သတင်း

နယ်စပ်ဂိတ်ဖြတ်သန်းခွင့် စာအုပ်အနီအသစ်ထုတ်းပေးမှု ပိတ်ထားဆဲဖြစ်ပြီး ပွဲစားတွေကို ၁၀ သိန်းအထက် ပေးဆောင်နေရ

ကချင် – တရုတ်နယ်စပ် ကန်ပိုင်တည်မြို့မှာ နယ်စပ်ဂိတ်ဖြတ်သန်းခွင့် စာအုပ်အနီ အသစ်လုပ်ပေးတာကိုပိတ်ထားပြီး ပွဲစားကနေတစ်ဆင့် ကျပ်ငွေ ၁၀ သိန်းအထက် ပေးဆောင်မှသာ သွားလာခွင့်ရရှိနေတဲ့အတွက် ပိတ်ဆို့နေတဲ့ခရီးသည်ပြည်သူများ အခက်အခဲဖြစ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စာအုပ်က ရမလား ရမလားဆိုပြီးစောင့်နေကြတာ လကျော်ရှိလာတဲ့ သူတွေလည်းရှိတယ်။ တစ်ချို့မစောင့်နိုင်တဲ့ သူတွေက ပိုက်ဆံများများပေးပြီးဂိတ်ဖြတ်နေကြတယ်။ ပွဲစားတွေက ကန်ပိုက်တည်မှာ ကြိုနေတဲ့ပုံစံနဲ့ စောင့်နေကြတယ်။ အရင်ကဆို စာအုပ်ဖိုးက တစ်သောင်းကနေ ၂ သောင်းလောက်ပဲရှိတယ်။ နောက် တဖြည်းဖြည်း ၁ သိန်းကနေ ၅ သိန်းရောက်သွားတယ်။ အခုဆို ပေါက်စျေးက ၁၀ သိန်း၊ ၁၂ သိန်း ရှိနေတယ်လို့ပြောပါတယ်။

လက်ရှိ တရုတ်နိုင်ငံဘက်ကို အလုပ်လုပ်ကိုင်ဖို့ ကန်ပိုင်တည်မြို့မှာ သောင်တင်နေကြတဲ့ ခရီးသွားပြည်သူ ၆၀၀ ဝန်းကျင်ရှိပြီးတော့ ကန်ပိုင်တည်မြို့မှာရှိတဲ့ တည်းခိုခန်း၊ ဘာသာရေးကျောင်း၊ ဂိုဒေါင်နေရာများနဲ့ ဆွေးမျိုးနေအိမ်တွေမှာ ခိုလှုံနေကြတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံထဲကို ဝင်ရောက်ဖို့ စောင့်ဆိုင်းနေတဲ့ ခရီးသွားပြည်သူတွေဟာ အချိန်ကြာလာတာနဲ့အမျှ စားစရိတ်၊ နေစရိတ် တစ်ရက်ကို အနည်းဆုံး ၂၀၀၀၀ ကျပ် လောက်ကုန်ကျခံနေရပြီး သွားလာခွင့်ရအောင် ပွဲစားများကိုလည်း ငွေကြေးအများအပြားပေးဆောင်နေရတာကြောင့် အခက်အခဲဖြစ်နေကြတယ်လို့ ခရီးသွားပြည်သူတစ်ယောက် KNG ကို အခုလိုပြောပါတယ်။

