သတင်း

တနိုင်းလီဒိုလမ်းမပေါ်မှာ စပါးရိတ်ခြွေစက်မရှိတဲ့အတွက် စပါးသိမ်းယူနိုင်ဖို့ အခက်အခဲကြုံနေရ

ဟူးကောင့်ချိုင့်ဝှမ်းဒေသ တနိုင်းလီဒိုလမ်းမပေါ် မှာရှိတဲ့ ကျေးရွာတွေမှာ စပါးရိတ်ခြွေစက်တွေအဝင်မရှိသလောက် မနည်းပါးသွားတဲ့အတွက် လယ်ယာလုပ်ငန်းများစွာ လုပ်ကိုင်နေတဲ့ ဒေသခံတွေသူတွေဟာ စပါးရိတ်သိမ်းဖို့ရန် အချိန်နှောင့်နည်းကျန့်ကြာမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

ယခင် နှစ်တိုင်းလိုလို ဝင်လဲ့ရှိတဲ့ စစ်ကိုင်း၊ မိုးညှင်းနဲ့ဟိုပင် ဘက်က စပါးရိတ်ခြွေစက်တွေဟာ ယခုနှစ်မှာ အဝင်မရှိတော့တဲ့အတွက် ဒွမ်ဘန့်၊ နောင်းမီ၊ ဝါရာဇွပ်၊ ရှဒူးဇွပ် စတဲ့ကျေးရွာ ဒေသခံတောင်သူတွေက လယ်စပါးတွေ သိမ်းဆည်းနိုင်ခြင်းမရှိသေးဘဲ အခက်ခဲဖြစ်နေတယ်လို့ ဝါရာဇွပ်ဒေသတစ်ယောက် KNG ကိုပြောပါတယ်။

 ရိတ်ခြွေစက်မရှိလို့ခက်နေတာ စပါးတွေကလည်း အမည့်လွန်ကုန်ပြီ။ ရှိတဲ့ စက် ၃၊ စီးက လုံးဝသုံးလို့မမျှဘူးဖြစ်နေတာ။ လူနဲ့ ရိတ်ဖို့ကမလွယ်တော့ဘူး။ အရင်တုန်းကတော့ စိုက်တယ်ဆိုတော့ရတယ်။ အခုက ကြဲပြီးစိုက်ကြတယ်ဆို့တော့ မလွယ်တော့ဘူးလို့ပြောပါတယ်။

 ယခုနှစ်မှာ တနိုင်းလီဒိုလမ်းမပေါ်ဘက်ကို အောက်ပိုင်းဘက်ကနေ ဝင်တဲ့ ရိတ်ခြွေစက် အစီး ၂၀ လောက်သာရှိတဲ့အတွက် ဒွမ်ဘန်၊ နောင်းမီ၊ ဝါရာဇွပ်နဲ့ ရှဒူးဇွပ် စတဲ့ ဒေသခံသူတွေက ခွဲဝေသုံးနေရတယ်လို့ ပြောပါတယ်။

 လယ်ယာလုပ်ငန်း ဧက ထောင်ချီရှိတဲ့ ဝါရာဇွပ်ကျေးရွာမှာ ရိတ်ခြွေစပါး စီးလောက်နဲ့သာ လုပ်ကိုင်ဆောင်ရွက်နေတာကြောင့် ကျေးရွာအနီးတဝိုက်မှာရှိတဲ့ တောင်သူတစ်ချို့က ရိတ်သိမ်းနိုင်မှုရှိနေပြီး များသောအားဖြင့် ယခင်နှစ်ထက်စာရင် ရိတ်ခြွေဖို့ ထက်ဝက်မကကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

 လက်ရှိ ရိတ်ခြွေစက်မလုံလောက်မှုကြောင့် စပါးသိမ်းယူဖို့ အများဆုံးကျန်ရှိနေသေးတဲ့ နေရာတွေဟာ ပန်လူပါ(Pang Lu Pa) ငါးငါပါ(Nga Nga Pa) ဇီးပါ(Zipa) စတဲ့ လယ်တောနေရာတွေမှာ ရိတ်သိမ်းဖို့ ကျန်ရှိနေသေးတယ်လို့ ဝါရာဇွပ်ဒေသခံ အမျိုးသားက ဆက်ပြောပါတယ်။

ရှိတဲ့ ရိတ်ခြွေစက်တွေကလည်း အနီးတဝိုက်မှာရှိတဲ့ လယ်တောနေရာမှာသာ လုပ်နေကြတယ်။ ဝေးတဲ့ဘက်ကို ဘယ်သူမှ မသွားကြတော့ဘူးလေ။ ဝေးတဲ့နေရာမှာရှိတဲ့ သူတွေကြတော့လည်း စက်များဝင်များလားဆိုပြီးစောင့်နေကြ စောင့်ရင်းစောင့်ရင်းနဲ့ တစ်ချို့လယ်စပါးတွေက အမည့်လွန်ပြီး ကြွေကျတဲ့အဆင့်ရောက်သွားကြပြီ။ တစ်ချို့ကတော့ စက်မလာလို့ လက်နဲ့ ရိတ်နေကြတဲ့ သူတွေလည်းပါနေပြီလို့ပြောပြပါတယ်။

