သတင်း

မြစ်ကြီးနားမြို့မှာ ၃ ရက်အတွင်း ကြီးမားတဲ့ယာဉ်တိုက်မှုသုံးကြိမ်ဖြစ်ပွား

အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးမှုရှိခဲ့

မြစ်ကြီးနားမြို့မှာ ၃ ရက်အတွင်း ကြီးမားတဲ့ယာဉ်တိုက်မှုသုံးကြိမ်ထိဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦးသေဆုံးတဲ့အထိဖြစ်ခဲ့တယ်လို့ မြစ်ကြီးနားမြို့အခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတွေရဲ့ ပြောကြားချက်အရသိရပါတယ်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၁၇ ရက်နေ့ တစ်ရက်တည်း အေးစေတီရပ်ကွက် ကြက်ခြေနီခြံ အကျော်မှာ ည ၇ နာရီဝန်းကျင်လောက်က ဆိုင်ကယ်သုံးစီးကို ကားတစ်စီးက တစ်ဆက်တည်းဖြတ်တိုက်မှု၊ စီတာပူရပ်ကွက် ဂျပန်တံတားလမ်းမှာ ညနေ ၄ နာရီ ဝန်းကျင်လောက်မှာ ဆိုင်ကယ်နှစ်စီး အချင်းချင်းတိုက်မိပြီး အမျိုးသမီးတစ်ဦးသေဆုံးမှုအပြင် ဇန်နဝါရီလ ၁၅ရက်နေ့က တပ်ကုန်းရပ်ကွက် ဆွမ်ပရာဘွမ်လမ်း ပလက်ဖောင်းမှာ ကားနဲ့ ဝင်တိုက်မိပြီး လူ ၆ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်တွေဖြစ်ပါတယ်။

ဇန်နဝါရီလ ၁၇ ရက်နေ့ည ၇နာရီဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုကတော့ အေးစေတီရပ်ကွက် ကြက်ခြေနီခြံအကျော်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး Land Cruiser ကားအဖြူရောင်က သွားလာနေတဲ့ဆိုင်ကယ် သုံးစီးကို ကားနဲ့ အနောက်ကနေ ဝင်တိုက်သွားတာဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ 

တိုက်ခံရတဲ့ ဆိုင်ကယ်မောင်းနှင်သူတွေထဲက အသက် ၂၃နှစ်အရွယ် အမျိုးသားကတော့ ဉီးခေါင်းဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ပြီး ကားသမားကတော့ မောင်းပြေးသွားတာဖြစ်တယ်လို့ မျိုးဆက်သစ်လူမှုကယ်ဆယ်ရေးအသင်းရဲ့ အဖွဲ့ဝင်တစ်ဦးက ခုလိုပြောပါတယ်။

နောက်ဆုံး တစ်ယောက်က အခြေအနေဆိုးတယ်ဗျ။ ခေါင်းပါ ပွင့်တဲ့ ပုံစံမျိုးဖြစ်တာဗျ နောက်နှစ်ယောက်ကတော့ ပွန်းပဲ့ယုံဘဲလို့ ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိတဲ့သူကိုတော့ မြစ်ကြီးနားဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဇန်နဝါရီ ၁၇ ရက်နေ့မှာဘဲ ညနေ၄နာရီဝန်းကျင် စီတာပူရပ်ကွက် ဂျပန်တံတားလမ်းမှာ ဖြစ်ခဲ့တဲ့ယာဉ်တိုက်မှုကတော့ ဆိုင်ကယ်အချင်းချင်းတိုက်မိရာက အမျိုးသမီးတစ်ဦးသေဆုံးခဲ့တာဖြစ်ပါတယ်။

ဆိုင်ကယ်နှစ်စီးတိုက်တာဗျ အမျိုးသမီးကတော့ ပွဲချင်းပြီးပဲ တစ်ဖက်က ယောက်ျားလေးတဲ့ အမျိုးသမီး က လမ်းမှားတယ်လို့ပြောတယ် တစ်ဖက်ယာဥ်ကြောကဆိုင်ကယ်ကိုသွားတိုက်တာလို့ပြောတယ်ဗျ လို့ မြစ်ကြီးနား လူမှုကယ်ဆယ်ရေး အသင်း Myanmar Rescue (Kachin) ကတာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

ဇန်နဝါရီ ၁၅ရက်နေ့ မနက် ၁၂ခွဲလောက်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မှာတော့ တပ်ကုန်းရပ်ကွက် ဆွပ်ပရာဘွမ်လမ်း ဆွတ်ဆီဆိုင်ရှေ့ပလက်ဖောင်းမှာ Honda fit အဖြူရောင်တစ်စီးဝင်တိုက်မိပြီး ကားဆရာအပါအဝင် အသက် ၃၀ ဝန်းကျင် အမျိုးသား ၃ဦးနဲ့ အမျိုးသမီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာဘဲ ဖြစ်ပါတယ်။

ထိခိုက်ဒဏ်ရာရတဲ့သူတွေထဲမှာ ကားမောင်းသူအမျိုးသားကတော့ သတိလစ်မေ့မျှောနေပြီး နောက်ထပ်အမျိုးသားနှစ်ဦးကတော့ တင်ပါးဆုံရိုး နဲ့ပေါင်းရိုး အသီးသီးကျိုးခဲ့ကြတယ်လို့

သိရပါတယ်။ ကျန်တဲ့ အမျိုးသမီးသုံးဦးထဲမှာ လက်မောင်းကျိုးတဲ့သူနဲ့ အနည်းငယ်ပွန်းပဲ့တဲ့သူပါပြီး စိုးရိမ်ရတဲ့အခြေအနေတော့ရှိတယ်လို့ မြစ်ကြီးနား လူမှုကယ်ဆယ်ရေး အသင်း Myanmar Rescue (Kachin) ကတာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

အခုလို အက်စီးဒင့်ခပ်စိပ်စိပ်ဖြစ်လာနေတာဟာ ဆိုင်ကယ်၊ကားမောင်းသူတစ်ချို့ သောက်စားမူးယစ်နေချိန်မောင်းနှင်တာအပြင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းမလိုက်နာတွေကြောင့် ဖြစ်တယ်လို့ လူမူကူညီရေးအသင်းတွေက မှတ်ချက်ပြုပြောဆိုပါတယ်။

မြစ်ကြီးနားမြို့မှာ လွန်ခဲ့တဲ့ ဒီဇင်ဘာလအတွင်းမှာဘဲ ယာဉ်တိုက်မှုပေါင်း ၆၀ ကျော်ဖြစ်ခဲ့ပြီး သေဆုံးမှုကတော့သုံးကြိမ်ထိရှိခဲ့တာဘဲဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button