သတင်း

ချင်းတွင်းမြစ်ရေတက်လာတဲ့အတွက် ဟုမ္မလင်းမြို့ပေါ်ရပ်တစ်ခုနဲ့ကျေးရွာ ၉ ရွာရေနှစ်မြှုပ်နေ

စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့မှာ ချင်းတွင်းမြစ်ရေတက်တာကြောင့် မြို့ပေါ်ရပ်တစ်ခုနှင့်ကျေးရွာ အများစုရေနှစ်မြှုပ်နေတယ်လို့ ဟုမ္မလင်းဒေသခံတွေကနေ သိရပါတယ်။

ဟုမ္မလင်းမြို့ပေါ်နဲ့အနီးဝန်းကျင်ကျေးရွာတစ်ဝိုက်မှာ မိုးရွာသွန်းတာ သုံးရက်လောက်သာရှိသေးပေမယ့် မြစ်ဖျားဘက်မှာ တစ်လနီးပါးကြာ မိုးသည်းထန်စွာရွာသွန်းနေတာကြောင့်  ဇူလိုင် ၁၇ ရက်နေ့ညပိုင်းကစပြီး ချင်းတွင်းမြစ်ရေတက်လာတဲ့အတွက် မြို့ပေါ်ရပ်ကွက်တစ်ခုနဲ့ကျေးရွာ ၉ ရွာထက်မနည်း ရေနှစ်မြှုပ်နေတယ်လို့ ဟုမ္မလင်းမြို့နေ အမျိုးသားတစ်ဦးက KNG ကို ခုလိုပြောပါတယ်။

“ဒီမြို့ပေါ်မှာတော့မိုးရွာတာသုံးရက်လောက်ပဲရှိသေးတယ် မြစ်ဖျားဘက်ဥရုချောင်းတွေဘက် မိုးများလို့မြစ်ရေတက်လာ မြို့ ပေါ်မှာတော့ရေနှစ်တာအရမ်းမဆိုးသေးဘူး ဒါပေမယ့် နယ်ဘက်က မြစ်နဲ့နီးနဲ့တစ်လျှောက်ရွာ တွေကတော့ဆိုးတယ် တချို့ပြောင်းရွေ့ကြတယ်တယ်”လို့ ပြောပါတယ်။

 photo- ချင်းတွင်းမြစ်ရေတက်လာတဲ့အတွက် လူနေအိမ်ရပ်ကွက်ရေဝင်ရောက်နေ(Crd- The Vioce of Shan-ni)
photo- ချင်းတွင်းမြစ်ရေတက်လာတဲ့အတွက် လူနေအိမ်ရပ်ကွက်ရေဝင်ရောက်နေ(Crd- The Vioce of Shan-ni)

ချင်းတွင်းမြစ်ရေတက်လာတာကြောင့်လက်ရှိ မြို့ပေါ်က မြေနိမ့်ပိုင်းဖြစ်တဲ့ ခိုပဲဝရပ်ကွက်နှင့် မြစ်ရိုးတစ်လျှောက်က မြင်သာရွာ၊ ငိုးပင်ရွာ၊ရေလဲရွာ၊ဇီးပင်သာကျေးရွာ၊မြဝတီရွာနဲ့ အနီးဝန်းကျင်ထဲက ရွာပေါင်း ၁၂ ရွာလောက်မှာ မနေ့က မနက်ပိုင်းကတည်းက ရေမြှုပ်နေတယ်လို့သိရပါတယ်။

“အပြောင်းအရွေ့တော့ဒီနေ့တော့အရမ်းကြီးမရှိသေးဘူးဗျ။ တချို့လည်းပြောင်းကြတယ် ဒီည ခြေနေကြည့်ရမှာပေါ့ မြစ်ရေပိုတက်လာရင်တော့ ခုရေဝင်တဲ့ရွာတွေခြေနေပိုဆိုးလာမယ်”လို့ အထက်မှာဖော်ပြခဲ့ တဲ့အမျိုးသားက ပြောပါတယ်။

photo- ချင်းတွင်းမြစ်ရေတက်လာတဲ့အတွက် လူနေအိမ်ရပ်ကွက်ရေဝင်ရောက်နေ(Crd- The Vioce of Shan-ni)

ရေဘေးသင့်တဲ့ကျေးရွာက ဒေသခံတွေဟာမြို့ပေါ်မှာပြောင်းရွေ့နေတဲ့သူတွေရှိသလို ရေနဲ့လွတ်ကင်းတဲ့ နီးစပ်ရာကျေးရွာတွေမှာပြောင်းရွေ့နေကြပြီး ရေနှစ်မြှုပ်တဲ့ကျေးရွာစာရင်းအတိအကျ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

ဟုမ္မလင်းမြို့နယ်ဟာ ချင်းတွင်းမြစ်နဲ့နီးတာကြောင့်နှစ်စဉ် ရေကြီးတဲ့ဒဏ်ရင်ဆိုင်နေကြတာဖြစ်တယ်လို့ ဒေသခံတွေ ဆိုပါတယ်။

BY- WL

Show More

Related Articles

Back to top button