သတင်း

ဖားကန့်မှာ ပုပ်ပွနေတဲ့ပိုင်ရှင်မဲ့အမျိုးသားတစ်ဦးအလောင်းတွေ့ရှိ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူ(ဆိုင်းတောင်) ကျေးရွာအနီးမှာ ပုပ်ပွနေတဲ့ ပိုင်ရှင်မဲ့အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်း တွေ့ရှိခဲ့တယ်လို့သိရပါတယ်။

ဆိပ်မူ(ဆိုင်းတောင်ရွာဟောင်း)ဘက်သွားတဲ့ လမ်းမကြီးဘေး တောထဲမှာ အမည်မသိတဲ့ အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းကို ဒေသခံတွေကတွေ့ရှိခဲ့တယ်လို့ ဆိပ်မူကျေးရွာနေ အမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

ယူဆရသလောက်ကြိုးဆွဲချသေတာလို့တော့ပြောလို့ရမယ်အသေအချာတော့မသိရဘူး သူ့လည်ပင်မှာက နွယ်ကြိုးနဲ့ စွပ်ထားတာ သေနေတာ လေးရက်လောက်တော့ရှိပြီလို့ ဒေသခံတစ်ဦးကပြောပါတယ်။

ရုပ်အလောင်းဟာ ဆိပ်မူ(ဆိုင်းတောင်)ရွာဟောင်းလမ်းမကြီးနဲ့ ပေ ၅၀၀ အကွာတော ထဲမှာ မြစ်ရှာထွက်တဲ့ဒေသခံတွေက တွေ့ရှိခဲ့တာဖြစ်ပြီးမည်သူမည်ဝါ မည်သည့်အကြောင်းကြောင့် သေဆုံးခဲ့တယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ဒေသခံတွေကဆိုပါတယ်။

ဖားကန့်ဒေသမှာ အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း အရပ်သားပြည်သူတွေအသတ်ခံရတဲ့ရုပ်အလောင်းမကြာခန တွေ့နေရသလို ခိုးဆိုးလုယက်သတ်ဖြတ်ခံရမှုလည်း မကြာခနဖြစ်ပွားလျက်ရှိနေပြီး ဇူလိုင်လ တစ်လတာအတွင်း မှာလည်း ခိုးဆိုးလုယက်မှုအပါအဝင် သတ်ဖြတ်ခံရမှု ၉ ကြိမ်ထက်မနည်းရှိခဲ့တာလည်းဖြစ်ပါတယ်။

ခုနောက်ပိုင်းက ပိုင်ရှင်မရှိလူသေအလောင်းတွေ ခနနတွေ့နေရတာ ဘယ်သူဘယ်ဝါသတ်တယ်ဆိုတဲ့ တရားခံလည်းမပေါ်ဘူး အဲလိုတွေက ဖားကန့်ဒေသအတွက် အဆန်းမဟုတ်တော့ဘူး ဖြစ်လာတယ်လို့ ဖားကန့် မြို့မိမြို့ဖ တစ်ဦးကပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖားကန့်ဒေသမှာတော့ အရပ်သားဖမ်းဆီးသတ်ဖြတ်ခံရမှုဟာ အများဆုံးကြုံတွေ့နေကြရတာလည်းဖြစ်ပါတယ်။

Show More

Related Articles

Back to top button