သတင်း

မိုးကောင်းမှာ အသစ်ဖွင့်တဲ့လောင်းကစားရုံပြန်ပိတ်လိုက်ရ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ ဩဂုတ်လ ၂၆ ရက်နေ့ အသစ်ဖွင့်တဲ့ လောင်းကစားရုံဒီကနေ့ မနက် ၈နာရီလောက်မှာပဲ ပြန်ပိတ်သိမ်းလိုက်ရပြီလို့ ဒေသခံတွေဆီကသိရပါတယ်။

အဲ့ဒီလောင်းကစားရုံဟာ မိုးကောင်းမြို့နယ်အလယ်ရပ်ကွက်မှာ ဩဂုတ်လ ၂၆ ရက်နေ့ကပဲ ဖွင့်ပွဲလုပ်ခဲ့တာဖြစ်ပြီးဒေသခံတွေ ပိတ်သိမ်းစေလိုတယ်လို့ သတင်းဌာနတွေကနေတစ်ဆင့် ကြေညာပြီးနောက်မှာပဲ အခုလို ပိတ်သိမ်းခံလိုက်ရ တာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ဒီနေ့မနက်ကပဲ ပြန်ပိတ်လိုက်ရတယ်လို့သိရတယ် မနေ့ကမှဖွင့်တာ ရဲစခန်းတွေဘာတွေကနေလာသိမ်းသွားတာတဲ့ လောင်းကစားရုံတွေကြောင့် မူးယစ်ဆေးနဲ့ခိုးဆိုးလုယက်ကလည်းဖြစ်တာကို ဖွင့်တဲ့ချိန်လည်း ပြည်သူတွေကလည်း လက်မခံဘူးဆိုတာကို မီဒီယာတွေကနေ အော်လိုက်တာကို တွေ့လို့ ချက်ချင်းပိတ် လိုက်ရတာလို့ထင်တာပဲလို့ပြောပါတယ်။

မိုးကောင်းမြို့ဒေသခံတစ်ယောက်ကတော့ လောင်းကစားရုံတွေဟာ အာဏာပိုင်တွေ နဲ့ ညှိပြီးလုပ်ဆောင် ရတဲ့လုပ်ငန်းတွေဖြစ်တယ်လို့ သူရဲ့အမြင်ကိုအခုလိုပြောပြပါတယ်။

ဒါတွေကဖွင့်တယ်ဆိုတာလည်း ဒီတိုင်းဖွင့်လို့မရပါဘူး သူတို့စခန်းတို့ဘာတို့ကို လိုင်းကြေးပေးပြီးပဲ ဖွင့်ရ တာ ရဲစခန်းတွေဘာတွေကလည်း မသိဘူးဆိုတာမရှိဘူး အောက်ခြေကနေပြီးတော့လိုင်းကြေးတွေယူပြီး ဖွင့်တာ အပေါ်ကလူတွေကမသိဘူးလို့ပြောပါတယ်။

ဒါ့အပြင် အဲဒီလောင်းကစားရုံကို အဓိကခွင့်ပြုချက်ပေးပြီး အခွန်ကောက်ခံနေသူ တွေဟာ မိုးကောင်းမြို့နယ်မှူးရဲထွန်းအောင် နဲ့ နယ်ထိန်းအင်ရှပ်ဇာနည်ဇော်တို့ဖြစ်တယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။

အဲဒီလောင်းကစားရုံဟာ ကာစီနို၊ငါးပစ်ဂိမ်း၊မူးယစ်ဆေးဝါးအစုံရနိုင်တဲ့နေရာဖြစ်ပြီး ၂၄ နာရီဖွင့်တဲ့ လောင်း ကစားဖြစ်ပြီးတော့ မိုးကောင်းမြို့မှာအကြီးဆုံးလောင်းကစားရုံဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ကချင်ပြည်နယ်မှာရှိတဲ့ မြစ်ကြီးနား၊ဗန်းမော်၊ ပူတာအို၊တနိုင်း၊ ဖားကန့်၊မိုးကောင်း၊မိုးညှင်းမြို့ကြီးတွေမှာ လောင်းကစားဝိုင်းတွေကို မြို့ပေါ်ရပ်ကွက် တွေမှာ ပေါ်ပေါ်တင်တင်ဖွင့်ခိုင်းတာ တွေပိုများလာတယ်လို့လည်း အရပ်သားပြည်သူတွေကပြောပါတယ်။

Show More

Related Articles

Back to top button