သတင်း

ဆားလင်းကြီးမှာ ဈေးသည်အမျိုးသားတစ်ယောက် ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ ဒီကနေ့ ဩဂုတ်လ ၄ ရက်နေ့ မနက်ပိုင်း ၁၁ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် ဆိတ်သားရောင်းတဲ့ ဈေးသည်တစ်ယောက်သေဆုံးခဲ့ရတယ်လို့ အညာပစ်တိုင်းထောင် လေးများအဖွဲ့ဆီကသိရပါတယ်။

အဲဒီအမျိုးသားဟာ ဆားလင်းကြီးမြို့နယ် ကံကုန်းရွာတောင်ဘက် စစ်ကောင်စီတပ် ကင်းပုန်းချထားတဲ့ အက်စစ်စက်ရုံဘက်ဖြတ်သွားတဲ့သူတွေကိုပစ်ခတ်ခဲ့ရာ ကနေ ကျည်ဆန်ထိမှန်သေဆုံးခဲ့ရတာလို့ အညာပစ်တိုင်းထောင်လေးများ အဖွဲ့က တာဝန်ရှိသူ တစ်ယောက် ကပြောပါတယ်။

ကံကုန်းရွာက ဆိတ်သားရောင်းတဲ့ဈေးသည်လို့ပြောတယ် ပွဲချင်းပြီးလို့သိရတယ်။ အလောင်းတောင်ကောက်လို့မရသေးဘူး ကံကုန်းရွာတောင်ဘက်က အက်စစ်စက်ရုံ လမ်းကြောမှာကင်းပုန်းဝပ်ထားတာ ဒေသခံတွေက အဲ့ဒီအချိန်မှာ အက်စစ်စက်ရုံနားကို ဖြတ်သွားတဲ့အချိန် ပစ်ခတ်ခံခဲ့ရတာလို့ သိရတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီလမ်းကိုဖြတ်သွားတဲ့ နောက်ထပ် ကာကွယ်ရေးတပ်ဖွဲ့ဝင်၂ယောက်လည်း ကျည်ဆန်ထိမှန်ခဲ့ပြီး လက်မောင်းပေါက်ထွက်ဒဏ်ရာနဲ့ ရှပ်ထိဒဏ်ရာတွေရရှိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

သေဆုံးခဲ့ရတဲ့ ဆိတ်သားရောင်းတဲ့ ဈေးသည်အမျိုးသားဟာ ကံကုန်းရွာသား ကိုဖိုးထောင်ဆိုသူဖြစ်ပြီး အသက်အရွယ်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကံကုန်းရွာအနီးက အက်စစ်စက်ရုံမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁ရက်နေ့ကမှ ပြန်ပြီးကင်းပုန်းချတပ်စွဲနေကြတာလို့ သိရပါတယ်။

အဲ့အက်စစ်စက်ရုံကအရင်ကတော့ တပ်စွဲထားတာ တပ်မစွဲတာလည်းကြာပြီ ဒါပေမဲ့ သုံးရက်လောက် အတွင်းမှာပဲ ပြန်ရောက်လာတာ ဘာလို့လဲဆိုတော့ ဝမ်ပေါင်ကနေပစ္စည်း တွေသယ်တာ ဘာတွေသယ်လည်း တော့သေချာမသိဘူး မုံရွာဘက်ကိုပစ္စည်းပို့တာတွေ့တယ်ပြောတယ် တစ်ချို့ကျလည်း ခြံစည်းရိုးခတ်ဖို့ လုပ်နေတာလို့ပြောတယ်လို့ ဆားလင်းကြီးဒေသခံတစ်ယောက်ကပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လ  ရက်နေ့က ဆားလင်းကြီးမြို့နယ်အတွင်းက ညောင်ပင်ကြီးရဲစခန်းကို ကာကွယ်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ရဲစခန်းအနီးတစ်ဝှိုက်က ရွာတွေကို မီးတင်ရှို့ခံခဲ့ရပြီး လက်ရှိအချိန်ထိ အိမ်ခြေပေါင်း ၃၀၀ လောက်က ဒေသခံပြည်သူ  ထောင်ကျော် စစ်ဘေးရှောင်နေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ကံကုန်းကျေးရွာဟာ ဝမ်ပေါင်ကြေးနီစီမံကိန်းနဲ့ မိုင်ဝက်လောက်ပဲအကွာအဝေးရှိပြီး ကြေးနီသယ်ယူတာတွေလုပ်တဲ့ လမ်းကြောင်းပေါ်မှာပဲ ရှိတဲ့ကျေးရွာကြီးဖြစ်တယ်လို့ သိရပါတယ်။

ကံကုန်းရွာဟာ အိမ်ခြေ ၇၀၀ လောက်ရှိတဲ့ ရွာကြီးဖြစ်ပြီးတော့ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးရဲစခန်းနဲ့ မိုင်ဝက်လောက်အကွာမှာပဲ တည်ရှိတယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံတဝှမ်း နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့အရပ်သား ၂သန်းနီးပါး ရှိလာနေပြီး အဲ့ဒီထဲမှာ ၇၇၈,၉၀၀ဟာ စစ်ကိုင်းတိုင်းက စစ်ဘေးရှောင်တွေဖြစ်တယ်လို့ ကုလသမဂ္ဂ လူသား ချင်းစာနာမှုဆိုင်ရာပေါင်းစပ် ညှိနှိုင်းရေးမှူးရုံး UNOCHA က ဩဂုတ်လအစောပိုင်းက ထုတ်ပြန်ထားပါတယ်။

Show More

Related Articles

Back to top button