မြေယာနှင့် သဘာဝပတ်ဝန်းကျင်သတင်း

မြေရှားတူးဖော်မှုကြောင့် ဖမ်းဆီးခံထားရတဲ့ ပြည်သူ့တစ်ချို့ ခံဝန်ကတိနဲ့လွတ်မြောက်

ဖမ်းဆီးခံရတဲ့ ၄၄ ဦးထဲကနေ ၁၀ ဦးပြန်လွှတ်ပေး

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ  နယ်မြေ ချီဖွေမြို့နယ် ဖရဲဒေသမှာ မြေရှားသတ္တုတူးဖော်မှုကို ဆန့်ကျင်ကန့်ကွက်လို့ ဖမ်းဆီးခံခဲ့ရသူတချို့ကို ဝန်ခံကတိလက်မှတ်ရေးထိုးခိုင်းပြီး ပြန်လွှတ်ပြီဖြစ်ပေမဲ့ တက်ကြွလှုပ်ရှားသူအများပိုင်းကိုတော့ ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ဖရဲဒေသမှာ မြေရှားသတ္တုတူးဖော်မှုကို ဆန့်ကျင်ခဲ့ကြတဲ့ ဒေသခံပြည်သူတွေနဲ့ KIA ကြားပြဿနာဖြစ်ပွားရာမှာ ဖမ်းဆီးသွားတဲ့ အရပ်သား ၄၄ ဦးထဲက ၁၀ ယောက်ကျော်ကို ပြန်လွှတ်ပြီဖြစ်ပေမဲ့ တက်ကြွလှုပ်ရှားသူ ၃၀ ကျော်ကို ဆက်လက်ဖမ်းဆီးထားကြောင်း ဖရဲဒေသခံပြည်သူတွေပြောပါတယ်။

အခုက သူတို့ကြည့်ပြီး တက်ကြွလှုပ်ရှားသူတွေကိုဖမ်းထားတာပေါ့။ အစိုးရကို ပြောရဲဆိုရဲရှိတဲ့သူတွေ၊ ကချင်စကားတတ်တဲ့သူတွေကို ဖမ်းထားတယ်။ စာသိပ်မတတ်တဲ့သူတွေ အစိုးရကို သိပ်ပြောရဲဆိုရဲမရှိတဲ့သူတွေကို လွှတ်တယ်။ ပြန်လွှတ်တဲ့သူတွေကို အစိုးရရဲ့ မြေရှားသတ္တုတူးဖော်ရေးစီမံကိန်းတွေကို ဘယ်တော့မှ မကန့်ကွက်ဆန့်ကျင်တော့ပါဘူးဆိုတဲ့ ဝန်ခံကတိထိုးခိုင်းတယ်။ လူကြီးပိုင်းတွေကိုတော့ ဖမ်းထားသေးတယ်။ လို့ ဖရဲဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်နေ့က  ယောက်ကို အရင်လွှတ်ပေးခဲ့ပြီး ၁၇ ရက်နေ့ကတော့  ယောက်ကို ထပ်ပြီးပြန်လွှတ်ခဲ့ပြီး ပြန်လွှတ်တဲ့သူတွေကို မြေရှားသတ္တုတူးဖော်ရေးကို နောက်ထပ်ကန့်ကွက်တာတွေမလုပ်ကြဖို့  ခံဝန်ကတိ လက်မှတ်ရေးထိုးခိုင်းတယ်လို့ ဆိုပါတယ်။

အဓိက မြေရှားသတ္တုတူးဖော်ရေး၌ ဦးဆောင်ကန့်ကွက်တဲ့သူတွေကို စစ်ဆေးနေဆေးဖြစ်ပြီး တချို့ကိုတော့ ပြန်လွှတ်ပြီလို့ ကချင်လွတ်လပ်ရေးအစိုးရအဖွဲ့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဖရဲမှာက ဒေသခံတွေနဲ့ သဘောတူထားတဲ့နေရာမှာ မြေရှားသတ္တုတူးဖော်တာဟုတ်တယ် အခုဒေသခံပြည်သူတွေ ပြန်ကန့်ကွက်လာတယ်။ ဘာကြောင့်ကန့်ကွက်တယ်ဆိုတာကို အခုစစ်ဆေးနေတယ်။ ဒီအခြေအနေမှာရှိနေတယ်လို့ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဖရဲကျေးရွာပြည်သူတွေ သောက်သုံးရေသွယ်ယူနေတဲ့ ချောင်းဖျားမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရဲ့ခွင့်ပြုချက်နဲ့ တရုတ်လုပ်ငန်းရှင်တွေ မြေရှားသတ္တုတူးဖော်ဖို့ ပြုလုပ်နေတာကြောင့် ဖေဖော်ဝါရီလ  ရက်နေ့ကနေ  ရက်နေ့အထိ  ရက်၊ ပြည်သူတွေဆန့်ကျင်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် KIA က ဂျိန်းဖော့ဘာသာစကားတတ်တဲ့ပြည်သူတွေ၊ ဓမ္မဆရာ၊ သင်းထောက်တွေသာမက ဖရဲကျောင်းအုပ် အပါအဝင် ပြည်သူစုစုပေါင်း ၄၄ ယောက်ကို ဖမ်းဆီးပြီး အချူပ်ထောင်ထဲ ထည့်လိုက်တာဖြစ်ပါတယ်။

