ဖမ်းဆီးခံရမှုသတင်း

မိုးကောင်းမှာ ဒေသခံ ဖမ်းဆီးခံရမှု ၂၀ကျော်ရှိလာ

ကချင်ပြည်နယ် မိုးကောင်းမြို့နယ်မှာ စစ်ကောင်စီတပ်ဘက်က ဒေသခံတွေကို ဆက်တိုက်ဖမ်းဆီးမှုတွေ ပြုလုပ်နေပြီးတော့ ဒီကနေ့ ဩဂုတ်လ၃၁ရက်နေ့အထိဆိုရင် ဖမ်းဆီးခံရတဲ့ ဒေသခံ ၂၀ကျော်ရှိလာပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဘက်က မိုးကောင်းမြို့နယ်အတွင်းက ဈေးဆိုင်၊ကုန်စုံဆိုင်နဲ့ ဆန်ဆိုင်တွေကို ကာကွယ် ရေးတပ်တွေကို ထောက်ခံတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဝင်ရောက်ဖမ်းဆီးနေတာဖြစ်ပြီးတော့ မနေ့က ဩဂုတ်လ၃၀ရက်နေ့က ပဲ အမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်ထပ်မံဖမ်းဆီးခံခဲ့ရတယ် လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

ကျနော်တို့ နောက်ဆုံးကြားတာကတော့ အိုးတန်းရပ်ကွက်က ပရီမီယာလက်ဖက်ရည်ဆိုင်ပိုင်ရှင် အမျိုး သား နဲ့ ၄မိုင်ရွာက အမျိုးသမီးတစ်ယောက် ထပ်ဖမ်းခံရတယ်လို့ ကြားတယ်။ တစ်ချို့ဆိုရင်ဒီကိစ္စနဲ့ ဘာမှ မပတ်သက်တာတွေပါတယ် တိုင်တဲ့သူကတိုင်ပေါ့ရမ်းသမ်းအကုန်လိုက်ဖမ်းနေတာ ကျနော် သိသလောက် ဆိုရင် ၂၀ကျော်ပြီလို့ပြောပါတယ်။

ဒါ့အပြင် မိုးကောင်းမြို့တွင်းနေထိုင်တဲ့ ဒေသခံတစ်ချို့ပြောတာကတော့ မိုးကောင်းမြို့တွင်း စစ်ကောင်စီ တပ်ရဲ့ ဖမ်းဆီးတာခံရတာ ၈၀ကျော်အထိရှိနိုင်တယ်လို့ ပြောနေကြပေမဲ့ ဒီအခြေအနေကိုတော့ KNG သတင်းဌာနကအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီဘက်က မိုးကောင်းမြို့တွင်းက ဒေသခံတွေကို ဖမ်းဆီးတဲ့အခါ နေအိမ်တွေအထိဝင်ရောက် ဖမ်းဆီးနေတာဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ဩဂုတ်လ၁၉ရက်နေ့က မိုးကောင်းအထက ၁ ကျောင်းကို ကျောင်းလာ ကြိုတဲ့ကားပစ်ခတ်ခံရပြီးတဲ့နောက်မှာပဲ ဖမ်းဆီးမှုတွေဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။

မိုးကောင်းမြို့နယ်မှာ ဒေသခံဖမ်းဆီးခံရမှုအပေါ် ကာကွယ်ရေးတပ်တွေနဲ့ နီးစပ်တဲ့ ဒေသခံတစ်ယောက်ကတော့ “ မိုးကောင်းမြို့မှာက ဒီကျောင်းလာကြိုတဲ့ကားကို ပစ်ခတ်ရှင်းလင်းတာကနောက်ဆုံးပေါ့ ဒီမတိုင်ခင်မှာ လည်း ကာကွယ်ရေးတပ်တွေရဲ့ မစ်ရှင်တွေအများကြီးပါ ဒလန်တွေဘာတွေရှင်းတာရောပေါ့ ဒါမဲ့ အခုလို အသည်းအသန်မလုပ်ဘူး ပြည်သူတွေကို အကြောက်တရားသွင်းတာပေါ့ နောက်တစ်ခါဖြစ်နိုင်တာက အသစ်ပြောင်းလာတဲ့ ဒကစမှူး ကအသစ်ဆိုတော့ အဲ့တာကြောင့်လည်း ဖမ်းဆီးမှုတွေများလာတယ်လို့ ထင်တယ်လို့ သုံးသပ်ပါတယ်။

