သတင်း

မဘိမ်းမြို့ကို KIA နဲ့ KPDF တိုက်ခိုက်သိမ်းပိုက်

စစ်ကောင်စီတပ်သား တစ်ချို့ကို ဖမ်းဆီးရမိ

ကချင်ရှမ်းအစပ်မှာရှိတဲ့ မဘိမ်းမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA KPDF ပူးပေါင်းတပ်တွေက ဒီကနေ့မနက်မှာ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ KPDF တပ်ဖွဲ့တွေက ပြောပါတယ်။

မြို့သိမ်းတိုက်ပွဲကို ဇန်နဝါရီလ ၂၀ ရက်နေ့ကတည်း စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ KPDF တာဝန်ရှိသူက ခုလိုပြောပါတယ်။

ဟုတ်တယ် ၂၀ ရက်နေ့ မနက်၅နာရီစတာ၂၁ ရက်နေ့ ဒီနေ့ မနက် ၈နာရီ လောက်ရလိုက်တယ်။အခုလက်ရှိက ရှင်းလင်းရေးလုပ်နေတယ်လို့ ပြောပါတယ်။

မဘိမ်းမြို့နယ်ဟာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်စစ်ကိုင်းတိုင်းနယ်စပ်နဲ့ ထိစပ်‌တဲ့မြို့နယ်ဖြစ်ပြီး မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သားတစ်ချို့အရှင်ဖမ်းဆီးရမိတယ်လို့ သိရပေမယ့် နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေသေးတဲ့အတွက် အသေးစိတ်ထုတ်ပြန်လို့ မရသေးဘူးလို့ သူက ဆက်ပြောပါတယ်။

ရတာကရတယ် စာရင်းကအခုမှလုပ်နေတုန်းမလို့ပြောလို့မရသေးဘူးလို့ KPDF တာဝန်ရှိသူက ဆက်ပြောပါတယ်။

ဒါ့အပြင် မဘိမ်းမြို့အနီးမှာရှိတဲ့ မိုးမိတ်မြို့မှာလည်း စစ်တပ်နဲ့ KIAPDF ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းနဲ့ ဗုံးကျဲတိုက်ခိုက်တာတွေကြောင့် အရပ်သားသေဆုံးမှုလည်း ဆက်တိုက်ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အပါအဝင် ကချင်ရှမ်းအစပ်၊ ကချင်စစ်ကိုင်းအစပ်တစ်လျှာက်မှာ စစ်တပ်နဲ့ KIA,PDF တို့အကြား စစ်ရေးတင်းမာနေပြီး တိုက်ပွဲပြင်းထန်နေတာလည်း ဖြစ်ပါတယ်။

By – ဇမီ

Show More

Related Articles

Back to top button