သတင်း

ပူတာအိုမှာ ဆယ်ကျော်သက် မိန်းကလေး တစ်ဦးကားတိုက်ခံရပြီး သေဆုံး

ကချင်ပြည်နယ် ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်နဲ့ ကောင်ကထောင်ရပ်ကွက်ကြားမှာ အမျိုးသမီးငယ်တစ်ဦး ဆိုင်ကယ်စီးနင်လာတဲ့အချိန် ကားနဲ့ဝင်တိုက်သွားတာကြောင့် သေဆုံးသွားတယ်လို့သိရပါတယ်။

မနေ့က ည ၆နာရီခွဲအချိန် လုံးစွတ်နဲ့ ကောင်ကထောင်ရပ်ကွက်ကြား လုံးစွတ်ရပ်ကွက်ထဲက ကုန်းဆင်း(ဒေသအခေါ်ပန်းခြံကုန်းဆင်း)နေရာ မှာဆိုင်ကယ်စီးနင်လာတဲ့ အသက် ၁၇ နှစ်ခန့်အရွယ်ရှိတဲ့ မိန်းခလေးငယ်တစ်ဦးကို အနောက်ကနေ ကားနဲ့ဝင်တိုက်သွားတာကြောင့် သေဆုံးသွားတယ်လို့ ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်နေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

ကားသမားလည်းအရှိန်များတယ်လေး အနောက်ကနေ ဝင်တိုက်သွားတာ ကားသမားကတိုက်ပြီးထွက်ပြေးသွားတာ ကလေးမက အစကတော့သတိမေ့နေတာ ဆေးရုံတက်တယ် ဆေးရုံရောက်ပြီးသိပ်မကြာဘူးဆုံးသွားပြီတဲ့လို့ သူကပြောပါတယ်။

သေဆုံးသွားတဲ့ အမျိုးသမီး ငယ်ဟာ ပူတာအို မြို့ကောင်ကထောင်ရပ်ကွက်ထဲက ဖြစ်ပြီး အနန်အောင် အသက် ၁၄ နှစ်ဝန်းကျင် လို့ သိရပါတယ်။

ဒီမနက် ကားတိုက်မှုဖြစ်ပွားခဲ့တဲ့နေရာဟာ ကုန်းဆင်းဖြစ်နေတဲ့အပြင် ကားလမ်းလည်း တစ်လမ်းသွား စာလောက်သာရှိပြီးကား လမ်းအကွေ့ တွေ များနေတဲ့အတွက် အဲ့ဒီနေရာမှာ ယာဥ်တိုက်မှုတွေမကြာခနဖြစ်ပွားနေတယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။

ပူတာအိုမြို့တွင်းလမ်းက တကယ်ကျဥ်းတယ်ဗျအခုမနက်ဖြစ်သွားတဲ့နေရာဆိုပိုဆိုးတယ် လမ်းကျဥ်းအကွေ့ကလည်း တထောင်ဆစ်ကွေ့လိုမျိုး ၂ ကွေ့ရှိတယ် အဲ့နေရာမှာ ခနခနဖြစ်တယ်တချို့ဆိုကိုယ်ဟာကိုအရှိလွန်ပြီးလှဲတာမျိုးရှိတယ် လမ်းကျဥ်းပြီးအကွေ့များတော့လို့ အထက်ဖော်ပြပါ အမျိူးသားကဆက်ပြောပါတယ်။

ယာဥ်တိုက်မှုကျူးလွန်သွားတဲ့ကားသမားဟာ ထွက်ပြေးသွားတာကြောင့် စုံစမ်းနေတုန်းပဲ လို့ဆိုပါတယ်။

ဒီနေ့မနက် ယာဥ်တိုက်မှုဖြစ်ပွားသွားတဲ့နေရာမှာ ၂၀၂၂ ဖေဖော်ဝါရီလပိုင်းတုန်းကလည်း အသက် ၇ နှစ်ခန့်အရွယ်ရှိတဲ့ ကလေးငယ်တစ်ဦးကိုကုန်ကားကြီးက ဝင်တိုက်ခဲ့တာကြောင့်အသက်သေဆုံးမှု ဖြစ်ခဲ့ပြီး ယခင်ကလည်းအလားတူဖြစ်စဥ်တွေရှိခဲ့ဖူးတယ်လို့သိရပါတယ်။

Show More

Related Articles

Back to top button