Fact Checkသတင်း

‘Fact Check’ ဆိုသော စကားလုံးပါတိုင်း ယုံကြည်ရန် ခက်ခဲလာပြီ

အမှန်တရားက ဖိနပ်စီးနေတုန်းလောက်ပဲရှိဦးမယ်၊ အလိမ်အညာကတော့ ကမ္ဘာတစ်ခြမ်းကိုတောင် ရောက်နေလောက်ပါပြီးဟု မက်ခ်တွိုင်း _Mark Twain ပြောခဲ့သည်။

Mark Twain သည် အမေရိကန် ဟာသပညာရှင်၊ ဝတ္ထုရေးဆရာနှင့် ခရီးသွားစာရေးဆရာတစ်ယောက်ဖြစ်ပြီး ‘The Adventures of Tom Sawyer (1876) နှင့် Adventures of Huckleberry Finn (1885)’ တို့ကို ရေးသားခဲ့သူလည်း ဖြစ်သည်။

ထိုနည်းတူ မြန်မာပြည်တွင်လည်း သတင်းမီဒီယာများ၏ ဖော်ပြချက်များကို ‘သတင်းအမှားဖြစ်သည်’ ဟု စစ်ကောင်စီ ထောက်ခံသော ဖေ့စ်ဘုတ်အကောင့် နှင့် စာမျက်နှာများသည် စနစ်တကျ ပြန်လည်ဖြန့်ဝေကာ လူထုအပေါ် စိတ်ဇဝေဇဝါ ဖြစ်အောင် ပြုလုပ်နေသည်ကို တွေ့ရသည်။

ဖေ့စ်ဘုတ် နှင့် Telegram တွင် follower သောင်းဂဏန်းရှိသော စစ်ကောင်စီ ထောက်ခံသူများသည် သတင်းအမှန်များကို screen shot ရိုက်ယူကာ ‘False News Fake News’ စသဖြင့် တန်ပြန် ဝါဒဖြန့်သတင်းအမှားများကို တင်ဆက်နေသည်။

မီဒီယာများဖြစ်သော ‘Khit Thit Media, မြေလတ်သံ-Myaelatt AthanMizzima-News in BurmeseDVB TV News’ စသည့် သတင်းဌာနဖေ့စ်ဘုတ်စာ မျက်နှာများတွင် ပြည်သူလူထုများ၏ နေအိမ်မီးရှို့ခံရမှုများ၊ သတ်ဖြတ်မှုများကို စစ်တပ်က လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားသော်လည်း ‘FACT CHECK’ ဆိုသည့် စစ်တပ်ထောက်ခံသော ဖေ့စ်ဘုတ်အကောင့်များတွင် ‘FALSE NEWS , FAKE NEWS’ ဆိုပြီး အဆိုပါ လူ့အခွင့်အရေးချိုးဖောက်မှုများကို PDF အဖွဲ့က ပြုလုပ်ခဲ့ကြောင်း ‘TRUE NEWS’ ဆိုသည့် စာသားကပ်၍ တန်ပြန်ဝါဒဖြန့်သတင်းအမှား ပြန်လည်ရေးသားနေခြင်း ဖြစ်သည်။

ဥပမာအားဖြင့်  ‘ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာ ရွာကို အကြမ်းဖက် စစ်တပ် မီးရှို့မှု နေအိမ် ၂၄၈ လုံးပြာကျခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်ဟု Khit Thit Media ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားသောအချက်ကို ‘FACT CHECK’ ဆိုသည့် ဖေ့စ်ဘုတ်အကောင့်မှ  ‘ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ကန့်ဘလူမြို့နယ်၊ မြေမွန်ရွာတွင် PDF များဝင်ရောက်နေ တယ်လို့စကစမှ သတင်းအရဝင်ရောက်ရှင်းလင်းရန် အတွက် စစ်ကြောင်းထိုးဝင်ရောက် လာစဉ် PDF များမှ ကျေးရွာအတွင်းရှိ နေအိမ်များကို မီးတင်ရှို့ကာ ထွက်ပြေးသွားခဲ့ကြောင်း ဒေသတွင်းသ တင်းများအရ သိရှိရပါတယ် ဟု သတင်းအမှန်ကို ပြန်လည်ပြင်ဆင်ကာ PDF များကို တန်ပြန်တိုက်ခိုက်သည့်အရေးအသားဖြင့် ဖော်ပြနေကြသည်။

ယခင်က ‘Fact Check’ ဆိုသော စကားလုံးကို တာဝန်ခံမှုရှိသော သတင်းဌာနများက သတင်းအမှားများဖြေရှင်းရာတွင် အသုံးပြုခဲ့ကြသော်လည်း ယခုအချိန်တွင် စစ်တပ်ထောက်ခံသူများက သတင်းအမှားဖြန့်ချီမှု အားကောင်းစေရန် ‘Fact Check’ ဆိုသော စကားလုံး အသုံးပြုလာခြင်းဖြစ်သည်။

ထို့ကြောင့် စာဖတ်ပရိသတ်များအနေဖြင့် လူမှုစာမျက်နှာပေါ်တွင် သတင်းများဖတ်ရှုရာတွင် ‘Fact Check’ ဆိုတိုင်း ချက်ချင်း ယုံကြည်ရန် မသင့်တော့သဖြင့် သတင်းစာမျက်နှာ နှင့် စစ်တပ်လော်ဘီများ၏ ဝါဒဖြန့် စာမျက်နှာများကိုသာ ကွဲပြားစွာ ခွဲခြားသင့်ပါသည်။

Show More

Related Articles

Back to top button