သတင်း

ဖားကန့်၊မဇွပ်ယန် အချုပ်ထောင်မှ အကျဉ်းသား/သူ ၁၇ ဦး လွတ်ငြိမ်းသက်သာခွင့်ရ

စစ်ကောင်စီတပ်ရဲ့ လွတ်ငြိမ်းခွင့်မှာ ဖားကန့်မြို့ မဇွပ်ယန်အချုပ်ထောင်မှ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား၊သူ ၁၇ ဦးလွတ်မြောက်လာတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေကပြောပါတယ်။

အမျိုးသမီး ရှစ်ဦး၊အမျိုးသား ကိုးဦး ဒီနေ့ လွတ်‌မြောက်ပါတယ်ဟု မဇွပ်ယန်အချုပ်ထောင် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ယနေ့လွတ်မြောက်လာသူများထဲတွင် နိုင်ငံရေးဖြစ်စဉ်ကြောင့် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ နိုင်ကျဉ်းသား ၁၁ ဦး၊တစ်ခြားသော ပုဒ်မတွေနဲ့ထောင်ကျခံသူ ‌ ဦး ပါဝင်ခဲ့ကြောင်း ၎င်းက ဆက်ပြောပါတယ်။

ဖားကန့်မှာ အာဏာသိမ်းပြီးနောက် ဒီကနေ့ထိ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အရပ်သားပြည်သူ ၂၀၀ ဝန်းကျင်ရှိသေးတယ်လို့လည်း ဖားကန့်ဒေသခံတွေကပြောပါတယ်။

အဲဒီဖမ်းဆီးထိန်းသိမ်းခံထားရသူများဟာ မဇွပ်ယန်အကျဉ်းထောင်၊ ယမ်းချက်စခန်း၊ဖားကန့်စစ်တပ်စခန်း၊ဗျူဟာကုန်းအသီးသီးမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတာပါ။

စစ်ကောင်စီတပ်ဟာ ဒီနှစ်ထဲမှာတော့ ပြီးခဲ့တဲ့ ဧပြီလ ၁၇ မြန်မာနှစ်ဆန်း ၁ ရက်နေ့ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကျဉ်းသူအကျဉ်းသား ၃၀၁၅ ဦး နှင့် နိုင်ငံခြားသာ အကျဥ်းသား၊ အကျဥ်းသူ ၉၈ ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ရာမှာ ကချင်ပြည်နယ် အကျဉ်းထောင်တစ်ချို့ အကျဉ်းသား၊သူ  ၆၇ ဦး လွှတ်ငြိမ်းခွင့်ရခဲ့ပါတယ်။

ဒါ့အပြင် ဒီကနေ့မှာတော့ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား၊သူ ၇၇၄၉ ဦးကို လွတ်ငြိမ်းခွင့် အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကိုးကန့်အဖွဲ့MNDAA၊တအောင်းအဖွဲ့ TNLAနဲ့ ရှမ်းအဖွဲ့ SSPPက စုစုပေါင်း ၂၂ယောက်အပါအဝင် ဆက်စပ်သူ ၇၂ယောက်ကိုလည်း ထပ်ပြီးလွတ်ငြိမ်းခွင့်ပေးလိုက်ကြောင်း ထုတ်ပြန်လာတာပါ။

အဆိုပါ ထုတ်ပြန်ချက်တွင် နောက်တကြိမ်ပြစ်မှုကျူးလွန်ပါကကျန်ရှိနေတဲ့ ပြစ်ဒဏ်များကိုပါ ပြန်လည်ကျခံရမည် ဆိုသည့် ခံဝန်ဂတိ ပုဒ်မ (၄၀၁ဖြင့် လွှတ်ငြိမ်းခွင့်ပြုခြင်းဖြစ်ပါတယ်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ် ဧပြီလ ၁၂ရက်အထိ စစ်ကောင်စီတပ်မှ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ စွပ်စွဲချက်ဖြင့် ဖမ်းဆီးထားသည့် လူဦးရေမှာ စုစုပေါင်း ၂၁၃၄၈ ဦးရှိကြောင်း AAPP ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဖမ်းဆီးခံထားရသည့်အနက် ၁၉၇၃၃ ဦးရှိပြီး ဆက်လက် ဖမ်းဆီးခံထားရသူဟာ ၆၉၈၈ ဦးဖြစ်ပြီး ထောင်ဒဏ်ချမှတ်ခံထားရကာ ပြန်လည်လွတ်မြောက်လာသူများမှာ ၄၃၉၀ ဦးရှိကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ဇူလိုင်လ ၃၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Show More

Related Articles

Back to top button