သတင်း

ရွှေကူနယ်တောင်သူများ လယ်စပါးအထွက်နှုန်း ၁၀ ဆ ခန့်ကျဆင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ် ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းနဲ့အနောက်ဘက်ခြမ်းကျေးရွာမှာ မိုးစပါးစိုက်ထားတဲ့ တောင်သူတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ဒီနှစ်မိုးစပါးအထွက်နှုန်း အရင်နှစ်တွေထက် ၁၀ ဆခန့် ကျဆင်းသွားတယ်လို့ ရွှေကူဒေသခံတွေဆီကနေ သိရပါတယ်။

ခုလို မိုးစပါးအထွက်နှုန်းကျဆင်းသွားတာဟာ ပြီးခဲ့တဲ့ ဇူလိုင်လ သြဂုတ်လပိုင်းကစပြီး စစ်ကောင်စီတပ် စစ်ကြောင်းထိုးတာတွေဆက်တိုက်ရှိနေခဲ့တာကြောင့် စိုက်ပျိုးထားတဲ့စပါးခင်းမှာ ပေါင်းမသတ်နိုင်တဲ့အပြင်၊ စပါင်းခင်းအတွက် လိုအပ်တဲ့မြေဩဇာဖြန်းပေးတာတွေ လုပ်ဆောင်နိုင်တာမရှိတဲ့အတွက် စပါးအထွက်နူန်းကျဆင်းသွားတာဖြစ်တယ်လို့  စီသောင်းကျေးရွာလယ်သမား တစ်ဦးက အခုလိုပြောပြလာပါတယ်။

စပါးတွေကရှူံးတာပေါ့ ဒီနှစ်ကကျတော့ စစ်ပြေးနေရတဲ့အခါကျတော့ ပေါင်းသတ်ရတဲ့အချိန်မှာ ပေါင်းမသတ်ရ ရေသွင်းရမယ့်အချိန်မှာရေကမသွင်းရ မိုးကလည်းခေါင်ပြန် ဓာတ်မြေသြဇာဖြန်းရမယ့် အချိန်မှာဓာတ်မြေသြဇာမဖြန်းရလေး မိုးကလည်းခေါင်တယ်ဒီနှစ်က လယ်ကွင်းထဲမှာရေပြည့် အောင်တစ်ခါမှမိုးမရွာဘူးလေ”လို့သူကပြောပါတယ်။

ရွှေကူမြို့နယ်ဟာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ မြို့နယ်ဖြစ်ပြီး ရွှေကူအရှေ့ဘက်ခြမ်းနဲ့အနောက်ဘက်ခြမ်းတွေမှာ ကာကွယ်ရေးတပ်တွေ အတော်အသင့်အားကောင်းတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီတပ်ဟာ ရွှေကူနယ်ကို ဒီနှစ်အတွင်း ကချင်ပြည်နယ်ထဲက တစ်ခြားမြို့နယ်တွေထက် စစ်ကြောင်းထိုးတာ၊ ကျေးရွာမီးရှို့မှုတွေ ပိုမိုလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒေသခံတွေဟာ စစ်ဘေးသင့်၊မီးဘေးသင့်ခဲ့ရတဲ့အခြေအနေတွေကြောင့် လယ်ယာလုပ်ငန်းတွေထိထိရောက်ရောက် မလုပ်ကိုင်နိုင်ခဲ့တဲ့အတွက် စပါးအထွက်နှုန်းမှာထိခိုက်သွားတာလို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ရွှေကူနယ်ရဲ့ လူဦးရေသုံးပုံနှစ်ပုံလောက်ဟာ လယ်ယာလုပ်ငန်းကို စီးပွားရေးနဲ့ဝမ်းရေးအတွက် အဓိကထားလုပ်ကိုင်ကြတာဖြစ်ပြီး ခုလိုစပါးအထွက်နှုန်းကျဆင်းသွားတာကြောင့် အဘက်ဘက်က ထိခိုက်သွားတာတွေရှိတယ်လို့ မံဝင်းကျေးရွာနေလယ်သမားတစ်ဦးက ပြောပါတယ်။

ဒီမှာက လယ်လုပ်တဲ့သူက စီးပွားဖြစ်လုပ်တဲ့လူပိုများတယ်ပြောလို့ရတယ်။ တချို့ က ၁၀ဧက ၊၁၀ဧကကျော်ကျော်ထိလုပ်တဲ့သူရှိတယ်။ ဒါပေမယ့် ဒီနှစ်ကစပါးအထွက်နှုန်းကျတော့ရှုံးပြီးပေါ့ စားရဖို့တောင်အနိုင်နိုင်စီးပွားဖြစ်တော့ပြောမနေပါနဲ့တော့ တရုတ်ပြည်လည်းမပို့နိုင်တော့ဘူး ငတ်ကြရုံပါ့လို့ ပြောပါတယ်။

ရွှေကူနယ်က လယ်သမားတွေဟာ စပါးတွေကိုရွှေကူ၊ဗန်းမော်လမ်းကနေတဆင့် လွယ်ဂျယ်ဂိတ်ကနေ တရုတ်ပြည်ထဲကိုတင်ပို့ရောင်းချကြရတာလို့သိရပါတယ်။

ဒါပေမယ့် ဒီနှစ်လယ်စပါးအထွက်နှုန်းကျင်ဆင်းသွားတာကြောင့် စီးပွားဖြစ်ရောင်းဖို့မရှိတဲ့အပြင် လာမယ့်နှစ်အတွက်ပါ စားနပ်ရိက္ခာစိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ရွှေကူအရှေ့ခြမ်းကကျေးရွာတွေနဲ့အနောက်ဘက်ခြမ်းကကျေးရွာတွေကို ဇွန်လနောက်ပိုင်းကနေစပြီး အင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးခဲ့ကာ ကျေးရွာပေါင်း ၂၀ ထက်မနည်းကိုလည်းမီးရှို့ခံခဲ့ရပြီး အရပ်သား ၁၀၀၀၀ ကျော်လည်းစစ်ဘေးရှောင်ခဲ့ရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံရဲ့အဓိက လယ်စပါးအများဆုံးပျိုးကြတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ဧရာဝတီတိုင်း၊ပဲခူးတိုင်းတွေမှာလည်း အာဏာသိမ်းပြီးနောက် လယ်စပါးသေချာစိုက်ပျိုးနိုင်တာမရှိတဲ့အတွက် ပြည်သူတွေဟာ အဖက်ဖက်ကနေ ခက်ခဲနေကြပြီး လက်ရှိမိုးစပါးပေါ်ချိန်မှာတောင် စပါးစျေးမလျော့တဲ့အပြင် ပိုပြီးစျေးတက်လာတယ်လို့လည်း စပါးရောင်းဝယ်လုပ်တဲ့စီးပွားလုပ်ငန်းရှင်တွေက ပြောပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button