သတင်း

နန်းယွန်းမြို့နယ်မှာ အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီစျေး အဆမတန်မြင့်တက်နေ

စစ်ကိုင်းဒေသကြီး နန်းယွန်းမြို့နယ်ထဲမှာ ကုန်ကားကြီးတွေ မဝင်ရောက်နိုင်သေးတာကြောင့် အခြေခံစားသောက်ကုန် နဲ့စက်သုံးဆီစျေးတွေ အဆမတန်မြင့်တက်နေတယ်လို့ နန်းယွန်းဒေသခံတွေဆီကနေ သိရပါတယ်။

နန်းယွန်းရှင်ဗွေယန်ကားလမ်းပိုင်းတစ်နေရာမှာ ပြီးခဲ့တဲ့ ဇူလိုင်လဆန်းပိုင်းက ကားလမ်းမြေပြိုမှု ကြီးကြီးမားမားဖြစ်ပွားခဲ့ပြီးတဲ့နောက် လက်ရှိအချိန်ထိ ကားလမ်းပိုင်းသေချာပြုပြင်နိုင်ခြင်းမရှိသေးတဲ့အတွက် ကုန်ကားအဝင်ရပ်တန့်နေပြီး အခြေခံစားသောက်ကုန်နှင့်စက်သုံးဆီစျေးတွေအဆမတန်မြင့်တက်သွားတာလို့ နန်းယွန်းမြို့နေ အသက် ၄၀ ကျော်အရွယ်အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

ကုန်ကားကြီးတွေကမဝင်သေးဘူးဗျလမ်းကတံတား အဆင်မပြေသေးဘူးကြာအုံး မယ်ကြားတယ်။ဓာတ်ဆီကတော့တစ်ဂါလံ ၂၀၀၀၀ ကျော်သွားပြီး ဓာတ်ဆီတက်မှတော့ တခြာစားသောက်ကုန်လည်း ပြောစရာမလိုတော့ဘူးပေါ့ အကုန်တက်တယ်လို့ ပြောပါတယ်။

ကားလမ်းစပြိုပြီးနောက်တစ်ပတ်အတွင်း ဆန်တစ်အိတ် ကျပ် ၁၅၀၀၀၀၊ ဓာတ်ဆီတစ်ဂါလံကျပ် ၂၀၀၀၀ အထိစျေးမြင့်ခဲ့ပြီး ရက်ပေါင်း ၂၀ ကျော်အကြာလက်ရှိချိန်မှာတော့ ဆန်တစ်အိတ် ကျပ် ၁၇၀၀၀၀ ၊ဓာတ်ဆီတစ်ဂါလံ ကျပ် ၃၀၀၀၀ ကြက်သွန်နီ/ဖြူ တစ်ပိသာကျပ် ၇၀၀၀၊ ၈၀၀၀ လောက်အထိကိုစျေးမြင့်တက်သွားတယ်လို့ ဒေသခံတွေဆိုပါတယ်။

ကုန်တွေကတော့မပြတ်ဘူး အဲ့လမ်းပြိုတဲ့နေရာမှာ ကားတစ်သမားတွေက ကြိုးတန်းပြီးပစ္စည်းတွေကိုကြိုးနဲ့သယ်တာ ကြာတယ် ပါဂျဲရိုကားတစ်စီးဆာလောက်ကိုတစ်နေကုန် သယ်ရတယ်လို့ နန်းယွန်းမြို့နေအမျိုးသားတစ်ဦးကပြောပါတယ်။

စားသောက်ကုန်တွေကိုတော့ နန်းယွန်းရှင်ဗွေယန်လမ်းကနေခက်ခက်ခဲခဲသယ်ယူကြရပြီး စက်သုံးဆီတွေကိုတော့ ခန္တီးဘက်ကနေ ဒုံဟီးနန်းယွန်းကားလမ်းအတိုင်းသယ်ယူကြပေမယ့် လမ်းပိုင်းဝေးတာ၊လမ်းပမ်းဆက်သွယ် ရေးအင်မတန်ခက်ခဲနေတာတွေကြောင့် အခုလိုကုန်စျေးနှုန်းတွေမြင့်တက်နေတာလို့ ဒေသခံတွေဆီကနေသိရပါတယ်။

လမ်းမြေပြိုတဲ့နေရာဟာ ရှင်ဗွေယန်မြို့နဲ့ ငါးမိုင်းဝေးတဲ့ (ဒေသအခေါ်ငါးမိုင်တံတား)အနီးမှာဖြစ်ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် ဇူလိုင် ၄ရက်နေ့မနက်ပိုင်းက ကားလမ်းအရှည်ပေ ၁၀၀ ကျော်အနက်ပေ ၁၀၀ နီးပါးလောက်အထိပြိုကျခဲ့တာဖြစ်ပါတယ်။ နန်းယွန်းမြို့ဟာ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွက်အရေးပါတဲ့မြို့ကြီးတစ်မြို့လည်းဖြစ်ပါတယ်။

Show More

Related Articles

Back to top button