သတင်း

နောင်မွန်ဆေးရုံကြီးမှာ ဆေးဝါးလုံလောက်မှုမရှိတာကြောင့် ဒေသခံတွေအခက်တွေ့နေ

ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်မြို့နယ်မှာရှိတဲ့ ဆေးရုံကြီးမှာ ဆေးဝါးလုံလောက်မှုမရှိတဲ့အတွက် ဒေသခံ တွေအခက်အခဲဖြစ်နေတယ်လို့ ဆေးရုံနဲ့နီးစပ်သူတွေကနေ သိရပါတယ်။

နောင်မွန်မြို့ပေါ်မှာရှိတဲ့ ပြည်သူဆေးရုံကြီးမှာ လွန်ခဲ့တဲ့ ၃လ လောက်ကနေစပြီး ဆေးဝါးတွေအလုံအလောက်မရှိတော့ တာကြောင့် ဆေးရုံတက်မယ့်လူနာတွေအခက်အခဲ ဖြစ်နေတယ်လို့ နောင်မွန်းမြို့ အမှတ် ၂ရပ်ကွက်မှာနေထိုင်တဲ့ ဒေသခံအမျိုးသမီးတစ်ဦးက KNG ကိုအခုလိုပြောပါတယ်။

“ဆေးက တခါတလေဆို ပါရာတောင်မရှိဘူး အများပိုင်းကမရှိတာများတယ် ဆရာဝန်တစ်ယောက်နဲ့ဆရာမ တွေတော့ရှိပါတယ် တာပေ မယ့် ဆေးမရှိဘူး လူနာတွေကသွားပဲသွားပြတာ ဆေးတွေက အပြင်ကပဲ ဝယ်နေရတယ်”လို့ နောင်မွန်မြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

နောင်မွန်မြို့နယ်ဆေးရုံကြီးကိုလာပြတဲ့ လူနာတွေကို အဖျားတိုင်း၊ ရောဂါစစ်ဆေးပေးတာလောက်သာလုပ်ပေးပြီး လိုအပ်တဲ့ဆေးတွေကိုတော့အပြင်မှာပဲဝယ်ရတယ်လို့ သူက ဆက်ပြောပါတယ်။

“အပြင်မှာဆိုရင်တော့ဆေးကစျေး ကြီးတာပေါ့ ပါရာတစ်ကဒ်ကို ၂၀၀၀ လောက် ပေးဝယ်ရတယ်လေး တကယ်လို့အဲ့ဆေးတွေဆေး ရုံမှာရှိရင်တော့ပိုက်ဆံအဲ့လောက်မကုန်ဘူးလေ။လေးမျိုးလောက်လိုရင်တစ်မျိုးလောက်ပဲ ရှိတယ်ကျန်တာကအပြင်ကနေစျေးကြီးပေးဝယ်ရတာ”လို့ အခြားဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

နောင်မွန်မြို့နယ်ဆေးရုံကြီးမှာဆေးဝါးမလုံလောက်မှုနဲ့ ကုသရေးပိုင်းအားနည်းတာကြောင့် ပြည်သူတွေနဲ့ဖျားနာသူတွေဟာ ပူတာအိုထိဆင်းပြီး ဆေးကုသနေရတယ်လို့ အထက်မှာဖော်ပြခဲ့ တဲ့နောင်မွန်အမှတ် (၂) ရပ်ကွက်နေအမျိုးသမီးက ဆက်ပြောပါတယ်။

“ဆရာဝန်တော့ရှိတယ်တာပေမယ့် ဆေးဝါးမရှိတာကြောင့်နေမှာ ခြေနေဆိုးတဲ့လူနာတွေကိုတော့ ဒီမှာမနိုင်ဘူး ပူတာအိုကိုပဲ လွဲတယ်။ အဲ့ကြောင့်တချို့ဆိုတော့ခက်ခက်ခဲခဲပေါ့နော် ပူတာအိုကိုဆင်းပြီးမှသွားကုကြရတာဟုတ်တယ်”လို့ သူကပြောပါတယ်။

နောင်မွန်မြို့ဟာပင်လယ်ရေမျက်နှာပြင် အထက် ၁၇၉၈ပေ မှာတည်ရှိပြီး မြို့ပေါ် ရပ်ကွက် ၆ခု နှင့်ကျေးရွာအုပ်စု ၁၃ စုကျေးရွာပေါင်း ၄၀ ကျော်အထိရှိပါတယ်။

By; WL

Show More

Related Articles

Back to top button