွေအုပ်တွေနဲ့တော့သွားအကူအညီတောင်းကြသေးတယ်။ ဒါပေမယ် အခုအထိမထူးသေးဘူးဟုပြောသည်။

ပျောက်ဆုံးနေဆဲဖြစ်သည့် ဦးအင်ဗွေဘရန် နှင့် မောင်ရိန်အောင်တို့သည် တောင်သူများသာဖြစ်ပြီး ၅ ရက်နေ့ ကားမိုင်းမြို့သို့ သုံးဘီးပြင်ရန် စက်ပစ္စည်းအချို့သွားဝယ်စဉ် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

လဝါးဒေသခံ ၂ ဦးပျောက်ဆုံးနေသည့် ကစ္စနှင့်ပတ်သက်ပြီး ဆက်သွယ်စုံးစပ်မေးမြန်းချက်အရ စစ်ကောင်စီဘက်က ဖမ်းဆီးထားခြင်းဖြစ်နိုင်သည်ဟု နောက်ထပ်ဒေသခံတစ်ဦးက ယခုလိုပြောသည်။

အခုစုံစမ်းကြည့်ရသလောက် စစ်တပ်ကနေ ဖမ်းသွားတာက သေချာတယ်။ ဒီဘက် KIA ဘက်ကနေ ဖမ်းထားတယ်ဆိုရင် ပြန်မလွတ်ရင်တောင် ကျနောတို့ဆီမှာ သတင်းရမှာပဲလေ။ အခုက စစ်တပ်ကနေ ဖမ်းဆီးထားတာဟုတ်တယ်ဟုပြောသည်။

ဒေသခံများ၏ ပြောဆိုချက်အရ ယင်းအမျိုးသားနှစ်ဦးကို စစ်ကောင်စီဖမ်းထားသည်ဟုပြောဆိုထားသော်လည်း KNG သတင်းဌာနအနေဖြင့် အသေးစိတ်အတည်ပြုရန်ခက်ခဲနေဆဲ ဖြစ်သည်။

Show More

Related Articles

Back to top button