သတင်း

ဖားကန့်မှာ ဒီနေ့တစ်ရက်အတွင်း ဓါးထိုးမှုနှစ်ကြိမ်ဖြစ်ပြီး အမျိုးသား ၂ ယောက်သေဆုံး

ဖားကန့်မြို့ရှိ မရှီကထောင်ရပ်ကွက်နဲ့လုံးခင်းကျေးရွာအုပ်စု ဆွတ်ကြိုင်ရွာမှာ ဒီနေ့တစ်ရက်အတွင်းမှာဘဲ ဓါးထိုးမှုနှစ်ကြိမ်ဖြစ်ပြီး အမျိုးသား ၂ ယောက် သေဆုံးခဲ့ပါတယ်။

ဖြစ်စဥ်မှာ လုံးခင်းကျေးရွာအုပ်စု ဆွတ်ကြိုင်ကျေးရွာ (ဒေသအခေါ် လေးအိမ်စု)မှာ ဒီနေ့ည ၇ နာရီခွဲလောက်မှာ အမျိုးသား ၂ ယောက် စကားများရန်ဖြစ်ရာကနေ ဓါးထိုးမှုဖြစ်ခဲ့တယ်လို့ ဒေသခံတစ် ယောက်က အခုလိုပြောပါတယ်။

လေးအိမ်စု ရွာသားအချင်းချင်း ဓါးထိုးမှု ဖြစ်ခဲ့တာပေါ့၊အရက်မူးရာကနေ ဖြစ်တယ်လို့ ပြောကြတယ်လို့ လေးအိမ်စုရွာသားတစ်ဦးက ပြောပါတယ်။ 

ဓါးထိုးမှုကြောင့် အသက် ၃၀ အရွယ်လောက်ရှိနဲ့ ကိုရွှေမင်းသေဆုံးခဲ့ပြီး၊ဓါးနဲ့ထိုးတဲ့ တရားခံကိုမင်းမင်းကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။

အလားတူပဲ ဒီနေ့မနက်ပိုင်းမှာလည်း ဖားကန့်မြို့၊မရှီကထောင်ရပ်ကွက်၊စျေးအနီးမှာရှိတဲ့ တရုတ်ဘုံကျောင်းအရှေ့မှာ အသက် ၄၀ အရွယ်ရှိ အမျိုးသားတစ် ယောက်လည်ပင်းမှာ ထိုးသွင်းဒဏ်ရာနဲ့ သေဆုံးနေတဲ့ ရုပ်အလောင်းကို ဈေးသည်တွေက တွေ့ရှိခဲ့ပါတယ်။

ညက အချင်းချင်း ရန်ဖြစ်ကျတယ်လို့ သိရတယ်။သေဆုံးသူရဲ့ရုပ်အလောင်းဘေးမှာ မူးယစ်ဆေးဝါး(ရာမ)တချို့နဲ့ ငွေတစ်သိန်းနီးပါး တွေ့ခဲ့ရတယ်ဟု မျက်မြင်တွေ့ရှိခဲ့သူ မရှီကထောင်ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

သေဆုံးသူမှာ အသက်၄၀ အရွယ်ရှိ ဦး ဂွမ်ဂျက်ဖြစ်ပြီး ရုပ်အလောင်းအား ဖားကန့်ဆေးရုံ (ရင်ခွဲရုံ)သို့ ပို့ဆောင်ထားရှိတယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

စစ်တပ်အာဏာရယူပြီးနောက် ဖားကန့်ဒေသတွင်း တရားဥပဒေစိုးမိုးရေး မရှိတော့တဲ့အတွက် ခိုးဆိုး၊လု၊နှိုက်၊လူသတ်၊အကြမ်းဖက်ခြိမ်းခြောက်မှုများ နေ့စဥ်နီးပါးဖြစ်ပေါ်နေတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

Show More

Related Articles

Back to top button