ဒါ့အပြင် တစ်ဖက်မှာ မိုးကောင်းမြို့နယ်အတွင်းမှာ ကာကွယ်ရေးတပ်တွေကို ထောက်ပံ့မှုတွေပြုလုပ်နေတဲ့ အဖွဲ့တွေနဲ့ဆက်စပ်မှုရှိတဲ့သူတွေကို ဖမ်းဆီးဖို့ရည်ရွယ်ပြီး အခုလိုဒေသခံတွေကိုဖမ်းဆီးနေတာလို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က ပြီးခဲ့တဲ့ဩဂုတ်လ၁၉ရက်နေ့က မိုးကောင်း အထက ၁ကျောင်းကို ကျောင်းလာကြို တဲ့အချိန် ပစ်ခတ်ခံရချိန်မှာ ၂ယောက်သေဆုံးခဲ့သလို သေနတ်ပါသိမ်းဆည်းခံလိုက်ရတာဖြစ်ပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီတပ်ဘက်က မိုးကောင်းမြို့တွင်း လုံခြုံရေးတင်းကြပ်မှုတွေပြုလုပ်နေပြီးတော့ မိုးကောင်းမြို့တွင်းအခြေနေနဲ့ပတ်သက်လို့ ခုလိုပြောပါတယ်။

နေ့ညဆက်တိုက် ဖမ်းဆီးနေတယ် မနေ့ညကလည်း တစ်ညလုံးပဲ ကျနော်တို့တွေအပြင်တောင်ထွက်လို့ မရဘူး ၁၀နာရီကနေ၄နာရီထိလည်း မာရှယ်လောထုတ်ထားတယ် ညတိုင်းကို ဖမ်းဆီးမှုတွေလုပ်နေတာလို့အသက်၅၀ကျော်အရွယ် ဒေသခံအမျိုးသားတစ်ယောက်ကပြောပါတယ်။

မိုးကောင်းမြို့မှာ လက်ရှိချိန်ထိ ရွှေသာလောင်း ဘုရားဝင်းထဲက သာသနာ့ဗိမာန်ရှေ့ အားကစား ပစ္စည်းဆိုင်က လူငယ်  ဦး၊ အိုးတန်းရပ်ကွက်က NLD ပါတီဝင် ဒေါ်မာကြူ ရဲ့သား  ယောက်ဩဂုတ်လ ၂၂ ရက်နေ့ သံလွင်တည်းခိုခန်းရှေ့ဆံပင်ညှပ်ဆိုင် က အမွှာညီအစ်ကို နဲ့ နှောင်ကိုင်တော်ရပ်ကွက် က ညီအစ်ကို၊ ဩဂုတ်လ ၂၅ ရက်နေ့ ကားဂိတ်နား ကချင်ရိုးရာစားသောက်ဆိုင်က၅ ယောက်၊ ဩဂုတ် ၂၆ ရက်နေ့ မြနန္ဒာရုပ်ရှင်ရုံ နားက အမျိုးသမီး ၄ ယောက်နဲ့ ဩဂုတ်လ ၂၈ ရက်နေ့ စျေးကုန်းထဲက  ယောက်အပါအဝင် မနေ့က ဩဂုတ်လ၃၀ရက်နေ့ ကဖမ်းဆီးခံခဲ့ရတဲ့ ဒေသခံ ၂ယောက်အပါအဝင် စုစုပေါင်း ၂၂ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။

ဒါပေမယ့် အဲဒီထဲက တစ်ချို့တွေကိုတော့ အာမခံနဲ့ပြန်လွတ်ပေးတာတွေလည်းရှိတယ်လို့ သိရပေမယ့် ဘယ်သူဘယ်ဝါပြန်လွတ်လာတာလဲဆိုတာကိုတော့ အတည်ပြုနိုင်ဖို့ ခက်ခဲနေပါတယ်။

Show More

Related Articles

Back to top button