လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

နမ်ဆန်ယန်တွင် စစ်ကောင်စီတပ် ဂျက်ဖိုက်တာ ၃ စီးဖြင့်လာရောက်ဗုံးကျဲတိုက်ခိုက်၊ ကျေးရွာအတွင်း ထိခိုက်ပျက်စီးမှုရှိ

တစ်လဝန်းကျင်ခန့်အကြာ စစ်ရေးတင်းမာမှုဖြစ်ပွားနေသည့် နမ်ဆန်ယန်ကျေးရွာတွင် စစ်ကောင်စီတပ်က ဇူလိုင် ၂၁ ရက်နေ့  ည ၁၁ နာရီဝန်းကျင် ဂျက်ဖိုက်တာ ၃ စီးဖြင့် လာရောက်ဗုံးကျဲသွားကြောင်း သိရသည်။

“၁၁ နာရီလောက်ဖြစ်မယ် ၃ စီးနဲ့လာတိုက်သွားတယ်။ နမ်ဆန်ယန်ရွာထဲမှာကို လာတိုက်သွားတာဟုတ်တယ်။ အချိန်ကတော့ ၁ နာရီခွဲလောက်ပဲကြာတယ်။ လူကတော့ ဘာမှထိခိုက်သေဆုံးတာမျိုးတော့မရှိဘူး”ဟု KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးက KNG ကိုပြောသည်။

နမ်ဆန်ယန်ကျေးရွာကို စစ်ကောင်စီတပ် လာရောက်ဗုံးကျဲတိုက်ခိုက်မှုတွင် လူသေဆုံးမှုမရှိပေမယ့် ကျေးရွာအတွင်းရှိသော အုပ်ချုပ်ရေးရုံး၊ နေအိမ်တစ်ချို့နှင့် အိမ်မွေတိရိတ္ဆန်များဖြစ်သည့် နွားအကောင်တစ်ချို့ ဗုံးကျည်စ ထိမှန်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဂျက်ဖိုက်တာ ၃ စီးသည် မန္တလေးတံတားဦးက ည ၁၀ နာရီဝန်းကျင်အချိန် နမ်ဆန်ယန်ကျေးရွာဘက်ကို ဦးတည် ပျံသန်းလာပြီး လာရောက်ဗုံးကျဲတိုက်ခိုက်သွားကြောင်းသိရသည်။

ပြီးခဲ့သော ဇွန်လဝန်းကျင်က စစ်ကောင်စီတပ်ဖွဲ့သည် နမ်ဆန်ကျေးရွာဘက်ကို စစ်အင်အား အလုံးအရင်းဖြင့် စစ်ကြောင်း ၃ ခုနှင့် စစ်ကြောင်းထိုးဝင်ရောက်နေသည့်အတွက် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဖွဲ့ ကြားထိတွေ့တိုက်ပွဲများပုံမှန်ဖြစ်ပွားနေပြီး စစ်တင်းမာမှုဖြစ်ပွားနေသည်မှာ တစ်လ ဝန်းကျင်ခန့် ကြာမြင့်လာပြီဖြစ်သည်။

နေရပ်ပြန် နမ်ဆန်ယန်စစ်ရှောင်ပြည်သူများလည်း စစ်ကောင်စီတပ်နှင့် KIA တပ်ဖွဲ့တိုးကြား တဖန်တိုက်ပွဲပြင်းထန်လာသောကြောင့် ၎င်းတို့ မူလတိမ်းရှောင်ခဲ့သည့် မြစ်ကြီးနား၊ ဝိုင်းမော် မြို့ပေါ် စစ်ရှောင်စခန်းနေရာများဘက်သို့ ပြန်လည် ထွက်ပြေးတိမ်ရှောင်ခဲ့ရခြင်းဖြစ်သည်။

Show More

Related Articles

Back to top button