တိုက်ပွဲသတင်း

မော်လူးမြို့မှာ ဒေသခံ‌တွေရဲ့သစ်ကားဖမ်းတဲ့ကိစ္စဖြေရှင်းနေဆဲလို့ဆို အုပ်ချုပ်ရေးအဖွဲ့ဆို

စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ် မော်လူးမြို့မှာ သစ်ကားတွေကိစ္စ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ မော်လူးမြို့အုပ်ချုပ်ရေး တာဝန်ရှိသူတွေကို အရပ်သားတွေ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့အထိ ဖြစ်ခဲ့တဲ့ သစ်ကိစ္စနဲ့ပတ်သက်ပြီး ဖြေရှင်းနေဆဲ ဖြစ်တယ်လို့သိရပါတယ်။

ပြည်သူ့အုပ်ချုပ်ရေးစနစ်နဲ့အုပ်ချုပ်နေတဲ့ မော်လူးမြို့မှာ မော်လူးတိုက်နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(ပကဖ)တာဝန်ခံလည်းဖြစ် သယံဇတတာဝန်ခံလည်းဖြစ်တဲ့ ဦးအိုက်ထွန်းနဲ့မော်လူး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)တာဝန်ခံ ကိုအာနိုးတို့အနေနဲ့ မော်လူးဒေသခံတွေသစ်ထုတ်လုပ်မှုကို ဖမ်းဆီးတာတွေရှိပြီး တရုတ်ဘက်ကိုတင်ပို့တဲ့ လုပ်ငန်းရှင်ကြီးတွေရဲ့သစ်ကားတွေကိုတော့ဖမ်းဆီးမှုမရှိဘူးလို့ဆိုကာ ဆန္ဒထုတ်ဖော်တဲ့ထိဖြစ်ခဲ့တဲ့ ဒီသစ်ကိစ္စကိုဖြေရှင်းနေဆဲဖြစ်တယ်လို့ မော်လူးမြို့အုပ်ချုပ်ရေး တာဝန်ရှိသူ တစ်ဦးက KNGကိုပြောပါတယ်။

သူတို့(ဆန္ဒထုတ်ဖော်သူ)ကို ပြည်သူလို့ပြောလို့မရပါဘူးဗျစီးပွားရေးသမားတွေပါ။ ပျဥ်ကို ကားအစီးလိုက်လုပ်ချင်တဲ့စီးပွားရေးသမားတွေ ဦးဆောင်တာပါ။ဆိုင်ရာပုဂ္ဂိုလ် အဖွဲ့ အစည်းတွေက ညှိနှိုင်းဖြေရှင်းပေးနေပါတယ်။သူတို့ကတော့သစ်တွေကိုလွတ်လွတ်လပ်လပ်သယ်ချင်တယ်လို့တောင်းဆိုပါတယ်။လောလောဆယ်ဖြေရှင်းနေတုန်းပါလို့မော်လူးမြို့အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အင်းတော်မြို့နယ်ထဲမှာ NUG အစိုးရရဲ့ သယံဇတဝန်ကြီးဌာနကသစ်အလုပ်ရုံတစ်ရုံကို တစ်နှစ် ကျပ် ၆ သိန်း၊သစ်စက်တစ်လုံးကို တစ်နှစ်စာ ကျပ် ၁၂ သိန်းနှင့် သစ်ခွဲသားတစ်တန် ၅သိန်း အထိအခွန်ပေးဆောင်ရမယ်လို့သတ်မှတ်ထားပေမယ့် မော်လူးဒေသထဲက ဒေသတွင်းလုပ်ငန်းရှင်တွေဟာ အခွန်ငွေတွေကို NUG အစိုးရထံ ပေးဆောင်တာမျိုးမရှိတာကြောင့် ဖမ်းဆီး၊ ဒဏ်ရိုက်ရာကနေအခုလိုဒေသတွင်းလုပ်ငန်းရှင်တွေဦး ဆောင်တဲ့ ဆန္ဒထုတ်မှုတွေဖြစ်ပေါ်လာတာဖြစ်တယ်လို့ မော်လူးမြို့အုပ်ချုပ်ရေးဘက်ကဆိုပါတယ်။

လက်ရှိထွက် သတင်းထွက်နေတဲ့အတိုင်း တရုတ်ဘက်ကိုတင်ပို့တဲ့လုပ်ငန်းရှင်တွေဆီကနေတော့ သစ်တစ်တန်ကိုကျပ် ၆၀၀၀၀၀ အခွန်ကောက်ခံပြီးမှသာ ဖြတ်သန်းခွင့်ပြုတာဖြစ်တယ်လို့ မြို့အုပ်ချုပ်ရေးဘက်ကဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တနိုင်တပိုင်ပရိဘောဂ လုပ်ငန်းလုပ်ကိုင်နေတဲ့ မော်လူးဒေသခံအမျိုးသားတစ်ဦးကို ဆက်သွယ်မေး မြန်းရာ အခုလိုဖြေကြားခဲ့ပါတယ်။

ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင် ကျွန်တော်တို့ဒီမှာရှိတဲ့မော်လူးကပြည်သူတွေရဲ့ ၆၀ ရာခိုင်နှုန်းလောက်က ဒီသစ်လုပ်ငန်းပဲရှိတယ် အလုပ်ရုံတွေနဲ့ပဲလည်ပတ်နေကြတာ အဲ့ဆိုတော့ ဒီမှာရှိတဲ့အဖွဲ့တွေက ဒေသခံတွေကိုလုပ်စားပိုင်ခွင့်လုံးဝမပေးထားဘူး ပိတ်ပင်ထားတယ် ဒေသခံတွေကိုတော့ပိတ်ပင်ထားပြီးတရုတ်ဘက်ကလာတဲ့လုပ်ငန်းရှင်တွေကို ကျတာ့ခွင့်ပြုထားတယ် အဲ့မှာဆန္ဒပြကြတာလို့ အထက်ပါအမျိုးသားကပြောပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့မော်လူးမြို့အုပ်ချုပ် ရေးတာဝန်ရှိသူတွေဟာ ဒေသခံတွေ သုံးဘီး၊ ဆိုင်ကယ်တွေနဲ့သစ်ထုတ်ယူတာတွေကိုဖမ်းဆီးတာမျိုးရှိတဲ့အပြင် ယာဥ်တွေသိမ်း ဆည်းပြီးဒဏ်ရိုက်တာတွေပြုလုပ်ခဲ့ပြီး  မြစ်ကြီးနား ၊ဗန်းမော်နဲ့တရုတ်ဘက်ကဝင်လာတဲ့ လုပ်ငန်းရှင်ကြီးတွေ တွဲကား၊ ၁၂ ဘီးကားကြီးတွေနဲ့ သစ်ထုတ်ယူနေမှုကိုတော့ ခွင့်ပြုပေးနေတယ်လို့ဆိုကာ အရပ်သားအချို့က မတ်လ ၁၇ ရက်နေ့နဲ့ မတ်လ ၁၈ ရက်နေ့က အရပ်သား ၁၀၀ ဝန်းကျင်လောက်နဲ့ ဆန္ဒ ထုတ်ဖော်ခဲ့ကြတာလို့သိရပါတယ်။

မတ်လ ၁၇ မွန်းလွဲပိုင်းမှာ ဗန်းမောက်ဘက်ကနေ မော်လူးမြို့ထဲဝင်လာတဲ့ လုပ်ငန်းရှင်ကြီးတွေရဲ့ သစ်ကား ၁၈ စီးကို မော်လူးမြို့ခံတွေက မော်လူးမြို့ထဲမှာဖမ်းဆီးထိန်းသိမ်းခဲ့ပေမယ့် နာရီအနည်းငယ်အကြာမှာ မြို့အုပ်ချုပ်ရေး အဖွဲ့တွေက ခွင့်ပြုပေးခဲ့ပါတယ်။

အလားတူ မနေ့ကညပိုင်းမှာလည်း သစ်ကား သုံးဆီးထပ်ဝင်လာပြီးအဲ့ဒီသစ်ကားသုံးစီးနဲ့အတူလက်ရှိ သစ်ကား ၅စီးအထိအရပ်သားအချို့က ကိုတော့ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ဆိုပါတယ်။

ဗန်းမောက် အင်းတော်အစပ်ကနေထုတ်ယူ နေတဲ့အဲ့ဒီသစ်ကားတွေဟာ ဗန်းမောက် အင်းတော်ကနေ တဆင့် ကသာနယ်ထဲကို သယ်ယူပြီး ကသာကနေမှ ချောင်းဝ ဗန်းမော်လမ်းအတိုင်း တရုတ်ပြည်ထဲကို တိုက်ရိုက်တင်ပို့နေတာလို့သိရပါတယ်။

အင်းတော် မော်လူးဒေသတွေမှာ သစ်ဝါးတွေကို ၂၀၂၂ ခုနှစ်ကတည်းကနေ ထုတ်ယူနေတာဖြစ်ပြီး လက်ရှိသစ်တောကြိုးဝိုင်းတွေထဲအထိပါ သစ်ထုတ်ယူနေမှုတွေရှိနေတယ်လို့ ဒေသခံတွေကဆိုပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button