သတင်း

မိုးမိတ်မြို့ ရဲစခန်းအလံဖြူထောင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွက်ပြေး

ရှမ်းပြည်မြောက်ပိုင်း နဲ့ ကချင်ပြည်နယ်အစပ် မိုးမိတ်မြို့နယ်မှာ ဒီကနေ့မနက်ပိုင်းကစလို့ KIAPDF အပါအဝင်တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တွေအကြား ပြင်းထန်နေတဲ့တိုက်ပွဲမှာ မြို့ပေါ်မှာ ရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲစခန်း ကတော့ အလံဖြူထောင်ပြီး တပ်သားတွေထွက်ပြေးသွားကြပြီ လို့ဒေသခံတွေ ဆီကသိရပါတယ်။

ဒီကနေ့မနက်ပိုင်း ၆ နာရီဝန်းကျင်လောက်ကစလို့ ကချင်လွတ်လပ်ရေးတပ်မတော် KIAPDF ပူးပေါင်းတပ်တွေအပါအဝင် တော်လှန်ရေး အင်အားစုတွေက မိုးမိတ်မြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ တိုက်ပွဲတွေပြင်းထန်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

မိုးမိတ်ရဲစခန်းသိမ်းလိုက်ပြီ အလံဖြူထောင်ထွက်ခဲ့ပြီ သူတို့ဘက်က တစ်ချို့စစ်သားတွေက ဗျူဟာကုန်း ဘက်ကိုထွက်ပြေးကုန်ပြီလို့ဒေသခံအမျိုးသားတစ်ယောက်ကပြောပါတယ်။

ဒါ့အပြင် တစ်ဖက်မှာလည်း အဲ့ဒီတိုက်ပွဲအတွင်း အရပ်သားပိတ်မိတာတွေရှိသလို စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်ခဲ့တယ်လို့ ပိတ်မိနေတဲ့ ဒေသခံအမျိုးသမီး တစ်ယောက်ကပြောပါတယ်။

မိုးမိတ်မြို့နယ်ထဲမှာတော့ ခလရ ၂၂၃ ၊ခလရ ၂၇၆ တပ်ရင်းတွေနဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက် ခံ ခမရ ၃၄၈ တပ်ရင်းတို့အပြင် ဗန်းမော်အခြေစိုက် အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဗျူဟာတစ်ခု တည်ရှိပြီး စစ်ရေးအရ အရေးပါတဲ့ မြို့တစ်ခုဖြစ်တယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ယောက်က သုံးသပ်ပါတယ်။

မိုးမိတ်မြို့က အဲ့ဒီကနေ မိုးကုတ်ကိုလည်းသွားလို့ရသလို နောက် ဒီဘက်က တကောင်းဘက်ကိုလည်း ဆင်းလို့ရတယ်လေ မိုးမိတ်ကနေ မန္တလေးတကောင်းဘက်ကိုလည်းထွက်ခဲ့လို့ရတာကို ပြီးရင် မိုးကုတ်ပြင်ဦးလွင်လမ်းတွေကိုလည်းထိန်းချုပ်လို့ရတာပေါ့ မန္တလေးနဲ့မတ္တရာအတွက်တော့အတော်လေးအရေးပါ တယ်လို့ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့ကစလို့ တိုက်ပွဲတွေစတင်ပြင်းထန်လာတာ ဖြစ်ပြီး မိုးမိတ်မြို့ရဲ့ အရှေ့ဘက် ၆ မိုင်လောက်အကွာမှာရှိတဲ့ ဆင်ကင်ရွာက ခလရ ၂၂၃ တပ်ဖွဲ့ဝင်တွေ စခန်းချထားတဲ့ ကျန်ကန်တပ်စခန်းကိုလည်း တအာင်းတပ်မတော် TNLA က သိမ်းပိုက်ခဲ့ပါသေးတယ်။

လက်ရှိမှာတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့က တရုတ်ကြားဝင်မှုကြောင့် ညီနောင်၃ဖွဲ့နဲ့ စစ်ကောင်စီ တပ်တွေအကြားအပစ်ရပ်ခဲ့ရချိန်မှာ အပစ်ရပ်မှာ မပါဝင်တဲ့ KIA PDF ပူးပေါင်းတပ်တွေအပါအဝင် ကျောင်းသားတပ်မတော် ABSDF KPDF တို့က မိုးမိတ်ထဲက ကျန်နေတဲ့စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button