သတင်း

မျိုးသုဉ်းပျောက်ကွယ်နိုင်သည့် တောရိုင်းတိရစ္ဆာန်များနှင့် အပင်များအား သတ်ဖြတ်ခြင်း၊ ဖျက်စီးခြင်းမပြုရန်အသိပညာပေးဆိုင်းဘုတ်များစိုက်ထူ

ပူတာအိုဒေသအတွင်းရှိ မျိုးသုဉ်းပျောက်ကွယ်နိုင်သည့် သဘာ၀ဇီ၀မျိုးစိပ်မျိုးကွဲ တောရိုင်းတိရစ္ဆာန်များနှင့်အပင်များကို သတ်ဖြတ်ခြင်း၊ ဖျက်စီးခြင်း မပြုလုပ်ကြရန် သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်းအစီအစဉ်အား သစ်တောဦးစီးဌာနမှ ဦးဆောင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပူတာအိုဒေသတွင် ရှားပါးငှက်မျိုးစိတ်များ၊ တောရိုင်းတိရစ္ဆာန်များအား ဖမ်းဆီးသတ်ဖြတ် ရောင်းဝယ်မှုအလွန်အကျွံများပြားနေပြီး သက်ဆိုင်ရာမှ အရေးယူတားမြစ်မှုတစ်စုံတစ်ရာ မရှိသောကြောင့် ဝိုင်းဝန်းထိန်းသိမ်းကာကွယ်သင့်ကြောင်း ဒေသခံပြည်သူများကြာ ပြောဆိုမှုရှိခဲ့သည်။

မေလ  ရက်နေ့ တွင် ပူတာအိုမြို့နယ် သစ်တောဦးစီးဌာန နှင့် တွဲဖက်ဌာနဆိုင်ရာများစုပေါင်းပြီး သဘာ၀တောရိုင်းတိရစ္ဆာန်များအား ထိန်းသိမ်းကာကွယ်ရမည့်အကြောင်းနှင့် ပတ်သက်သည့် ပညာပေးဆိုင်းဘုတ်၊ ဗီနိုင်းကြီးများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေပါ ပြစ်မှုပြစ်ဒဏ်များ စသည့် တားမြစ်ချက်ဆိုင်းဘုတ်များအား ပူတာအိုမြို့တွင်း အများပြည်သူ သွားလာမှုများရှိသည့် လမ်းနေရာများတွင် စိုက်ထူခြင်း အစီအစဉ်ပြုလုပ်ကြောင်း ပူတာအိုဒေသခံများထံမှ သိရသည်။

အခုက မနက်စျေးမှာ ဘာတွေ တွေ့နေရသေးလဲဆို ဒီဒေသမှာကျက်စားတဲ့ ရောင်စုံငှက်ကလေးတွေ တောထဲကငှက်တွေ ပစ်သတ်ပြီး ခင်းရောင်းနေတာတွေတော့ အခုထိတွေ့နေရတယ်။ ဒါပေမယ့် ဒီမနက်တော့ ပူတာအိုက ဌာနဆိုင်ရာတွေအားလုံးပေါင်းပြီး ပညာပေးဆိုင်းဘုတ်တွေ လိုက်ကပ်နေကြတယ်ဟုပူတာအိုဒေသခံတစ်ဦးအမျိုးသားတစ်ဦးက KNG သတင်းဌာနကိုပြောသည်။

အဆိုပါ အသိပညာပေးဆိုင်းဘုတ်တွင် သဘာ၀တောရိုင်းတိရစ္ဆာန်များ  အပင်များကို သတ်ဖြတ်ခြင်း  ဖျက်ဆီးခြင်းများ မပြုလုပ်ရန်ဆိုသည့်စာသားအား မြန်မာ၊ ဂျိမ်းဖော့၊ လီဆူ၊ ရှမ်း စသည့် ဘာသာစကား  မျိုးဖြင့်ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