ဒီမှာက ကျနော်တို့လိုစောင့်နေကြတဲ့သူတွေများကြီးရှိတယ်။ သွားလာခွင့်စာအုပ်တွေကို ထုတ်ပေးရင်တော့ အရမ်းအဆင်ပြေသွားမှာပါ။ အခုလို အချိန်အကြာကြီးစောင့်ပြီးနေရတာမလွယ်ဘူးလေ။ တစ်ရက်ကို မြန်မာငွေနဲ့ဆို ၂ သောင်းလောက်ကုန်နေတာ။ အဲ့တာကြောင့် ဘယ်လိုမှ တောင့်မခံနိုင်လာတော့ဘူး။ တကယ်အဆင်ပြေချင်ပါပြီလို့ ကန်ပိုင်တည်မြို့မှာ ရက်ပေါင်း ၂၅ ရက် လက်မှတ်လုပ်ပေးဖို့ စောင့်ဆိုင်းနေတဲ့ စစ်ကိုင်းတိုင်းဘက်နေ တက်လာတဲ့ ပြည်သူတစ်ယောက်ပြောဆိုထားတာပါ။

ကန်ပိုင်တည် လူဝင်မှုကြီးကြပ်ရေး (လဝက)အနေနဲ့ သွားလာခွင့် စောင့်နေကြတဲ့ ခရီးသည်ပြည်သူများ ၆၀၀ လောက်ရှိတဲ့ထဲကနေ တစ်ရက်ကို ၁၀ ယောက်နှုန်းနဲ့ ဖြတ်ကျော်ခွင့် စာအုပ်လုပ်ပေးလိုက်ရင် မြန်မာအလုပ်သမားများအတွက် အဆင်ပြေသွားကြမှာဖြစ်တဲ့အတွက် အမြန်ဆုံးလုပ်ဆောင်ပေးဖို့ သူက ဆက်လက်တောင်းဆိုထားပါတယ်။

ကန်ပိုင်တည်နယ်စပ်ဂိတ်မှာ ပြီးခဲ့တဲ့ မေလ ၁၂ လောက်ကနေ ကချင်ပြည်နယ် စစ်ကောင်စီ လုံနယ်ရဲ့ ညွန်းကြားမှုနဲ့ စာအုပ်အနီအသစ်ထုတ်ပေးတာတွေကို ရပ်ဆိုင်းထားတာဖြစ်ပါတယ်။

အဲဒီနောက် ဇွန်လပိုင်းအတွင်းကနေ တရုတ်ဘက်ကို အမြန်ဝင်ရောက်လိုတဲ့ ခရီးသွားပြည်သူအချို့က ပွဲစားတွေနဲ့ ညှိနှိုင်းပြီး နယ်စပ်ဂိတ်ဖြတ်သန်းခွင့် လက်မှတ်အနီတစ်ခုအတွက် ကျပ်ငွေတစ်သိန်းမှ ငါးသိန်းအထိပေးဆောင်ပြီးတော့ သွားလာခွင့်ရရှိနေတာပါ။

ဒါပေမယ့် ဇူလိုင်လဆန်းပိုင်းမှာတော့ ခရီးသွားလာခွင့် လက်မှတ်အသစ်လုပ်ပေးမှုကို ပွဲစားတွေကနေတဆင့် ညှိနှိုင်းပြီး စာအုပ်အနီတစ်ခုအတွက် ကျပ်ငွေ ၁၀ သိန်းနဲ့ ၁၂ သိန်းကြား အထိတိုးမြင့်ကောက်ခံနေတယ်လို့ ကန်ပိုက်တည်ဒေသခံ အမျိုးသားတစ်ယေက်က KNG ကိုပြောပါတယ်။