 အလားတူ တနိုင်းလီလိုလမ်းပေါ်မှာ လယ်ယာလုပ်ငန်းကိုအဓိက လုပ်ကိုင်ကြတဲ့ နောင်းမီကျေးရွာမှာလည်း ရိတ်ခြွေစက်မလုံလောက်တဲ့အတွက် လယ်ရှင်တစ်ယောက်ပြီး တစ်ယောက် စောင့်ဆိုင်းပြီး လယ်လုပ်ငန်း သိမ်းယူနေကြတယ်လို့ သိရပါတယ်။

ယခင်နှစ်မှာ နိုဝင်ဘာလလောက်ကနေ လယ်ယာလုပ်ငန်းအားလုံး သိမ်းယူပြီးစီးတဲ့ အချိန်ရှိကြပေမယ့် ယခုနှစ်မှာ ဒီဇင်ဘာလ ကုန်းခါနီးတဲ့အထိ လယ်ယာလုပ်ငန်းများ ၃ ပုံမှာ တစ်ပုံသာ သိမ်းယူမှုရှိသေးတယ်လို့ နောင်မီ ဒေသခံတစ်ယောက်လည်း အခုလိုပြောပါတယ်။

နောင်းမီမှာလည်း အခုထိ လယ်သိမ်းတာမပြီးနိုင်ကြသေးဘူး။ အရင်နှစ်တွေဆိုရင် သိမ်းယူပြီးစီးတဲ့ ဘက်ရှိလာပြီ။ ဒီနှစ်မှာကတော့ တစ်ဝက်လောက်ပဲပြီးနိုင်ကြသေးတာ။ နိုင်ငံရေးမကောင်းလို့လားတော့ မသိဘူး။ အောက်ပိုင်းကနေ ရိတ်ခြွေစက်တွေကမဝင်ဘူးဖြစ်နေတယ်။ အဲ့ကြောင့် ရှိတဲ့ ဟာနဲ့ပဲ စောင့်ဆိုင်းပြီးလုပ်နေကြတယ်လို့ပြောပါတယ်။

နောင်းမီကျေးရွာဟာ တနိုင်းလီဒိုလမ်းတစ်လျှောက် လယ်ယာလုပ်ငန်းအများဆုံးလုပ်ကိုင်တဲ့ ကျေးရွာတစ်ခုဖြစ်ပြီး လက်ရှိမှာ ရိတ်ခြွေစက် ၆ စီးဝန်းကျင်လောက်နဲ့သာ ရိတ်သိမ်းနေကြတယ်လို့ သိရပါတယ်။

နောင်းမီနဲ့ ဝါရာဇွပ်ကျေးရွာ ၂ ခုမှာ လယ်ယာလုပ်ငန်း လုပ်ကိုင်နေတဲ့ ဒေသခံတောင်သူတစ်ယောက်က အနည်းဆုံး ဧက ၁၀ နဲ့ ၂၀ လုပ်ကိုင်နေတဲ့ တောင်သူတွေသာဖြစ်ကြပြီး အများဆုံး ဧက ၂၀၀ နဲ့ ၃၀၀ ဝန်းကျင်လုပ်ကိုင်သူများ ဖြစ်ကြပါတယ်။

အခုလို ရိတ်ခြွေစက်တွေမရှိတာကြောင့် ယခုနှစ်မှာ ယခင်ထက် စက်ငှားရမ်းခ စျေးမြင့်တက်သွားတာကြောင့် ဒေသခံ တောင်သူတစ်ချို့က လက်ရိတ်နဲ့သာ လုပ်ကိုင်နေတဲ့ သူတွေလည်းရှိတယ်လို့ သိရပါတယ်။

ယခင်က လယ်ယာလုပ်ငန်းလုပ်ကိုင်ရင် စပါးစိုက်၊ စပါးရိတ်၊ စပါးခြွေတာတွေကို လူက အင်အားသုံး လုပ်ဆောင်တာတွေရှိခဲ့ ပေမယ့် ခောတ်ရေစီးကြောင်းအရ အခုနောက်ပိုင်းမှာ စပါးစိုက်တာမျိုးမဟုတ်ဘဲ ဧက ရာကျော်ရှိတဲ့ မြေနေရာပေါ်မှာ ကြဲစိုက်တဲ့ နည်းကို ပြန်လည်ကျင့်သုံးလာတဲ့အတွက် လူနဲ့ ရိတ်သိမ်းဖို့ ခက်ခဲလာတဲ့ အခြေအနေမှာဖြစ်ပေါ်နေတာဖြစ်ပါတယ်။

ဒါကြောင့် တနိုင်းလီဒိုလမ်းဘက်မှာ စိုက်ထားတဲ့ လယ်ယာစပါးတွေဟာ ကြဲစိုက်ထားတဲ့ စပါးတွေဖြစ်တာကြောင့် ရိတ်ခြွေစက်နဲ့သာ သိမ်းယူမှသာ မြန်မြန်ဆန်ဆန်နဲ့ ငွေးကြေးသက်သာမယ့် အနေအထားမှာ ဒေသခံတောင်သူတွေက ရိတ်ခြွေစက်ကို စောင့်ဆိုင်းနေကြတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button