သတင်း

အင်းတော်နယ်မှာ မိုင်းနင်းမိပြီး အမျိုးသား နှစ်ဦး ပွဲချင်းပြီးသေဆုံ

စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ် မော်တိတ်အုပ်စု အင်ပင်ကျေးရွာအဝင်မှာ အမျိုးသားနှစ်ဦး မိုင်းနင်းမိပြီး ပွဲချင်းပြီးသေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဲဒီလူငယ် နှစ်ဦးဟာ အင်ပင်ကျေးရွာအနီးက လယ်တောထဲမှာ စပါးခင်းဆင်းကြည့်ရာကနေ လယ်တောအနီးထောင်ထားတဲ မိုင်းနင်းမိတာဖြစ်တယ်လို့ နန့်သာကျေးရွာနေအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။
“သူတို့ နှစ်ယောက်က မယားညီကိုတွေဟုတ် တယ် အဲ့တာ ဆိပ်သာဘက်ကို သုံးဘီးနဲ့ ဝက်သွားပို့တာသွားပို့ပြီးအပြန်မှာ အင်ပင်ရွာနားက သူတို့လယ်တောထဲကိုခနစခင်းကြည့်ဖို့ဆင်းတာ အဲ့မှာမိုင်းနင်းမိပြီး ၂ယောက်လုံးသေတာပါ့”လို့ သူကပြောပါတယ်။
သေဆုံးသူ ၂ ဦးစလုံးက အသက် ၂၀ ကျော်အရွယ်လူငယ်တွေဖြစ်တယ်လို့ ပြောပါတယ်။
မိုင်းထောင်ထားတဲ့နေရာဟာ အင်ပင်ရွာအဝင် အင်ပင်နဲ့ ပေ ၆၀ လောက်ဝေးတဲ့ ကားလမ်းဘေးမှာဖြစပြီး ဒေသခံတွေပြောဆိုချက်အရ စစ်တပ်ကထောင်ထားတဲ့မိုင်းဖြစ်နိုင်တယ်လို့ ဆိုပေမယ့် KNG အနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
“ထောင်ထားတဲ့မိုင်းပါ့။ ဒီမှာပြောနေကြတာ ကတော့ ဘယ်သူထောင်တာလဲ ကာကွယ်ရေးတွေထောင်တာလားမေးတော့ ကာကွယ်ရေး တွေဘက်ကမထောင်ဘူးလို့ပြောတယ်”လို့ အခြားဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။
သေဆုံးသွားတဲ့အမျိုးသား ၂ဦးဟာ စစ်ရှောင်နေရတဲ့သူတွေ ဖြစ်ပြီး နန့်သာကျေးရွာက ဦးမြင့်လွင်ရဲ့ သားမက်တောစပ်သူ ၂ဦး လို့သိရပါတယ်။
လက်ရှိမှာတော့မော်တိတ်ဒေသထဲက နန့်သာရွာနဲ့ မော်တိတ်ကျေးရွာထဲမှာ စစ်ကောင်စီတပ် တွေအထိုင်တပ်ချထားပြီး အင်ပင်၊အောင်းကုန်း၊ နန့်သာ၊ တုံ့တော်စတဲ့ကျေးရွာတွေကို မုံမှန်စစ်ရေးလှုပ်ရှားနေတယ်လို့ဒေသခံတွေကဆိုပါတယ်။
အင်းတော်မြို့နယ်မှာ စစ်ကောင်စီတပ် ကပစ်ခတ်တဲ့လက်နက်ကြီးနဲ့ လက်နက်ငယ် ရမ်းသမ်ဖြစ်ခတ်မှုကြောင့် အရပ်သားတွေသေဆုံမှု အရင်ကရှိခဲ့ပေမယ့် အခုလိုထောင်ထားတဲ့ မိုင်းနင်းမိလို့သေဆုံးတာဟာ KNG ကရထား တဲ့အချက်အလက်မရ ပထမဆုံးဖြစ်ပါတယ်။
Show More

Related Articles

Back to top button