သတင်း

စပျစ်ခူးကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း သေနတ်နဲ့ပစ်သတ်ခံရ

ဖားကန့်မြို့ အေးမြသာယာအုပ်စု စပျစ်ခူးမော်ကျေးရွာက အုပ်ချုပ်ရေးမှူးဟောင်း ဦးအောင်လင်း သေနတ်နဲ့ပစ်သတ်ခံရတယ်လို့ မိသားစုနှင့်နီးစပ်သူတွေဆီကနေ သိရပါတယ်။

မနေ့ည ခုနှစ်နာရီလောက်က လူငယ်လေး  ယောက် ဆိုင်ကယ်နှစ်စီးနဲ့ သူ့အိမ်ကိုရောက်လာခဲ့ပြီး ခေါ်သွားခဲ့တာ၊မနက်ကျတော့ သေဆုံးတာကို ကြားသိရတာပါပဲလို့ပြောပါတယ်။

သေဆုံးသူ ဦးအောင်လင်းအား ဒီနေ့မနက်  နာရီခန့်မှာ ဝှေခါဖားကန့်သွား လမ်းမကြီးတစ်နေရာတွင် ပြန်လည်တွေ့ရှိခဲ့ပြီး၊ဦးခေါင်းနောက်စေ့မှာ သေနတ်ပစ်ဒဏ်ရာ၊မျက်နှာမှာ ညိုမဲဖူးယောင်ပြီး ရိုက်နက်ထားတဲ့ ဒဏ်ရာနဲ့သေဆုံးနေတဲ့ရုပ်အလောင်းကိုတွေ့ရှိခဲ့ကြတယ်လို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် ဦးအောင်လင်းစီးသွားတဲ့  အိမ်စီးကားကိုလည်း မတွေ့ရှိရဘဲ ရုပ်အလောင်းကိုသာတွေ့ခဲ့ကြရတာဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသူ ဦးအောင်လင်းကိုဘယ်အဖွဲ့ကပစ်သတ်သွားတယ်ဆိုတာကိုတော့ KNGအနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။

ဒါပေမယ့် ဒေသခံတစ်ချို့ပြောတာကတော့ သတ်ခံရတဲ့ဦးအောင်လင်းဟာ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ပတ်သက်ဆက်နွယ်သူဖြစ်တယ်ဆိုပြီး သတင်းပေါက်ကြားနေတာကြောင့် သတ်ခံရတာဖြစ်နိုင်တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။

သူ့ကို ကာကွယ်ရေးတပ်နဲ့ပတ်သက်တယ်ဆိုပြီး ပြောကြတာတော့ ရှိတယ်  ခုသတ်ခံရတာ အဲဒါနဲ့  ဆက်စပ်နိုင်တယ်လို့ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို KNG သတင်းဌာနအနေနဲ့ ဆက်သွယ်မေးမြန်းရာမှာတော့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေလုပ်ဆောင်တာမဟုတ်ဘူးလို့ ပြောပါတယ်။

စစ်တပ်မှ အာဏာရယူပြီးနောက် ဖားကန့်ကျောက်စိမ်းမှော်ဒေသမှာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ အနားယူသွားခဲ့ကြပြီးနောက် ဒေသတွင်း ကိစ္စရပ်များအား အဆင်ပြေစေရန်အတွက် ရပ်မိရပ်ဖများမှ ကူညီဆောင်ရွက်လုပ်ကိုင်နေတာဖြစ်ပါတယ်။

ဒါပေမယ့် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ သတ်ဖြတ်ခံရတာတွေများလာတဲ့အတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးတာဝန်ကနေ နုတ်ထွက်ဖို့ စစ်ကောင်စီထံကို စာတင်သူတွေလည်း များလာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဖားကန့်မှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်မေလ ၁၀ ရက်နေ့မှာ ဆန်းကြွယ်က အုပ်ချုပ်ရေးမှူးဦးမြင့်မောင်၊ မေလ ၃၁ ရက်နေ့မှာ မနကျေးရွာက အုပ်ချုပ်ရေးမှူးဦးတင်စိုးအပြင် ဒီနှစ် ဇွန်လအတွင်းမှာ လုံးခင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ကိုကျော်ဆွေ သေနတ်နဲ့ပစ်သတ်ခံရတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။

Show More

Related Articles

Back to top button