သတင်း

ခခူး အူးမားဂါး ဒေသခံတွေ အစားအသောက်ပြတ်လပ်ဒဏ် ကြုံတွေ့နေရ

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ် မလိခမြစ်အရှေ့ဘက်ခြမ်းဒေသမှာရှိတဲ့ ကျေးရွာပေါင်း ၁၀ ရွာမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အပြင် ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် ဆန်တစ်အိတ်ကို သယ်ယူပို့ဆောင်ခအပါအဝင် ၃ သိန်းကျော်အထိ ကုန်ကျနေလို့ ဒေသခံပြည်သူများ အစားသောက်ပြတ်လပ်ဒဏ်ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် လက်ရှိမိုးတွင်းကာလ ကုန်စျေးနှုန်းတက်နေချိန် ဆန်ဝယ်စားနိုင်ဖို့ ခက်ခဲနေကြတဲ့အပြင်  ပြီးတဲ့ခဲ့ ၂၀၂၂ ခုနှစ်က တောင်ယာခင်းများ ကြွက်ကပ်ဘေးဆိုးရွားစွာကျရောက်ခဲ့တာကြောင့်  အဲ့ဒီဒေသတစ်လျှောက်မှာနေထိုင်ကြတဲ့ ဒေသခံပြည်သူများဟာ တောင်ယာထွက်စပါးများ ရယူသိုလှောင်နိုင်တာ မရှိခဲ့ဘူးလို့ သိက္ခာတော်ရ ဆရာဂျာယော်က ြောပါတယ်။

ဒီနှစ်တော့ ကြွက်ဘေးအရမ်းမဆိုးတော့ ပေမဲ့ အစားအသောက်အရမ်းခက်ခဲတယ်။ ဆန်စျေးအရမ်းတက်သွားတော့ နည်းနည်းပါးပါးရှာဖွေစုဆောင်းထားတဲ့ ငွေလောက်က ဆန်ဝယ်စားပြီးကုန်ပြီ အဲ့လို ဒုက္ခရောက်နေတယ်” လို့ ပြောပါတယ်။

ခက်ခဲနေတဲ့ ဒေသတွေကတော့ မလိခရန် ၀လောင်(Mali Hkrang Walawng)ထဲက ရှနိန်ခရန် (Shaning hkrang) ၊ ထိန်ဘူကောင့် ( Htingbu Kawng) ၊ ဖော့လန်း ( Hpaw Lang) ၊ အင်ခိုင်း (Nhkrai) စတဲ့ဒေသကျေးရွာတွေနဲ့ အင်မိုင်၀လောင် ( Mali Nmai wa lawng) ထဲက အင်ဘောင့်ဒူ( Nbau Du) ၊ အင်ဒွပ်ကထောင် ( Ndup Kahtawng)၊ အင်ပေါန် (Npawn mare) စတဲ့ ကျေးရွာဒေသတွေ ဖြစ်ပြီး အရင်ကတည်းက လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲတဲ့နေရာတွေဖြစ်တယ်လို့အဲဒီဒေသတာဝန်ကျတဲ့ ခရစ်ယာန်အမှုတော်ဆောင် သိက္ခာတော်ရ ဆရာ ဂျာယော်က ပြောပါတယ်။

တောင်ယာစိုက်ပြီး အသက်မွေးဝမ်းကြောင်းရတဲ့ ကချင်တောင်ပေါ်ဒေသခံတွေဟာ လာမယ့် တစ်နှစ်စာ ရိက္ခာအတွက် နှစ်စဉ် စိုက်ပျိုးရေးကနေ စုဆောင်းထားရတာဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ တောင်ယာစိုက်ခင်အားလုံး ကြွက်ဘေးအန္တရယ်ကျရောက်ခဲ့လို့ စပါးစုစောင်းနိုင်ခြင်းမရှိခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ဒီနှစ်မှာတော့ ၂၀၂၂ ခုနှစ်ကဲ့သို့ ကြွက်ဖျက်ဆီးတာ ဆိုးဆိုးရွားရွား မရှိတော့ပေမဲ့  စပါးပင်ဖျက်ဆီးတဲ့ ပိုးကောင်တွေကျရောက်လို့ စပါးပင်ဖျက်ဆီးခံနေဆဲအခြေအနေဖြစ်တယ်လို့ ခခူးအူးမားဂါးဒေသခံတစ်ယောက်က ခုလိုပြောပါတယ်။ 

