သတင်း

ဆိုင်းတောင်မှာ စိတ်ဝေဒနာရှင်သူတစ်ဦးကို စစ်တပ်က ပစ်သတ်ခံရ

အရပ်သားပြည်သူ ၂ ဦး လက်နက်ကြီးထိမှန်

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာမှာ စစ်ကောင်စီတပ်က စိတ်ဝေဒနာရှင်အမျိုးသားတစ်ဦးကိုပစ်သတ်ခဲ့ပြီး ကျန်အမျိုးသား ၂ဦးမှာ စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးစထိမှန်လို့သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဇန်နဝါရီလ ၂၀ ရက် နေ့က သိမ်းပိုက်ခံလိုက်ရတဲ့ ဝှေခါဗျူဟာကုန်းဘက်ကို စစ်ကူလာတဲ့ စစ်ကောင်စီတပ် မနေ့က ဇန်နဝါရီ ၂၁ ရက်နေ့ မွန်းလွဲ ၂နာရီအချိန်က ဆိုင်းတောင်အထွက်မှာ KIA KPDF ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် အထိနာပြီး တပ်ဆုတ်လာချိန် စစ်ကြောင်းနဲ့ တည့်တိုးသွားတဲ့ ဆိုင်းတောင်ရွာထဲက စိတ်ဝေဒနာရှင် အမျိုးသားတစ်ဦးကိုပစ်သတ်ခဲ့ပြီး ကျန် ၂ဦးလည်း စစ်ကောင်စီပစ်ခတ်တဲ့လက်နက်ကြီးစထိမှန်လို့သေဆုံးခဲ့သွားတယ်လို့ ဆိုင်းတောင်ကျေးရွာနေ အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

ဟုတ်တယ် တစ်ယောက်ကတော့စိတ်မနှံ့တဲ့ကောင်လေးကိုလမ်းမှာပစ်သွားတာလေး သူတို့က လမ်းမကြီးအတိုင်းဆုတ်လာတာလေး သူကလမ်းမှာလျှောက်သွားနေတာအရူးစိတ်မနှံ့ဘူး စာသင်ကျောင်းရှေ့မှာပစ်သတ်သွားတယ်လို့ မျက်မြင်တွေ့ခဲ့တဲ့ အထက်ပါအမျိုးသားကပြောပါတယ်။

အလားတူ ဖားကန့်ဗျူဟာကုန်းကနေလည်း တိုက်ပွဲဖြစ်နေတဲ့ ဆိုင်းတောင်ကျေးရွာဘက်ကို လက်နက်ကြီးပစ်ကူတွေ ပစ်ခတ်ခဲ့ပြီး လူနေရပ်ကွက်နဲ့ကားလမ်းမတွေပေါ်ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသား ၂ဦးလည်း လက်နက်ကြီးထိမှန်ပြီးသေဆုံးခဲ့တယ်လို့သိရပါတယ်။

နှစ်ယောက်ကတော့တစ်ယောက်က ကုမ္ပဏီလုပ်သားသူကအပြင်ထွက်ကြည့်တဲ့ခါ လက် နက်ကြီးစထိပြီးသေသွားတာနောက်တစ်ယောက်ကတော့နမ့်မော်ရွာက ဆိုင်းတောင်ကနေ နမ့်မော်ရွာကိုပြန်ဖို့ထွက်တဲ့ချိန်ဖြစ်သွားတာ ၊ဒဏ်ရာရတာတွေလည်းရှိတယ်လို့ ဆိုင်းတောင်ကျေးရွာနေအမျိူးသားတစ်ဦးကပြောပါတယ်။

သေဆုံးသွားတဲ့သူတွေဟာဦးခင်မော်ဇော် အသက် ၃၅နှစ် ၊ကိုကောင်ဆက် အသက် ၃၄နှစ် စိတ်ဝေဒနာရှင်တစ်ဦး တို့ဖြစ်ပါတယ်။

ဒါ့အပြင်စစ်ကောင်စီတပ်ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဆိုင်းတောင်ရွာထဲက နောက်ထပ်အရပ်သား  ဦးထက်မနည်းပြင်းထန်တဲ့ဒဏ်ရာရရှိခဲ့ပြီး ရွာထဲက AG ဘုးကျောင်းဆောင်နဲ့လူနေအိမ်တွေလည်း လက်နက်ကြီးစထိမှန်ပြီးပျက်စီးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။

ဖားကန့်မြို့နယ်မှာစစ်ကောင်စီတပ်အတွက် အရေးပါတဲ့ဗျူဟာကုန်းဖြစ်တဲ့ဝှေခါဗျူဟာ ကုန်းကို KIA KPDF တပ်တွေဟာ ဇန်နဝါရီ ၂၀ ရက်နေ့မနက်မစောပိုင်းမှာ တိုက်ခိုက်ခံသိမ်းပိုက်ခဲ့တာဖြစ်ပြီး မနေ့ကမွန်းလွဲပိုင်းအထိ ထိုးစစ်တွေရှိနေသလိုဒီကနေ့မနက်ပိုင်းအထိလည်း လက်နက်ကြီးပစ်ခတ်တာတွေရှိနေသေးတယ်လို့သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button