သတင်း

တရုတ်ငှက်ပျော်ခြံပိုင်ရှင်တွေ လိုင်စင်မဲ့ကားအသုံးပြုလာတဲ့အတွက် ဒေသခံကားသမားများ အခက်ခဲတွေ့

ဒေသခံကားသမားတွေ အလုပ်အကိုင်ရှားမှုဖြစ်

ကချင်ပြည်နယ် ဝိုင်းမော်မြို့ သစ်သျှူးငှက်ပျောခြံပိုင်ရှင်တွေဟာ လိုင်စင်မဲ့ ၂၂ ဘီး( တွဲကား) တွေကို အသုံးပြုနေတာကြောင့် ဒေသခံတွေရဲ့ကားအစီး ၃၀၀ ရပ်နားထားရတယ်လို့ ဝိုင်းမော်ဒေသခံ ကားသမားတွေဆီကနေ သိရပါတယ်။

ဝိုင်းမော်မြို့မှာရှိတဲ့ သစ်ရှူးငှက်ပျောခြံပိုင်ရှင် အများစုဟာ ကိုယ်ပိုင်လိုင်စင်မဲ့ကား ဝယ်ထားပြီး အဲ့ဒီကားတွေနဲ့ဘဲ ငှက်ပျောတင်ပို့တာတွေလုပ်နေတဲ့အတွက် ဒေသခံကားသမားတွေဟာ အလုပ်ကိုင်ရှားပါးမှူတွေနဲ့အတူ ကားရပ်နားထားရတဲ့အတွက် မိသားစုစားဝတ်နေရေးဖြေရှင်းရာမှာ အခက်ခဲတွေရှိနေတယ်လို့ ကားသမားတစ်ယောက်က KNG ကိုပြောပါတယ်။

အဲ့ဒီ ၂၂ ဘီး (တွဲကား) တွေက ငှက်ပျောခြံပိုင်ရှင်တွေ ဝယ်ထားတာပေါ့နော။ လိုင်စင်မဲ့ကားတွေက မြန်မာနံပါတ်နဲ့ ပြီးရင် သူတို့က အဲဒီကားတွေနဲ့ဘဲ လုပ်စားနေတော့ ဒေသခံလိုင်စင်ကားတွေက ရပ်ထားရတာပေါ့။ တစ်ချို့ကားသမားတွေဆို ဒီမှာ ထမင်းတွေ ငတ်ပြတ်ကုန်ပြီလို့ပြောပါတယ်။

လိုင်စင်ကားသမားတွေအနေနဲ့ အခွန်ဆောင်ရတဲ့အတွက် ခြံပိုင်ရှင်တွေပေးတဲ့ ယာဉ်မောင်းကြေးတွေကလည်း စားဝတ်နေရေးအတွက်မကာမိဘူးလို့ ကားသမားတွေက ဆိုပါတယ်။

ဒါ့အပြင် တစ်ချို့နေရပ်ပြန်လို့ရတဲ့ကားသမားတွေက နေရပ်ပြန်သွားတာမျိုးရှိပေမဲ့ စစ်ရေးအခြေအနေတွေကြောင့် နေရပ်ပြန်လို့မရတဲ့ ကားသမားတွေက ယာဉ်ရပ်ထားတဲ့နေရာမှာဘဲ နေပြီး စားဝတ်နေရေးအတွက် တက်နိုင်သလို ဖြေရှင်းနေရကြတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ လိုင်စင်မဲ့ကားတွေကိုတော့ အခကြေးငွေပေးရတာသက်သာတဲ့အပြင် မောင်းတဲ့သူတွေကလည်း ယာဉ်မောင်းစရိတ်ပိုရတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် သီးနှံအသင်း ဉက္ကဌ ကို ဆက်သွယ်မေးမြန်း ကြည့်ရာမှာတော့ သူတို့အနေနဲ့လည်း စီစစ်ပြီး လုပ်နေကြတာဖြစ်တဲ့အတွက် အခုလိုကိစ္စမျိုးတော့ မရှိနိုင်ဘူး လို့ ပြောပါတယ်။

ကျွန်တော်တို့တော့ ဒီလိုင်စင်မဲ့ကားတွေကို မသိဘူး၊ ကျွန်တော်တို့ သီးနှံအသင်းတွေအနေနဲ့လည်း လိုင်စင်မဲ့ကားတွေကို မသုံးဘူး၊ ဘာလို့သုံးမှာလဲနော်၊ ပြီးတော့ ဒီတရုတ်ဘက်က လိုင်စင်မဲ့ကားတွေလည်း မဝင်တာကြာပြီ၊ ဒီကားတွေကိုလည်း ဝင်ခွင့်မပေးဘူးလေ၊ ကျွန်တော်လည်း သေချာစစ်ပြီး လုပ်နေကြပါတယ်၊ ပြီးတော့ လိုင်စင်မဲ့ ဟုတ်မဟုတ် စစ်ဆေးဖို့ ဂိတ်တွေလည်း ရှိတယ်လေလို့ပြောပါတယ်။

ကားသမားရဲ့ ပြောပြချက်အရ လိုင်စင်မဲ့ကားတွေဟာ ၂၀၂၃ ခုနှစ်အတွင်းမှာဘဲ တစ်နေ့ကို အစီး ရေ ၄၀ လောက် သွင်းပြီးတော့ ၂၀၂၃ ခုနှစ် ၁၀ လပိုင်းကစပြီး လိုင်စင်မဲ့ကားတွေနဲ့ဘဲ လုပ်ငန်းစလာကြတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီလိုင်စင်မဲ့ကားတွေဟာ တရုတ်ပြည်၊ ကန်ပိုက်တည်ကနေ တိုက်ရိုက်ဝင်တာရှိသလို လိုင်ဇာမြို့ဘက်ကနေ ဝင်တာမျိုးရှိပြီး လက်ရှိမှာတော့ အစီး ၂၀၀ ဝန်းကျင်လောက်ရှိနေပြီလို့ သိရပါတယ်။

ဒါ့အပြင် ကားသမားတွေပြောဆိုချက်အရ အာဏာမသိမ်းခင်ကတည်းက တရုတ်သစ်သျှူးငှက်ပျောခြံပိုင်ရှင်တွေနဲ့ ကားသမားတွေကြား နှစ်ဦးသဘောတူ လုပ်ငန်းတွေလုပ်ခဲ့ကြပေမဲ့ လက်ရှိမှာတော့ သဘောတူကာလ မပြီးဆုံးခင်ကတည်းကပင် တရုတ်သစ်သျူးငှက်‌ေပျာ်ခြံပိုင်ရှင်တွေဟာ သဘောတူညီမှုကိုဖျက်ပြီးကိုယ်ပိုင်ထောင်ထားတဲ့ တရားမဝင်ကားတွေနဲ့ လုပ်ကိုင်လာတာကြောင့် ဒေသခံကားသမားတွေ လုပ်ငန်းရပ်ထားရပြီး စားဝတ်နေရေး အခက်အခဲတွေဖြစ်နေတယ်လို့ ဆိုပါတယ်။

By – Bu Bu

Show More

Related Articles

Back to top button