သတင်း

ဖားကန့်မှာ တစ်လအတွင်း အရပ်သားပြည်သူအယောက် ၄၀ သေဆုံး

ဖားကန့်မှာ ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ မြေစာပုံပြိုလို့ သေဆုံးခဲ့ရသူတွေ အပါအဝင် အကြောင်းမဲ့သတ်ဖြတ်ခံရသူ စုစုပေါင်းအရပ်သားပြည်သူ ၃၉ ယောက်ထိရှိခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ရွှေ့ပြောင်းလာရောက်နေထိုင်သူတွေများလာတဲ့ ဖားကန့်နယ်မြေမှာ အာဏာရယူထားတဲ့ စစ်တပ်ကိုယ်၌ မသင်္ကာတဲ့အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်တာ တွေအပြင် ခိုးဆိုး၊လုယက်မှူတွေကြောင့် သတ်ဖြတ်ခံရသူတွေ လတိုင်း ရှိနေတဲ့မြို့နယ်ဖြစ်ပါတယ်။

ကျနော်တို့ ဖားကန့်မှာက ခုနောက်ပိုင်းဆို သတ်ဖြတ်ခံထားရတဲ့အလောင်းတွေက ပုံမှန်လို မြင်တွေ့လာရတော့ အဆန်းမဟုတ်တော့ဘူး။ ဒါပေမယ့် တစ်ခုတော့ရှိတယ်ပေါ့ ကိုယ်လည်းဘယ်ချိန်မှာ ရောယောင်ပါသွားမလဲဆိုတာ မသိနိုင်ဘူးလို့ ဆိုင်းတောင်ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားတစ်ယောက်က ပြောပါတယ်။

သတ်ဖြတ်ခံရသူတွေဟာ စစ်တပ်ဘက်က သတ်ဖြတ်ပြီး လာစွန့်ပစ်တာတွေရှိသလို ခိုးဆိုးလုယက်ရင်း သတ်ခံရတာတွေ၊အချင်းများပြီး သတ်ဖြတ်ကြတာတွေနဲ့ ကာကွယ်ရေးတပ် ဘက်က စစ်တပ်လက်အောက်ခံတွေကို လာရောက်ရှင်းပစ်တာတွေလည်းရှိ တယ်လို့ ပြောပါတယ်။

ဒါ့အပြင် သတ်ဖြတ်ခံထားရသူတွေအများပိုင်းဟာ ပိုင်ရှင်မဲ့အလောင်းတွေ အဖြစ်များတယ်လို့လည်း ဖားကန့် မှော်ဝမ်းမှာနေထိုင်တဲ့အမျိုးသမီးတစ်ယောက်က ပြောပါတယ်။

ဒီမှာက လူတွေအရင်ထက်  ဆလောက်ကိုများလာတာ ဥပမာ မြေပြိုတဲ့နေရာမှာကြည့် အလောင်း ၃၃ လောင်း ပိုင်ရှင်ရှိတာ  ယောက်ဘဲ။ အဲလိုဘဲ သတ်ဖြတ်ခံထားရတဲ့သူတွေလည်း ပိုင်ရှင်မရှိတာများလာတယ် ဘယ်သူသတ်လို့ သတ်မှန်း တိတိကျကျပြောဖို့ခက်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လထဲသေဆုံးခဲသူတွေဟာ ဩဂုတ်လ ၁၃ ရက်နေ့ မနမှော်မြေစာပုံပြိုကျလို့  သေဆုံးခဲ့တဲ့ အရပ်သား ၃၃ ယောက်နဲ့ ၁၇ ရက်နေ့ ယူမာရပ်ကွက် ကျောက်မျက်စျေးရှေ့ သတ်ခံထားရတဲ့ အမျိုးသား  ယောက်၊ လုံးခင်းရပ်ကွက် လမ်းဘေးမှာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသားတစ်ယောက်၊ ဖားပြင်မှာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသားတစ်ယောက်၊ ၂၉ ရက်နေ့ ရှရော်ခမှာ သတ်ခံထားရတဲ့ အမျိုးသမီးငယ်တစ်ယောက်၊ ၃၁ ရက်နေ့ မရှီကထောင်နဲ့ ဆွတ်ကြိုင်ရွာမှာ အချင်းများပြီး ဓါးခုတ်မှုဖြစ်ရာကနေ အမျိုးသား ၂ယောက် ဖြစ်ပါတယ်။

ဒီစာရင်းဟာ KNG ရဲ့ စုစည်းထားတဲ့အချက်လက်သာ ဖြစ်ပြီး မြေပြင်အချက်လက်နဲ့ကွာဟတာ တွေရှိနိုင်ပါတယ်။

ဒါ့အပြင် ဖားကန့်မှာ ခုလိုအကြောင်းမဲ့သတ်ဖြတ်ခံရတာတွေ တစ်ရက်ထက်တစ်ရက် ပိုဆိုးရွားလာနေတဲ့အတွက် အာဏာသိမ်းပြီးနောက်ပိုင်း လာရောက်ရွှေ့ပြောင်းနေထိုင်လာသူ တစ်ချို့က ပြီးခဲ့တဲ့ ဇူလိုင်လ လဆန်းပိုင်းကနေစပြီး ဖားကန့်ကနေ ချီဖွေ၊ပန်ဝါဘက် ပြောင်းရွှေ့သွားသူတွေလည်း ရှိနေတယ်လို့ ဖားကန့်မှာနေထိုင်တဲ့ ဒေသခံတစ်ယောက်ပြောပါတယ်။

Show More

Related Articles

Back to top button