သတင်း

ဧရာဝတီမြစ်ကမ်းဘေး လဘန်ရွာမှာစစ်ရှောင်နေတဲ့ ပြည်သူတွေ သောက်သုံးရေအခက်ခဲကြုံနေ

ဝိုင်းမော်မြို့နယ် လဘန်ကျေးရွာ ဧရာ၀တီမြစ်ကမ်းနားဘေးမှာစစ်ဘေးရှောင်နေရတဲ့ အောင်မြေ  ကျေးရွာက စစ်ရှောင်ပြည်သူများ သောက်သုံးရေအခက်အခဲကြောင့် ဒုက္ခကြုံနေရတယ်လို့ စစ်ဘေးရှောင်တွေကဆီကနေ သိရပါတယ်။

ရေအရမ်းခက်တယ် သုံးဖို့နဲ့ သောက်ဖို့ရေ ဒုက္ခကြုံနေတယ်။ လောလောဆယ်တော့ ရွာကအသင်းတော်ဝင်းက ရေတွင်းထဲကရေကို မော်တာနဲ့စုပ်ယူပြီး စစ်ရှောင်စခန်းမှာ မိုးကာနဲ့ရေလောင်ကန်လုပ်ထားပြီး ဝိုင်းသုံးနေတယ်။ အခုလူကများ  မီးလည်းမလာတော့ ရေက သုံးဖို့မလောက်တော့ဘူး ရေအရမ်းခက်နေတယ်လို့ စစ်ဘေးရှောင်ပြည်သူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ  ရက်နေ့က ရွှေညောင်ပင်နဲ့ အောင်မြေ  ကြား ပြည်သူ့စစ်အပါအဝင် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြားတိုက်ပွဲကြောင့် အောင်မြေ  ကျေးရွာမှာ ဒေသခံပြည်သူ  ထောင်ကျော်ကို စစ်တပ်က တိုက်ပွဲကြား ပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။

တစ်ပတ်ခန့်ကြာပိတ်မိခဲ့တဲ့ဒေသခံပြည်သူတွေကို မတ်လ ၁၃ ရက်နေ့မှာတော့ ကချင်နှစ်ခြင်းခရစ်ယန်အသင်းတော် KBC နဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက သွားရောက်ကယ်ထုတ်ခေါ်ယူနိုင်ခဲ့ပြီး တချို့ကိုတော့ စန်းကားကျေးရွာနဲ့ မိုင်းနားစစ်ရှောင်စခန်းမှာ ယာယီနေရာချာထားခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် စန်းကားကျေးရွာနဲ့ မိုင်းနားစစ်ရှောင်ကနေ လဘန်ကျေးရွာအသင်းတော်ဝင်းသို့ ပြောင်းရွှေ့ခဲ့ပြီး အဲဒီနောက်ထပ်မံပြီး ဧရာ၀တီမြစ်ကမ်းနားဘေးက အသင်းတော်ပိုင်စိုက်ပျိုးခြံတစ်ခုမှာမိုးကာတဲအဆောင်တွေဆောက်လုပ်ပြီး နေရာချထားပေးထားဖြစ်ပါတယ်။

လက်ရှိ ဧရာ၀တီမြစ်ကမ်းဘေးမှာနေရပေမယ့် ဧရာ၀တီမြစ်ရေကို ချက်ပြုတ်ရေ၊ သုံးစွဲရေအဖြစ်အသုံးပြုဖို့ပင်  မြစ်ရေက အလွန်ညစ်ညမ်းတာကြောင့်အသုံးပြုလို့အဆင်မပြေဘူးလို့ ပြောပါတယ်။ဒါကြောင့် တိမ်းရှောင်နေတဲ့နေရာမှာတင် စစ်ရှောင်တွေအတွက် အရေးပေါ်ရေတွင်းတူးပေးနိုင်ဖို့ မျှော်လင့်နေတယ်လို့ တောင်းဆိုပါတယ်။

ရေခက်တော့ ဧရာ၀တီမြစ်ကနေ ပြန်ခပ်ယူ သုံးစွဲနေတယ်။ ရေချိုး၊ဆေးကြော ချက်ပြုတ်ရေအဖြစ်အသုံးပြုတယ်။ ဒါပေမဲ့ မြစ်ရေက အင်မတန်ညစ်ညမ်းတော့ ဒီလိုအသုံးပြုနေလို့လည်း အဆင်မပြေဘူး။ အက်ဆစ်ဓါတ်ပါတယ်အမျိုးမျိုးပြောတော့လည်း စိုးရိမ်တယ်။ ဒါကြောင့် သောက်သုံးရေ အရေးပေါ်လိုအပ်နေတယ်။ ရေတွင်းလည်းမရှိဘူး။ ကျနော်တို့ လူ ၆၀၀ ကျော်ရှိတာကြောင့် ဖြစ်နိုင်ရင် အဝီစိရေတွင်းပြုလုပ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်ဟု သူကဆက်ပြောပါတယ်။

