သတင်း

စစ်ကောင်စီရဲ့လွတ်ငြိမ်းချမ်းသာခွင့်မှာ ကချင်ပြည်နယ် အကျဉ်းထောင်တစ်ချို့က အကျဉ်းသား၊သူ ၁၅၉ ဦးလွတ်မြောက်၊ နိုင်ကျဉ်း ၁၅ ဦးပါဝင်

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီရဲ့ လွှတ်ငြိမ်းချမ်းသာခွင့်မှာ ကချင်ပြည်နယ် အကျဉ်းထောင်အချို့မှ အကျဉ်းသား၊သူ  ၁၅၉ ဦး လွှတ်ငြိမ်းခွင့်တွင် ပါဝင်လာတယ်လို့ သိရပါတယ်။

အဲဒီလွှတ်ငြိမ်းချမ်းသာခွင့်မှာ မြစ်ကြီးနားအကျဉ်းထောင်က ၇၇ ဦး၊ဖားကန့်အချုပ်ထောင်မှ ၁၇  ဦး၊ ဗန်းမော်အကျဉ်းထောင်မှ ၃၀ ဦးနဲ့မိုးညှင်းအကျဉ်းထောင်က ၃၅ ဦးပါဝင်လာပြီး စုစုပေါင်း လွတ်မြောက်လာသူ ၁၅၉ ဦးရှိပြီး အဲထဲမှာမှ ဖားကန့်အချုပ်ထောင်က နိုင်ကျဉ်းသား ၁၁ ဦးပါဝင်လာပြီး၊ မြစ်ကြီးနားအကျဉ်းထောင်က နိုင်ကျဉ်းသား ၄ ဦးပါဝင်လာတယ်လို့ လွတ်မြောက်လာသူနဲ့နီးစပ်သူတွေဆီကနေ စုံစမ်းသိရှိရပါတယ်။

မြစ်ကြီးနားကအများဆုံး ၇၇ ဦးလွတ်တယ် ဒါပေမယ့် နိုင်ကျဉ်းသားပါဝင်လာမှုကနည်းနေသေးတယ်” လို့ မြစ်ကြီးနားဒေသခံတစ်ဦးက ပြောပါတယ်။

ကချင်ပြည်နယ်မှာ ပူတာအိုအကျဉ်းထောင်၊ မြစ်ကြီးနားအကျဉ်းထောင်၊ ဗန်းမော်အကျဉ်းထောင်နဲ့ မိုးညှင်းအကျဉ်းထောင်၊ ဖားကန့်အချုပ်ထောင် စုစုပေါင်း အကျဉ်းထောင် ၅ ခုအနက် ယနေ့လွှတ်ငြိမ်းခွင့်မှာတော့ ပူတာအိုအကျဉ်းထောင်က လွတ်မြောက်လာသူရှိမရှိ အသေးစိတ်မသိရသေးပေ။

ကျမတို့ ပူတာအိုမှာက ခုထိလွတ်သူရှိမရှိ မကြားရသေးဘူး ပြီးခဲ့တဲ့အခေါက်ကတော့ လွတ်တာရှိတယ်” လို့ ပူတာအိုဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။

စစ်ကောင်စီဟာ ၂၀၂၃ ခုနှစ် ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကျဉ်းသူအကျဉ်းသား ၃၀၁၅ ဦး နှင့် နိုင်ငံခြားသာ အကျဥ်းသား၊ အကျဥ်းသူ ၉၈ ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပြီး၊ ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း စစ်ကောင်စီက ဧပြီလ ၁၇ရက်တွင် ထုတ်ပြန်ခဲ့ပါတယ်။

အလားတူ ဒီကနေ့မှာလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းကျခံနေရတဲ့ အကျဉ်းသား၊သူ ၇၇၄၉ ဦးကို လွတ်ငြိမ်းခွင့်ပေးခဲ့ပါတယ်။

အဲဒီလွတ်ငြိမ်းခွင့်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ကိုးကန့်အဖွဲ့MNDAA၊တအောင်းအဖွဲ့ TNLAနဲ့ ရှမ်းအဖွဲ့ SSPPက စုစုပေါင်း ၂၂ယောက်အပါအဝင် ဆက်စပ်သူ ၇၂ယောက်ကိုလည်း ထပ်ပြီးလွတ်ငြိမ်းခွင့်ပေးလိုက်ပေမယ့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO,KIA ပါဝင်ခြင်းမရှိခဲ့ပေ။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့ထိ ၁ရက်အထိ စစ်ကောင်စီတပ်မှ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ စွပ်စွဲချက်ဖြင့် ဖမ်းဆီးထားရတဲ့ လူဦးရေမှာ စုစုပေါင်း ၂၄၁၃၀  ဦးရှိကြောင်း AAPP ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါ ဖမ်းဆီးခံထားရတဲ့ လူဦးရေ ၂၄၁၃၀ ထဲက ထောင်ဒဏ်ချမှတ်ခံထားရသူ ၆၉၇၁ ရှိပြီး ပြန်လည်လွတ်မြောက်လာသူများမှာ ၄၄၁၄ ဦးရှိကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ဩဂုတ်လ ၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Show More

Related Articles

Back to top button