ရွာသားတွေ သောက်သုံးတဲ့ရေတွေလည်း အကုန်နှောက်ကုန်ပြီး သောက်ရေရှားပါးလာတာကြောင့် သောက်သုံးရေယူနေတဲ့ချောင်းဖျားမှာ မြေရှားမတူးဖို့ သွားပြောတဲ့အချိန် KIA တွေကလိုက်လာပြီး ဝိုင်းထားပြီး ဗုံးနဲ့တိုက်ခိုက်တာပေါ့။ ဗုံးနဲ့တိုက်ခိုက်တာကြောင့် ရွာသားတွေလည်း ထိခိုက်သူကထိခိုက်၊ ထွက်ပြေးသူကထွက်ပြေးနဲ့ တချို့အမျိုးသားတွေကို ဖမ်းဆီးပြီး အချုပ်ထဲထည့်ထားတယ်။” ဟု အဲဒီနေ့က ဖြစ်စဉ်ကို ဖရဲဒေသခံတစ်ဦး ပြောပြတာဖြစ်ပါတယ်။

ဖရဲဒေသမှာ မြေရှားသတ္တုစတင်တူးဖော်လာတဲ့အချိန်ကစပြီး ဒေသခံပြည်သူတွေနဲ့ KIA တို့ကြား မြေရှားသတ္တုတူးဖို့ သဘောတူညီမှုရယူပြီး ကျေးရွာအပြင်ဘက် သတ်မှတ်ထားတဲ့မြေနေရာသီးသန့်ရှိတယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဒေသခံတွေပြောတာကတော့ တရုတ်လုပ်ငန်းရှင်တွေဟာ  KIA ရဲ့ခွင့်ပြုချက်နဲ့လို့ဆိုပြီး သတ်မှတ်ထားတဲ့မြေနေရာထက်ကျော်လွန်ကာ တူးဖော်လာတဲ့အပြင် ပြည်သူတွေ မှီခိုနေတဲ့ချောင်းဖျားပိုင်း ထပ်မံ တူးဖော်လာတာကြောင့် ထပ်မံဆန္ဒပြ ကန့်ကွက်ရခြင်းဖြစ်ကြောင်း ဒေသခံတွေဘက်က ပြောပါတယ်။

ဖရဲရွာဆိုတာ တောင်ကြားကနေ စီးဆင်းနေတဲ့ချောင်းတစ်ခုကို မှီခိုပြီး ရွာတည်နေတာဖြစ်တယ် ဆိုတော့ ဒီချောင်းထိပ်မှာ မြေရှားတူးတော့ ရွာသားတွေလည်း ဘယ်ကမှ ရေယူလို့မရတော့ဘူး။ ဒါကြောင့် ရွာသားတွေက မြေရှားသတ္တုတူးဖော်မှုကို ကန့်ကွက်နေတယ်။ ဒါပေမဲ့ သူတို့က ရွာသားတွေဘယ်လိုပြောပြော လုပ်မယ်ဆိုတော့ သောက်ရေကို မထိဘူးဆိုရင်တော့ လုပ်ကြဆိုပြီး သဘောတူ လုပ်ထားခိုင်းပြီးပြီ။ ဒါပေမဲ့ အခုဒီပြဿနာဖြစ်လာတာက သောက်ရေယူနေတဲ့ ချောင်းဖျားမှာ မြေရှားသတ္တုတူးလာတာကြောင့် အဲ့ဒီနေရာမှာ မတူးကြဖို့ တရုတ်ကုမ္ပဏီကို သွားပြောတဲ့အချိန် ဖြစ်လာတာ ဟုတ်တယ်။” ဟု ဖရဲဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာ KIA က သတ္တုတူးတဲ့ တရုတ်လုပ်ငန်းရှင်ရဲ့လူတွေကို သေနတ်ပေးကိုင်ထားပြီး ပြည်သူတွေ မလာရဲအောင် လုံခြုံရေးတင်းကျပ်ပြီး စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် KIA က ဖမ်းဆီးဖို့ ရှာနေသေးတဲ့ ဒေသခံပြည်သူတချို့လည်း ရှိနေတာကြောင့် ပုန်းရှောင်နေကြသူတွေရှိတယ်လို့ ဆက်လက်သိရပါတယ်။

ဖရဲဒေသမှာ မြေရှားသတ္တုတူးဖော်တာကို ဆန့်ကျင်တိုင်း ပြည်သူတွေ ဖမ်းဆီးခံရတဲ့ဖြစ်စဉ် မကြာခဏဖြစ်ပွားနေပြီး KIA က သတင်းဖြန့်တဲ့ပြည်သူတွေရဲ့ အသက်အန္တရာယ်ကိုလည်း ခြိမ်းခြောက်ထားတယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က ကျေးရွာအပြင်ဘက် ဒေသခံတွေနဲ့ KIA တွေ သဘောတူလက်မှတ်ရေးထိုးပြီး မြေရှားသတ္တုတူးဖို့ မြေနေရာသတ်မှတ်ထားတာရှိပေမဲ့ KIA နဲ့ တရုတ်ကုမ္မဏီတွေဘက်က ဒေသခံတွေ သတ်မှတ်မပေးတဲ့ ကျေးရွာနယ်နိမိတ်အတွင်းထိ မြေရှားတူးဖော်နေတာကြောင့် ဒေသခံတွေ အကြိမ်ကြိမ် နည်းလမ်းအမျိုးမျိးနဲ့ ကန့်ကွက် နေတာလည်းဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button