အခုလို ဧရာ၀တီမြစ်ကမ်းဘေးမှာ ရှိနေပေမဲ့ မြစ်ရေအသုံးပြုလို့မရတော့တဲ့အခြေအနေထိဖြစ်သွားတာဟာ ကချင်မှာ ရွှေတူးဖော်မှု၊ သတ္တုမြေရှားတူးဖော်မှုနဲ့ တရုတ်တစ်ရှူးငှက်ပျော်စိုက်ပျိုးရေးတွေ ပိုမိုဆိုးရွာလာခဲ့တာကြောင့် မြစ်ရေဟာ ဓာတုဓါတ်ပါဝင်တဲ့ အက်ဆစ်ရေအဖြစ် ပြောင်းလဲစီးဆင်းပြီး ညိုညစ်နေပြီဖြစ်တာကြောင့် သုံးစွဲလို့မရတော့တာလို့ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူ ကချင်ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။

ရေအရင်းအမြစ်တွေမှာ ရွှေတူးဖော်မှုတွေကြောင့် ပတ္တားပျော်ဝင်စီးဆင်းတယ်၊ မြေရှားသတ္တုအင်မတန်တူးဖော်တာကြောင့် အက်စစ်တွေပျော်ဝင်တယ်။ အဲ့ဒါအပြင် ဓာတုပစ္စည်းအသုံးပြုပြီး အကြီးစားစိုက်ပျိုးခင်းတွေ တရုတ်တစ်ရှူးလိုမျိုးတွေ ပိုမိုဆိုးရွားလာတယ်။ အဓိက ဒီရေတစ်ခုက သုံးစွဲလို့မရဘူးဆိုတာ လူတိုင်းအမြင်အားဖြင့် အရင်မြင်တွေ့နိုင်တယ်။ ဧရာ၀တီမြစ်ဟာ ၁၂ ရာသီ ကော်ဖီ၊ လက်ဖက်ရည် ဖျော်ထားတဲ့အရောင်အဖြစ် ပြောင်းလဲစီးဆင်နေသလို ဓာတုဓါတ်များစွာပါဝင် ညစ်ညမ်းတဲ့မြစ်ရေဖြစ်သွားတာကြောင့် သုံးစွဲလို့မရတော့ဘူး ဟု သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ ကျွမ်းကျင်သူ ကချင်ဒေသခံတစ်ဦးက ပြောပါတယ်။

တစ်ဖက်မှာ ဒီစစ်ရှောင်တွေဟာ ကြိုတင်ပြင်ဆင်မှုမရှိပဲ အရေးပေါ် ထွက်ပြေးတိမ်းရှောင် လွတ်မြောက် လာသူတွေဖြစ်တာကြောင့် စောင်နဲ့ အဝတ်အစားတွေ အလုံအလောက်မရှိဘူးလို့ ဆိုပါတယ်။

လက်ရှိ အောင်မြေ   အောင်မြေ  နဲ့ ရွှေညောင်ပင်ကျေးရွာတွေမှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တပ်ဖွဲ့တွေက နေရာယူတပ်စွဲထားပြီး ဒေသခံပြည်သူတွေရဲ့ အိုးအိမ်ပစ္စည်းတွေကိုလည်း ဝင်ရောက်မွေနှောက် သယ်ယူ ထုတ်ယူလိုက်တာတွေကြောင့် နေအိမ်ပစ္စည်းဆုံးရှုံးရသူအမြောက်အများရှိတယ်လို့ ပြောပါတယ်။

လက်ရှိ မြစ်ကြီးနား – ဗန်းမော်ကားလမ်းမပေါ် တိုက်ပွဲကြောင့် ဒီကျေးရွာ  ခု ဒေသခံပြည်သူတွေဟာ တချို့က မြစ်ကြီးနား၊ ဝိုင်းမော်မြို့တွေထဲ အသိဆွေမျိုးအိမ်တွေမှာ ခိုလှုံနေကြပြီး တချို့က စစ်ရှောင်စခန်းတွေထဲ၊ တစ်ချို့က နောင်းခီကျေးရွာနဲ့ နောင်းချိန်းလဘန်ကျေးရွာတွေမှာ တိမ်းရှောင်နေကြရတာဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ကြား လက်ရှိ မြစ်ကြီးနား  ဖားကန့်၊ ဆွမ်ပရာဘွမ် နဲ့  ဝိုင်းမော်မြို့ တွေ စစ်ရေးဆက်လက်တင်းမာနေပြီး ဗန်းမော်မြို့နယ်ထဲ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတာဖြစ်ပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button