တိုက်ပွဲသတင်း

ကသာနယ် အင်းဒရန့်ကျေးရွာမှာ စစ်ကောင်စီတပ်နှင့် KIA၊ PDFတို့ကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လူနေအိမ်တွေကို မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် အင်းဒရန့်ကျေးရွာမှာ စစ်ကောင်စီတပ်တွေနဲ့ KIAPDF ပူးပေါင်း တပ်ဖွဲ့တွေကြား ၃ရက် ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အရပ်သားတွေရဲ့နေအိမ် တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့သိရပါတယ်။

ဩဂုတ်လ ၂၆ ရက်နေ့က ဗန်းမော်ကနေ မန္တလေး ဘက်ကိုဆုန်သွားတဲ့ စစ်သဘော် ၉စီးကို လုံခြုံရေး ပေးဖို့ အင်းဒရန့်ကျေးရွာထဲမှာ ရောက်နေတဲ့ အင်အား ၁၀၀ ကျော်ရှိတဲ့ စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေး တပ်ဖွဲ့(KIA) တပ်ရင်း ၁၂ နှင့် ကသာ PDF ပူးပေါင်းတပ်တို့ဟာ ဩဂုတ်လ ၂၈ရက်၊ ၂၉ ရက်နေ့နှင့်  ဒီကနေ့ မနက် ပိုင်းအထိ နှစ်ဖက်ပစ်ခတ်မှု မကြာခနဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးတာ တွေ ရှိတယ်လို့ ကသာ PDF တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။

၂၈ ရက်နေ့ ည ၃ နာရီလောက်ကနေစဖြစ်တာပါ့ စစ်သားတွေက အင်းဒရန့်ရွာထဲမှာရှိနေတာလည်း အဲ့ဒါ ဒီဘက် ကနေသွားပစ်တာပေါ့ ၂၈ ရက်နေ့က စစ်သားတွေဘက်က သေတာ ၆ယောက်တဲ့ ၂၉ရက်နေ့ က ၈ ယောက် ဒီနေ့မနက်ပိုင်းမှာလည်း ထပ်ပြီး ထပ်ပစ်ကြပြန်တယ် မိနစ် ၂၀ ကျော်တယ် လို့ အထက်ပါ တာဝန်ရှိသူကပြောပါတယ်။

လွန်ခဲ့တဲ့ ၂ ရက်တာတိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက် ကထိခိုက်သေဆုံးသူ ၁၀ ဦးကျော် အထိရှိခဲ့တာဖြစ်ပြီး ကျေးရွာအတွင်းကနေ ထွက်ခွာသွားခြင်းမရှိသေးတာကြောင့် ဒီကနေ့ မနက်ပိုင်းထပ်မံတိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးမှုမသိကျကိုမသိရှိရသေးဘူးလို့သိရပါတယ်။

ဒီမနက်လည်းထိခိုက်သေဆုံးတာတွေရှိတယ် ဘယ်နယောက်လဲတော့မသိရသေးဘူး တိုက်ပွဲက ဘယ်လောက်ထိတောင်နီးနီးကပ်ကပ်ဖြစ်သွားလဲဆိုရင် ဟိုဘက်ဒီဖက် မီတာ ၂၀ ကျော်ကျော်လေး ပဲကွာပြီး ပစ်ကြတာတဲ့ ဒီဘက်(kia PDF) ဘက်ကတော့ ဒဏ်ရာရတာနည်းနည်းရှိတယ် သေဆုံးတာတော့မရှိဘူး စစ်သား တွေဘက်ကပဲ သေတာ လို့ အထက်မှာဖော်ပြခဲ့တဲ့ ကသာ PDF တာဝန်ရှိသူတစ်ဦးက ဆက်ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ယခုလိုမကြာခဏ တိုက်ခိုက်ခံရတာကြောင့် အထိနာနေတဲ့အတွက် အင်းဒရန့်ကျေးရွာကနေ ငအိုးဘက်ကို စစ်ကြောင်းထိုးဖို့ပြင်ဆင်နေတယ်လို့လည်းသိရပါတယ်။

အခုသူတို့ဆုတ်ဖို့ပြင်ဆင်နေကြပြီမနက်က သကကာဘက်နေ သံခွန်တွေ ငါးစီးတက်လာတယ် အဲ့ဒီ အင်းဒရန့်ရွာမှာကပ်ထားတယ် သူတို့အထိနာနေတာလေးလို့ အင်းဒရန်ကျေးရွာအနီးမှာ နေထိုင်တဲ့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်ဟာ  အင်းဒရန့်ကျေးရွာထဲက လူနေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးနေပြီဂ ယနေ့မနက်ပိုင်း အထိ လူနေအိမ်စုစုပေါင်း ၈ လုံးအထိ ရှိပြီလို့ဒေသခံတွေဆီကနေ သိရပါတယ်။

စစ်ကောင်စီဟာ အင်းဒရန့်ကျေးရွာကနေ လက်နက်ကြီး လက်နက်ငယ်တွေ ပုံမှန်ရမ်းသမ်းပစ်ခတ်နေတာ ကြောင့် ဩဂုတ်လ ၂၈ ရက်နေ့ကလည်းတောထဲမှာ စစ်ရှောင်နေတဲ့ အင်းဒရန့်ကျေးရွာနေ အမျိုးသမီးတစ်ဦး ထိခိုက် ဒစ်ရာရသွားတယ်လို့ သိရပါတယ်။

အင်းဒရန့်ကျေးရွာထဲမှာရောက်နေတဲ့စစ်ကောင်စီစစ်ကြောင်းဟာ ြသဂုတ်လထဲမှာလည်း အင်းဒရန့်ကျေးရွာကို သုံးကြိမ်တိုင်တိုင်မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး ဒေသခံ သတ်ဖြတ်ခံရမှုလည်းရှိခဲံပါတယ်။

အိမ်ခြေ ၇၀၀ ကျော်ရှိတဲ့ အင်းဒရန့်ကျေးရွာထဲက လူဦးရေ ထောင်ချီဟာ မန္တ လေး လေးကနေ ကချင်ပြည်နယ် ဘက်ကို စစ်သ‌ဘော်တွေဆန်တက်လာတဲ့ ဇူလိုင်လ ကတည်းက ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပါတယ်။

Show More

Related Articles

Back to top button