သစ်တောဦးစီးဌာနဆိုင်ရာများ နှင့် အတူ ရဝမ်၊ လီဆူ၊ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းမှတာဝန်ရှိသူများလည်းပူးပေါင်းကာ ပူတာအိုမြို့မစျေး၊ လေယာဉ်ကွင်းရပ်ကွက် ရုပ်တုလမ်းဆုံနှင့် နံနက်စျေး၊ ကောင်းမှုလုံနှင့် မချမ်းဘော စသည့်လမ်းဆုံနေရာများတွင် စိုက်ထူခဲ့ကြကြောင်းသိရသည်။

ယခုချိန်ကာလသည် တောတွင်း ငှက်များ မျိုးပွား မျိုးပေါက်ဖြစ်ထွန်းသည့် ကာလဖြစ်သကဲ့သို့ ပူတာအို နံနက်စျေးတွင်းနေရာများတွင် ရောင်စုံသားငှက်များစည်းမဲ့ကမ်းမဲ့ သတ်ဖြတ် ရောင်းဝယ်မှုများလည်း ဆက်လက်ရှိနေကြောင်းသိရသည်။

ကချင်ပြည်နယ်တွင် သဘာ၀တောတောင်နှင့် လှပပြီး အထင်ကရ ရေခဲတောင်ဒေသဟု ထင်ရှားသည့် ပူတာအိုဒေသတွင် သဘာ၀ပတ်ဝန်းကျင် ဂေဟစနစ်များ မဖျက်ဆီး၊ အထိခိုက်ဖို့ ထိန်းသိမ်းကာကွယ်ရန် ဌာနေဒေသခံပြည်သူများကိုယ်တိုင်၌ တာဝန်ရှိကြောင်း ကချင် CSO အဖွဲ့အစည်းတစ်ခုတွင် လှုပ်ရှားနေသည့် အမျိုးသမီးတစ်ဦးကလည်း ယခုလိုပြောဆိုသည်။

အခုချိန်ဆို ငှက်လေးတွေ သားပေါက်ချိန်၊ ဥဥချိန် ဖြစ်တာကြောင့် ပစ်သတ်တာတို့ ဖမ်းစားတာတို့ မပြုလုပ်တာက အကောင်းဆုံး အကျင့်စရိုက်ပဲဖြစ်တယ်။ ငှက်တွေသာမကဘူး တောတောင်ထွက်ရှားပါးအပင်တွေ၊ သာရိုင်းတိရစ္ဆာန်တွေ၊ ပြီးရင် သဘာ၀သယံဇာတ ရွှေတွေ ကျမတို့ပိုင်ဆိုင်တဲ့ အရင်းအမြစ်တွေကို ဖြစ်နိုင်သလောက်ဒေသခံပြည်သူတွေကိုယ်တိုင် ဦးဆောင်ပြီး ထိန်းသိမ်းကာကွယ်သင့်တယ်လို့ မြင်တယ်”သူမက တိုက်တွန်းပြောဆိုသည်။

တဖက်တွင် ကချင် CSO အဖွဲ့အစည်းတချို့အနေဖြင့်လည်း သဘာ၀ပတ်ဝန်းကျင်ဂေဟစနစ်အား ဒေသခံများထိန်းသိမ်းကာကွယ်တတ်ကြရန် ပညာပေး အသိအမြင်ဖွင့်ပေးသည့် လှုပ်ရှားမှုများလည်း ပုံမှန်ပြုလုပ်လျက်ရှိကြောင်း ၎င်းကဆက်ပြောသည်။

ယခုချိန် ပူတာအိုဒေသတွင် ရေခဲတောင်ဒေသထွက် ရှားပါးပန်းမျိုးနွယ်များ ရှာဖွေရောင်းဝယ်မှု၊ မြစ်  ချောင်း၊အင်းအိုင်များတွင် ငါးလျှော့ခ်တိုက်မှုများရှိနေသောကြောင့် ပျောက်ကွယ်လာသည့်အနေအထားရောက်ရှိနေပြီဟု ဒေသခံများဆိုသည်။

Show More

Related Articles

Back to top button