ဖမ်းဆီးခံရမှုဖမ်းဆီးသတ်ဖြတ်ခံနေရတဲ့သတင်းသတင်း

စစ်ကြောရေးမှာ သတ်ဖြတ်လိုက်တဲ့ ဝဘော်တန်ဂွန်းကို နာရေးအတွက် စစ်တပ်က ၅ သိန်းလျော်ကြေးပေး

မိုးကောင်းမြို့  နတ်ကြီးကုန်း၊ ပျော်လင့်ရပ်ကွက်မှာ စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ ဦးဝဘော်တန်ဂွန်းကို စစ်ကြောရေးထဲ သတ်ဖြတ်လိုက်ပြီးနောက် စစ်တပ်က နာရေးအတွက်ဆိုပြီး ပိုက်ဆံ  သိန်းပေးသာပေးပြီးတော့ ရုပ်အလောင်းကို ပြန်မပေးခဲ့ဘူးလို့ မိသားစုဝင်တွေနဲ့နီးစပ်သူတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဩဂုတ်လ ၁၉ ရက်နေ့ မိုးကောင်းမြို့ အထကကျောင်းမှာ ကျောင်းလာကြိုတဲ့ကား ပစ်ခံရပြီးတဲ့ ညကနေစပြီး မိုးကောင်း မြို့အဝင်အထွက်တွေကို စစ်ဆင်ရေးတင်းကြပ်လိုက်ပြီး အရပ်သားတွေကို ဖမ်းဆီးသွားတဲ့ထဲမှာ ဦးဝဘော်တန်ဂွန်း မိသားစုတွေလည်း ပါဝင်ခဲ့ပါတယ်။

အဲဒီနောက် စစ်ကောင်တပ်တွေက ဖမ်းဆီးသွားသူတွေကို မိုးကောင်း စစ်တပ်ကုန်းနဲ့ ခလရ  ၇၄ တပ်ထဲခေါ်ပြီး စစ်ဆေးခဲ့ရာကနေ ဦးဝဘော်တန်ဂွန်းဟာ စစ်ဆေးနေချိန်တွင်းမှာဘဲ အသက်ရှုကြပ်လာတဲ့အတွက် မိုးကောင်း ခလရ ၇၄ တပ်ကနေ  မြစ်ကြီးနား စစ်ဆေးရုံပို့ဆောင်ခဲ့ချိန်အတွင်းမှာပဲ စစ်ဆေးရုံမှာသေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် စစ်ကောင်စီတပ်တွေက မိသားစုဝင်တွေကို ဦးဝဘော်တန်ဂွန်းရဲ့ ရုပ်အလောင်းပြန်မပေးတဲ့အပြင် မြစ်ကြီးနား တပ်ဆေးရုံ ရေခဲတိုက်မှာထည့်ထားတဲ့ အလောင်းကိုသာ ကြည့်ခွင့်ပေးခဲ့တယ်လို့ မိသားစုဝင်တွေကပြောပါတယ်။

တန်ဂွန်းနဲ့အတူ ဖမ်းခံသွားရတဲ့ မိန်းမနဲ့ကလေးတော့ပြန်လွတ်လာပြီ။ ပြန်မလွတ်ခင် မိန်းမဖြစ်တဲ့သူကို စစ်သားတွေက နိယောကျာ်းမြစ်ကြီးနား တပ်ဆေးရုံမှာ သေသွားပြီဆိုပြီး စစ်သားတွေက မြစ်ကြီးနား တပ်ဆေးရုံမှာ ရေခဲတိုက်မှာထည့်ထားတဲ့အလောင်းကို ခေါ်ပြပြီး မိုးကောင်းပြန်ခေါ်လာတာလို့ သိရပါတယ်လို့ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဦးဝဘော်တန်ဂွန်း သေဆုံးသွားပြီးနောက် ဩဂုတ်လ ၂၇ ရက်နေ့မှာတော့ ဖမ်းဆီးထားတဲ့ ဇနီးနဲ့သားကို နာရေးအတွက် ငွေကျပ်  သိန်းပေးပြီး ပြန်လွတ်ပေးခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ဒေသခံတွေပြောဆိုချက်အရ စစ်ကောင်စီတပ်တွေဟာ သေဆုံးသူနဲ့အတူ ဇနီးနဲ့သားကို ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ပတ်သက်ဆက်နွယ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့  ဩဂုတ်လ ၂၀ ရက်ညနေအိမ်မှာ ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်ပြီး ဖမ်းဆီးခံသွားရပြီး တစ်ပတ်လောက်အကြာမှာ စစ်ကြောရေးမှာ စစ်ဆေးမေးမြန်းရင်း သေဆုံးသွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

မိုးကောင်းမြို့မှာ ဩဂုတ်လ ၂၀ ရက်နေ့ ရွှေသာလောင်းဘုရားဝင်းထဲက သာသနာ့ဗိမာန်ရှေ့ အားကစားပစ္စည်းဆိုင်က လူငယ်  ဦး၊ အိုးတန်းရပ်ကွက်က NLD ပါတီဝင် ဒေါ်မာကြူရဲ့သား  ယောက်ဩဂုတ်လ ၂၂ ရက်နေ့ သံလွင်တည်းခိုခန်းရှေ့ဆံပင်ညှပ်ဆိုင်က အမွှာညီအစ်ကို နဲ့ နှောင်ကိုင်တော်ရပ်ကွက်က ညီအစ်ကို၊ ဩဂုတ်လ ၂၅ ရက်နေ့ ကားဂိတ်နား ကချင်ရိုးရာစားသောက်ဆိုင်က  ယောက်၊ဩဂုတ် ၂၆ ရက်နေ့ မြနန္ဒာရုပ်ရှင်ရုံနားက အမျိုးသမီး ၄ယောက်နဲ့ ဩဂုတ်လ ၂၈ ရက်နေ့ စျေးကုန်းထဲက  ယောက်အပါအဝင် အမည်စာရင်းတိတိကျကျမသိနိုင်သူ အရပ်သား ၈၀လောက်ကိုလည်း စစ်ကောင်စီက ဖမ်းဆီးထားဆဲဖြစ်တယ်လို့ သိရပါတယ်။

ခုတစ်ချို့ကတော့ အာမခံနဲ့ပြန်လွတ်တာရှိတယ် အများပိုင်းတော့မလွတ်သေးဘူး။ စစ်သားတွေက ပိုဆိုးလာတယ် ခုနောက်ပိုင်း မိုးကောင်းမှာဆိုညဘယ်သူမှ အပြင်မထွက်ကြဘူး” လို့ ဒေသခံအမျိုးသားတစ်ယောက်ကပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ မိုးကောင်းမြို့မှာ ညတိုင်းကင်းပုန်းချတာတွေအပြင် အရပ်ဝတ်တွေနဲ့ ကင်းလှည့်တာတွေပါ ဆက်တိုက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

Show More

Related Articles

Back to top button