တိုက်ပွဲသတင်း

နမ့်ကောန့်တပ်စခန်းကို KIA သိမ်းပိုက်ထားပေမယ့် တပ်စခန်းတွေကျန်ရှိနေသေးတာကြောင့် စစ်ရေးတင်းမာမှုရှိနေသေး

တနိုင်းမြို့နယ် မိုင်းခွန်အုပ်စု နမ်ကောန့်(Namkawn) စစ်ကောင်စီတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်တော် KIA က တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ပေမယ့် တပ်စခန်း  နေရာထက်ကျန်ရှိနေသေးတာကြောင့် စစ်ရေးတင်းမာတာတွေရှိနေသေးတယ်လို့သိရပါတယ်။

နမ်ကောန့်တပ်စခန်းကို KIA ပူးပေါင်းတပ်တွေက မတ်လ ၁၈ ရက်နေ့ မနေ့က မနက်ပိုင်း  နာရီလောက်မှာ စတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပေမယ့် စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်တာတွေကြောင့် ညနေပိုင်းမှသာ အပြီးသတ်သိမ်းနိုင်ခဲ့တယ်လို့ မှော်ဒေသမှာရှိတဲ့ ပြည်သူတစ်ဦးက KNG ကိုပြောပါတယ်။

အမှန်တော့ စစ်တပ်စခန်းကို မနက်ပိုင်း ၁၁ နာရီလောက်ကနေ အကုန်သိမ်းပြီးပြီ။ ဒါပေမယ့် စစ်တပ်အဆက်မပြတ် လေယာဉ်နဲ့ ဗုံးကြဲတော့ ခဏပြန်ဆုတ်ထားတာ။ ပြန်တိုက်လိုက်နဲ့ ပြန်နားလိုက်နဲ့ ညပိုင်းမှာပဲ သိမ်းလိုက်နိုင်တယ်။ စစ်တပ်ဘက်က သေဆုံးတာများတယ်လို့ပြောတယ်လို့ပြောပါတယ်။

မနေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများပြီး ဖမ်းဆီးရမိတဲ့သူတွေလည်းရှိတယ်လို့ သတင်းအရင်းအမြစ်တွေက ပြောပေမယ့် KNG သတင်းဌာနက အချက်အတိအကျကို ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်တပ်ဘက်ကနေ ဂျက်လေယာဉ်နဲ့  ကြိမ်ထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နမ်ကောန့်ကျေးရွာထဲက စျေးတန်းနေရာမှာ လက်နက်ကြီး  လုံးအထက် ကျကွဲခဲ့ပြီး လူနေအိမ်တစ်ချို့နဲ့ ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မနေ့က KIA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နမ့်ကောန့်အပါ တစ်ဆက်တည်းရှိတဲ့ အင်ဂါးဂါး(N-Ga Ga) စစ်ကောင်စီတပ်ဖွဲ့တွေကို ပြီးခဲ့တစ်လေလောက်ကနေ လက်နက်ချတပ်ဆုတ်ပေးဖို့ KIA တပ်မဟာ ( တပ်ရင်း ၁၄ အဖွဲ့တွေကစာပို့ထားတယ်လို့လည်းသိရပါတယ်။

စာပို့ထားတဲ့ တစ်လအတွင်း စစ်တပ်ဘက်နေ ဆုတ်ခွာသွားတာမရှိတာကြောင့် KIA ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နောက်ထပ်ကျန်ရှိနေတဲ့ တပ်စခန်းနေရာမှာ တိုက်ပွဲထပ်မံဖြစ်လာနိုင်တယ်လို့ မှော်ဒေသမှာရှိတဲ့ ပြည်သူတစ်ဦးက အခုလိုဆက်ပြောပါတယ်။

စစ်တပ်စခန်းက  နေရာ   နေရာလောက်တောင်ကျန်သေးတယ်။ ပြီးရင် အင်ဂါးဂါးကိုကျတော့ ဆုတ်ပေးဖို့ စာပေးထားတာတစ်လလောက်တောင်ကြာနေပြီ။ အခုက ပြန်ငြိမ်သွားပြီဆိုပေမယ့် စစ်ရေးတင်းမာတာတွေက ရှိနေသေးတယ်။ တစ်ခုပြီးတစ်ခုသိမ်းလာမယ့်အနေအထားမှာရှိနေတယ်လို့ပြောပါတယ်။

