သတင်း

ရွှေကူနယ် ကျောက်ကြီးဘက်တက်သွားတဲ့ စစ်ကြောင်းမှာ အရပ်သား ၃၀ ကျော်ပါဝင်

ကချင်ပြည်နယ် ရွှေကူမြို့နယ်အနောက်ဘက် ဧရာဝတီမြစ်တစ်ဖက်ကမ်းမှာရှိတဲ့ ကျောက်ကြီးကျေးရွာဘက်ကိုတက်လာတဲ့ စစ်ကြောင်းမှာ စစ်တပ်ထောက်ခံတဲ့ အရပ်သား ၃၀ ကျော်ဟာ စစ်သားအသွင်ယူပြီးစစ်ကြောင်းမှာပါဝင်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဇူလိုင်လ ၂၃ ရက်နေ့ ညပိုင်းက ရွှေကူမြို့ကနေ ကျောက်ကြီးကျေးရွာဘက်ကို စစ်ကြောင်းထိုးသွားတဲ့ အင်အား ၈၀ ကျော်ပါတဲ့ ခလရ ၁၀ စစ်ကြောင်းဟာစစ်သား အင်အား ၅၀ လောက်သာပါဝင်ပြီး စစ်တပ်ထောက်ခံသူနဲ့ ပျူစောထီး အင်အား ၃၀ ကျောက်ပါဝင်နေတယ်လို့ တော်လှန်ရေးမှာ ပါဝင်လှုပ်ရှားနေတဲ့ရွှေကူမြို့ခံ အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

အခုတက်သွားတဲ့စစ်ကြောင်းဟာနဂိုက အင်အား ၈၀လောက်ရှိတာ ရွှေကူပြန်ဝင်တော့ ၅၀ ကျော်ပဲကျန်တာ လမ်းမှာတိုက်ခိုက်ခံရတော့ကျကုန်တာလေး အဲ့တာအခုပြန်ဝင်သွားတော့ ၅၀၀၀ စား(တပ်ထောက်ခံသူနဲ့ပျူစောထီး)တွေ ၃၀ ကျော်နဲ့အင်အား ၈၀ လောက်ပြန်တက်သွားတယ် တချို့ကရွှေကူမြို့ပေါ်က တချို့ကတောပုန်းရွာထဲကပါသွားတယ်လို့ သူကပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းနှင့်ပါသွားသည့်တပ်ထောက်ခံသူ ၃၀ ကျော်တွင် အများစုဟာ ရွှေကူမြို့ကဖြစ်ပြီး တောပုန်းကျေးရွာမှ ကြံ့ခိုင်ရေးပါတီဝင်လူငယ်များလည်း ပါဝင်ကြောင်း ဒေသခံတွေကပြောပါတယ်။

သူတို့ကိုသေနတ်ပေးကိုင်ထားတာမတွေ့ရဘူး ဟိုရောက်ရင်တော့မသိဘူးပေးကိုင်ရင်ကိုင်ခိုင်းမှာ စောင့်ကြည့်နေတယ်ကျနော်တို့လည်းတောပုန်းရွာကအစိမ်း(ကြံ့ခိုင်ရေး)တွေများတယ်လေး အ့ကြောင့်တောပုန်းကလူတွေလည်းပါသွားတယ်လို့ မျက်မြင်တွေ့ခဲ့ဒေသခံတစ်ဦးကပြောပါတယ်။

ရွှေကူမြို့နယ်ရဲ့အရှေ့ဘက်ခြမ်းနဲ့အနောက်ခြမ်းဒေသတွေမှာ စစ်တပ်ကမကြာခန စစ်ကြောင်းထိုးဝင်ရောက်တာတွေကြောင့် ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်တပ်တို့တိုက်ပွဲဖြစ်ပွားနေတဲ့နေရာဖြစ်သလို ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့ကလည်း ကျောက်ကြီးရွာကနေ ဆင်တပ်ရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို ကာကွယ်ရေးတပ်တွေက စောင့်ကြိုတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပါတယ်။

လက်ရှိ စစ်ကောင်စီစစ်ကြောင်းထဲ ပါဝင်နေတဲ့တပ်ထောက်ခံသူတွေဟာ ရွှေကူမြို့နဲ့ ၅မိုင်ခန့်ဝေးတဲ့ တောပုန်းကျေးရွာကဖြစ်ပြီး အိမ်ခြေ ၂၅၀ ကျော်ရှိတယ်လို့ သိရပါတယ်။

အဲဒီထဲမှာမှ အိမ်ခြေအများစုက စစ်တပ်ထောက်ခံသူတွေဖြစ်တာကြောင့် ယခုလိုစစ်ကောင်စီ စစ်ကြောင်းနဲ့ပူးပေါင်းနေတာဖြစ်တယ်လို့ သိရပါတယ်။

အရပ်သားတွေနဲ့ပူးပေါင်းပြီး တက်သွားတဲ့ ခရလ ၁၀ စစ်ကြောင်းဟာ ဇူလိုင်လ ၂၀ ရက်ကျော်ကလည်းအင်အား ၈၀ ကျော်နဲ့ ကျောက်ကြီးဘက်ကိုစစ် ကြောင်းထိုးလာချိန်ကာကွယ်ရေးတပ်တွေကဒရုန်းနဲ့ ၂ ကြိမ် ထက်မနည်းဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံး၊ဒဏ်ရာရသူ ၂၀ ကျော်ရှိခဲ့လို့ တပ်ပြန်ဆုတ်ခဲ့ပြီးနောက် ယမန်နေ့ အရပ်သားတွေနဲ့အင်အားဖြည့်ပြီး စစ်ကြောင်းပြန် တက်သွားတာဖြစ်ပါတယ်။

Show More

Related Articles

Back to top button