မနှစ်ကစပါးတွေအားလုံး ကြွက်တွေစားပေးလိုက်တာဆိုတော့ ဒီနှစ်က အခုချိန်ဆို တချို့ဒေသ ကျေးရွာတွေဆို ဆန်တောင်မရတော့ ထမင်းတောင်မစားနိုင်တာတွေရှိတယ်။ မြစ်ကြီးနားကနေ ဆန်တင်ယူရင် မြို့မှာ သိန်းခန့် ဟိုဘက်ရောက်ရင် သိန်းလောက်ရှိတယ်။ သယ်ယူခနဲ့ ဘာနဲ့ဆို အားလုံး သိန်း ကျော်ကုန်ကျရတယ်။ ဆန်တစ်အိတ်ဝယ်စားနိုင်ဖို့တောင် တော်တော်အားစိုက်ရုန်းကန်ရမှ စားသောက်နိုင်တယ်။ လောလောဆယ်တော့ အဲ့လိုပဲဖြစ်နိုင်သလို ကျော်ဖြတ်နေကြတယ်။” လို့ ခခူးအူးမားဂါး(Uma Ga) ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ဆွမ်ပရာဘွမ်မြို့နယ် မလခမြစ်ဖျားပိုင်းဒေသဟာ KIO အစိုးရထိန်းချုပ်နယ်မြေဖြစ်သလို ဝေးလန်ခေါင်ဖျားပြီး လမ်းပမ်းဆက်သွယ်ရေးခက်ခဲတာကြောင့် ဘယ်အစိုးရမှ လက်လှမ်းမမှီနိုင်တဲ့ ဒေသလည်းဖြစ်ပါတယ်။

သက်ဆိုင်ရာ ဘာသာရေးအဖွဲ့တွေက အစားအသောက်ကူညီပေးနေတာရှိပေမယ့်လို့ ဝေးလံခေါင်ဖျားခက်ခဲတဲ့ နေရာတွေဖြစ်တာမို့ နေရာဒေသအားလုံးကို မလွမ်းခြုံနိုင် လက်ရှိချိန် အစားအသောက်ပြတ်လပ်တာထိ ခက်ခဲနေတဲ့ မိသားစုများ ရှိတယ်လို့ ဆိုပါတယ်။

မြို့နဲ့ဝေးပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲလှတဲ့ ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းဒေသမှာ ကုန်ဈေးနှုန်းမြင့်တက်နေတာ မကပဲ ဆန်တစ်အိတ်ကို သယ်ယူနိုင်ဖို့ လမ်းခရီးအဆင့်အဆင့်ကျော်ဖြတ်ရတာကြောင့် ဆန်ဝယ်စားနိုင်ဖို့တောင်မလွယ်ကူတဲ့ စျေးနှုန်းအခြေအနေထိ ရောက်ရှိရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ 

တချို့နေရာမှာဆို စက်လှေကနေ ခေါင်းနဲ့လွယ်ပြီး ခြေကျင်နဲ့ပြန်သယ်ယူရတယ် အဲ့လို အဆင့်အများကြီးနဲ့ သယ်ယူရတာကြောင့်လည်း စျေးက ပိုစျေးကြီးသွားတာပေါ့။ ပြီးတော့ ရေလမ်းနဲ့ စက်လှေနဲ့သယ်ယူရာမှာလည်း ဓါတ်ဆီစျေးအရမ်းတက်သွားတာကြောင့်လည်းပါတယ်” လို မလိခမြစ်ဖျားပိုင်းဒေသ တာဝန်ရှိသူ သိက္ခာတော်ရ ဆရာတော် ဆနာဂျာယော် က ပြောပါတယ်။

မြစ်ကြီးနားကနေ ဧရာ၀တီမြစ်ဖျားပိုင်းဒေသကိုသွားမယ်ဆိုရင်  မြစ်ကြီးနားမြို့ကနေ တယန်ဇွပ်ထိ ကားနဲ့  ၂ နာရီ ခရီးမှာ ကားခ ၄၀၀၀ ကုန်ကျသလို  အဲ့ကနေ စက်လှေနဲ့ တစ်ဖက်ကမ်းကို ကူးရမှာဖြစ်ပြီး စက်လှေစီးခ ၅၀၀၀ ကျပ်၊ တစ်ဖန် စက်လှေကြီးနဲ့  ၂ ရက် ( သို့မဟုတ် ) ၃ ရက် ဆက်တိုက်သွားမှ ရောက်ရှိတဲ့ နေရာတွေဖြစ်ပါတယ်။ 

ကုန်းကြောင်း ၊ ရေကြောင်းနဲ့သွားရပြီး မြို့ကနေ အင်ထန်းဇွပ်ထိသွားဖို့  တစ်ယောက်ကို ခရီးစရိတ် ၂ သိန်းကျော် ကုန်ကျတာကြောင့် ပုံမှန် သွားလာနိုင်ဖို့လည်း ခက်ခဲတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဆွမ်ပရာဘွမ်မြို့နယ် ဧရာ၀တီမြစ်ဖျားပိုင်းက ဒေသခံပြည်သူတွေဟာ အခက်အခဲများကြား ရုန်းကန်ဖို့ ခက်ခဲလာတဲ့အတွက် မြစ်ကြီးနားမှာရှိတဲ့ ဆွေမျိုး၊ အသိမိတ်ဆွေများထံမှာ ပြောင်းရွှေ့သွားကြသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

Show More

Related Articles

Back to top button