လက်ရှိ နမ်ကောန့် စစ်ကောင်စီတပ်စခန်းကို KIA က တိုက်ခိုက်သိမ်းပိုက်လိုက်ပေမယ့် နမ့်ကောန့်မှော်ရဲ့အထက် မှာ ပရင်းတောင်တပ်စခန်းတစ်ခုနဲ့ အောက်ဖက်မှာ လပူခ၊ အင်ဂါးဂါး တပ်စခန်း စတဲ့ အရေးကြီးတဲ့ တပ်စခန်း  နေရာ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

နမ့်ကောန့်၊ ပရင်းတောင်နဲ့  အင်ဂါးဂါးနဲ့ လပူမှော်ဒေသတွေဟာ အရင်က KIA ထိန်းချုပ်နယ်မြေတွေ ဖြစ်ပြီးတော့ ၂၀၁၇ ခုနှစ်မှာ စစ်တပ်က ဟူးကောင့်ချိုင့်ဝှမ်းဒေသတစ်ခုလုံးကို စစ်အင်အားအလုံးအရင်းနဲ့ နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် KIA က တပ်ဆုတ်ထားတဲ့ တပ်စခန်းနေရာတွေဖြစ်ပါတယ်။

အဲဒီတပ်စခန်းတွေဟာ နမ့်ကောန့်ရွာနဲ့  မိုင်လောက်အကွာမှာသာ ရှိနေပြီး နောက်ထပ် KIA ပူးပေါင်းတပ်တွေက ဆက်လက် စခန်းသိမ်းတိုက်ပွဲဖော်ဆောင်လာနိုင်ပြီး စစ်ရေးတင်းမာမှုရှိနေသေးတယ်လို့ ဆိုပါတယ်။

မတ်လ ၁၈ ရက်နေ့ စစ်ကောင်စီတပ်ဖွဲ့တွေက နမ်ကောန့် တပ်စခန်းကို လက်လွတ်လိုက်ရတဲ့အတွက် ရွှေမှော်ဒေသမှာ ဗုံးကြဲတိုက်ခိုက်မယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အတွက် လပူခနဲ့ အင်ဂါးဂါး မှော်သူ မှော်သားတစ်ချို့က တနိုင်းဘက်ကို ထွက်ခွာတဲ့လုပ်ငန်းရှင်လည်းရှိနေတယ်လို့ သိရပါတယ်။

နမ်ကောန့် ရွှေမှော်ပြည်သူတွေက တိုက်ပွဲစတင်ဖြစ်ပွားခဲ့တဲ့နေ့မှာတင် မိုင်းခွန်နဲ့ အခြားတိုက်ပွဲမဖြစ်တဲ့နေရာတွေမှာ ယာယီတိမ်းရှောင်နေကြပြီး တစ်ချိုလုပ်ငန်းရှင်တွေက တနိုင်းဘက်ကို ထွက်လာကြတယ်လို့လည်း ဆက်သိရပါတယ်။

နမ်ကောန့်တိုက်ပွဲဟာ ဒီနှစ် ၂၀၂၄ ခုနှစ်အတွင်း ဟူးကောင့်ချိုင့်ဝှမ်းဒေသမှာ ပထမဆုံးအကြိမ် စတင်ဖြစ်ပွားတဲ့ တိုက်ပွဲဖြစ်ပြီး KIA ဘက်ကနေ စခန်းသိမ်းပိုက်နိုင်တာလည်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

အလားတူ ပြီးခဲ့တဲ့ မတ်လ  ရက်နေ့ကနေ စတင်ပြီးတော့ ကချင်ပြည်နယ်တစ်ခုလုံးအတိုင်းအတာနဲ့ KIA ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်စခန်းတည်ရှိရာ  KIO လိုင်ဇာဌာချုပ်အနီးတဝိုက်နဲ့ ဝိုင်းမော်၊ ဆွမ့်ပရာဘွမ့်၊ ဖားကန့် စတဲ့ နေရာတွေမှာ စခန်းသိမ်းတိုက်ပွဲအဖြစ် တိုက်ပွဲဖော်ဆောင်နေတာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button