စာအုပ်က ရမလား ရမလားဆိုပြီးစောင့်နေကြတာ လကျော်ရှိလာတဲ့ သူတွေလည်းရှိတယ်။ တစ်ချို့မစောင့်နိုင်တဲ့ သူတွေက ပိုက်ဆံများများပေးပြီးဂိတ်ဖြတ်နေကြတယ်။ ပွဲစားတွေက ကန်ပိုက်တည်မှာ ကြိုနေတဲ့ပုံစံနဲ့ စောင့်နေကြတယ်။ အရင်ကဆို စာအုပ်ဖိုးက တစ်သောင်းကနေ ၂ သောင်းလောက်ပဲရှိတယ်။ နောက် တဖြည်းဖြည်း ၁ သိန်းကနေ ၅ သိန်းရောက်သွားတယ်။ အခုဆို ပေါက်စျေးက ၁၀ သိန်း၊ ၁၂ သိန်း ရှိနေတယ်လို့ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းအထိ ပွဲစားနဲ့ စာအုပ်အနီတစ်ခုကို ကျပ်တစ်သိန်းမှ ၅ သိန်းအထိ ပေးဆောင်ပြီး သွားလာခွင့်ရရှိခဲ့ပေမယ့် ဇူလိုင်လဆန်းပိုင်းအတွင်းကနေ ၁၀ သိန်းဝန်းကျင်အထိ စျေးနှုန်းတိုးမြင့်သွားတယ်လို့ သူက ဆက်ဆိုပါတယ်။

စစ်ကောင်စီက ကန်ပိုင်တည်နယ်စပ်ဂိတ်သွားလာခွင့် လက်မှတ်အနီထုတ်ပေးမှု ပိတ်ထားတာ ၂ လ ဝန်းကျင်လောက် ကြာမြင့်လာပြီဖြစ်ပေမယ့် တစ်ဖက်မှာ ပွဲစားများက လက်မှတ်ထုတ်ပေးနေတဲ့ ပုံစံနဲ့ ပြောဆိုခေါ်ဆောင်နေတာမျိုးလည်း ရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

ခုလို လက်မှတ်အသစ်ထုတ်းပေးမှုပိတ်ထားခြင်းနဲ့ ပွဲစားများကိုလည်း ငွေကြေးအဆမတန် ပေးဆောင်နေရတဲ့အတွက် ကန်ပိုင်တည်မြို့မှာ တရားဝင်လက်မှတ်လုပ်ပေးဖို့ စောင့်ဆိုင်းနေတဲ့ ခရီးသွားပြည်သူများ ၆၀၀ ဝန်းကျင်လောက်က အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒေသခံပြည်သူများရဲ့ ပြောဆိုချက်အရ ခရီးသည်တစ်ချို့ဟာ ခရီးအမြန်ရောက်လိုမှုကြောင့် ပွဲစားများနဲ့ ညှိနှိုင်းပြီး ငွေးကြေးပေးဆောင်ထားတာတွေရှိပေမယ့် လက်ရှိအချိန်အထိ နယ်စပ်ဂိတ်ဖြတ်ကျော်လို့မရပဲ တောင်တင်နေတဲ့ ခရီးသည်ပြည်သူတစ်ချို့လည်းရှိတယ်လို့ သိရပါတယ်။

နယ်စပ်ဂိတ်မှာ လက်မှတ် စာအုပ်အသစ် ပြုလုပ်ပေးတာတွေသာ ရပ်ဆိုင်းထားပေမယ့် အရင်ကတည်းက လက်မှတ်လက်ရှိရရှိထားတဲ့ ခရီးသည်တွေကိုတော့ ပုံမှန်သွားလာခွင့်ရရှိနေတာလည်းဖြစ်ပါတယ်။

ကန်ပိုင်တည်နယ်စပ်ဂိတ်ကို ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းအတွင်းကနေ အခု ဇူလိုင်လအထိ စာအုပ်အနီလုပ်မှု ၃ ကြိမ်ထက်မနည်းရှိခဲ့ပြီး အခုတစ်ခေါက် ပိတ်ထားခြင်းမှာ အကြာဆုံးဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

အရင်အစိုးရလက်ထပ် နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်အနီတစ်အုပ်ကို မြန်မာကျပ်ငွေ ၅ ထောင်ကျပ်သာ ပေးဆောင်ခဲ့ရမှုရှိခဲ့ပေမယ့် စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်ကောင်စီ လက်အောက်မှာ ၂ သောင်းအထိ ပေးဆောင်နေရကြောင်းသိရပါတယ်။

Show More

Related Articles

Back to top button