သတင်း

မြစ်ကြီးနားမြို့မှာ တစ်လအတွင်း ယာဉ်တိုက်မှု ၇၂ ကြိမ်ထက်မနည်းဖြစ်ပွား

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ အောက်တိုဘာလအတွင်း ယာဉ်တိုက်မှုပေါင်း ၇၂ ကြိမ်ထက်မနည်းဖြစ်ပွားခဲ့ကြောင်း မြစ်ကြီးနားမြို့မှာရှိတဲ့ လူမှုကယ်ဆယ်ရေးအသင်းတွေရဲ့ ဖော်ပြချက်တွေ အရသိရပါတယ်။

ယာဉ်တိုက်မှုဖြစ်ရတဲ့အကြောင်းအရင်းအများဆုံးဟာ စားသောက်မူးယစ်ပြီး အရှိန်မလျော့ဘဲမောင်းနှင်တာကြောင့်ဖြစ်တယ်လို့ မြန်မာနိုင်ငံလူမူကယ်ဆယ် ရေးအသင်း (မြစ်ကြီးနား)  လူမှုကယ်ဆယ်ရေးအသင်းရဲ့ တာဝန်ရှိသူက ခုလိုပြောပါတယ်။

အများစုကမူးပြီးမောင်းတာပေါ့ အခုဖြစ်တဲ့ယာဉ်တိုက်မှု ၁၆ ကြိမ်မှာဆို ၁၄ ကြိမ်လောက်က သောက်ထားတဲ့သူတွေဘဲဖြစ်နေတယ်။ သောက်ပြီးမောင်းတော့ သူများလာတိုက်လိုက်တာတို့ ကိုယ့်ဟာကိုယ် ရပ်ထားတဲ့ ကားတွေ ကိုသွားတိုက်မိတာတို့ဘဲဖြစ်နေတာဘဲလို့ပြောပါတယ်။

အောက်တိုဘာလအတွင်းမှာဘဲ ဖြစ်ပွားခဲ့တဲ့ယာဉ်တိုက်မှုတွေကတော့ ကချင်ပြည်နယ်လူမှုကယ်ဆယ်ရေးအသင်းရဲ့ ဖော်ပြချက်အရ ၁၆ကြိမ် ၊ မျိုးဆက်သစ်လူမှုငယ်ဆယ်ရေးအသင်းကတာဝန်ရှိသူရဲ့ပြောကြားချက်အရ အကြိမ် ၄၀ နဲ့ ဧရာဝတီဂရုဏာ အသင်းရဲ့ဖော်ပြချက်အရ ၁၆ ကြိမ်ထိဖြစ်ပွားခဲ့ အားလုံးစုစုပေါင်း ၇၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။

ယာဉ်တိုက်မှုတွေဟာ တစ်လထက်တစ်လ ပိုများလာတဲ့အပြင် စက်တင် ဘာလထက်စာရင် အောက်တိုဘာလမှာ ယာဉ်တိုက်မှုနူန်းတစ်ဆပိုမြင့်တက် လာတယ်လို့ သိရပါတယ်။

ဒါအပြင် ဒီလိုယာဉ်တိုက်မှုတွေဟာ ညအချိန်ပိုအဖြစ်များပြီးထိခိုက်ဒဏ်ရာရတဲ့သူတွေကလည်း လူငယ်တွေပိုများတယ်လို့ သူကခုလို ဆက်ပြောပါတယ်။

ဖြစ်တဲ့ထဲမှာ ဆယ်ကြိမ် ကျော်လောက်က အသက် ၂၀ ဝန်းကျင် လူငယ်အရွယ်တွေဘဲ အဓိကတော့ မူးပြီးဖြစ်တာ ဖြစ်တဲ့အတွက် မူးပြီးမမောင်းကြဖို့ဘဲအကြံပေးချင်ပါတယ်လို့ မြန်မာနိုင်ငံလူမူကယ်ဆယ် ရေးအသင်း (မြစ်ကြီးနားအသင်းရဲ့တာဝန်ရှိသူက ပြောပါတယ်။

အလားတူ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းရဲ့ တာဝန်ရှိသူကလည်း အောက်တိုဘာလအတွင်း ယာဉ်တိုက်မှုပိုမိုမြင့်တက်လာရတာဟာ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း လိုက်နာခြင်းမရှိတဲ့အပြင် သောက်စားမူးယစ်ပြီးမောင်းနှင်တာကြောင့် ဖြစ်တယ်လို့ ထပ်ပြီး သုံးသပ်ပြောဆိုထားပါတယ်။

မူးပြီးမောင်းလို့ဖြစ်တာတွေလည်းများတယ် လမ်းကြားမှာဆိုလည်း သေချာမကြည့်ကြဘဲ စည်းကမ်းမဲ့မောင်းနှင်လို့ ပိုဆိုးလာတာပေါ့” လို့ ပြောပါတယ်။

ဒါ့အပြင် မြစ်ကြီးနားမြို့ မြစ်တစ်ဖက်ကမ်းမှာရှိတဲ့ ဝိုင်းမော်မြို့မှာဆိုရင်လည်း အောက်တိုဘာလအတွင်း ယာဉ်တိုက်မှုပေါင်း ၁၅ ကြိမ်မနည်း ဖြစ်ပွားခဲ့ပြီး သေဆုံးမှုသုံးကြိမ်ဖြစ်ပွားတဲ့အနက် ရှငေါ်ကျေးရွာမှာ ၁၀ ဘီးကားမှောက်တဲ့ ဖြစ်ရပ်က အဆိုးဆုံးဖြစ်ခဲ့တယ်လို့ မွန်မြတ်စေတနာအသင်းရဲ့ ဖော်ပြချက်အရ သိရပါတယ်။

By – Hope

Show More

Related Articles

Back to top button