စစ်ရေးသတင်း

ဗန်းမော်မှာတိုက်ပွဲပြင်းထန်လာမှာစိုးလို့ မြို့ခံတစ်ချို့တိမ်းရှောင်နေ

ဗန်းမော်မြို့မှာ တိုက်ပွဲပြင်းထန်လာနိုင်တဲ့အခြေနေမှာရှိနေတဲ့အတွက် မြို့ခံတစ်ချို့တိမ်းရှောင်နေတဲ့အပြင် တစ်ချို့ကတော့ကတုတ်ကျင်းတူးပြီးပြင်ဆင်နေကြပြီဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

မတ်လ  ရက်နေ့ကနေစတင်လာတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေရဲ့ စစ်ဆင်ရေးအရှိန်ဟာ တစ်ဖြည်းဖြည်းမြင့်တက်နေတဲ့အလျောက် ဗန်းမော်ခရိုင်ရဲ့ မြို့နယ်တွေထဲမှာရှိတဲ့ စစ်တပ်အထိုင်တပ်စခန်းအများပိုင်းတိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ပါတယ်။

တစ်ဖက်မှာ စစ်ကောင်စီတပ်တွေဟာ ဗန်းမော်တက္ကသိုလ်နဲ့ စာသင်ကျောင်းနေရာတစ်ချို့မှာ တပ်စွဲနေရာယူပြီး မြို့တွင်းကင်းပုန်းချစစ်ဆေးဖမ်းဆီးတာကို ခပ်စိပ်စိပ်လုပ်ဆောင်နေတာကြောင့် မြို့တွင်းတိုက်ပွဲဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြတာပါ။

ဒါကြောင့် မြို့ခံပြည်သူတစ်ချို့က မြို့စွန့်ခွာထွက်ပြေးတိမ်းရှောင်သူတွေရှိနေသလို  တစ်ချို့ကတော့ကတုတ်ကျင်းတွေတူးပြီး ပြင်ဆင်နေကြတယ်လို့ သိရပြီး ကတုတ်ကျင်းတူးဖို့အနည်းဆုံးတစ်သိန်းကျပ်အထိ ပေးပြီးတူးနေရတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

တော်တော်များများတော့ တူးနေကြပြီ တစ်ချို့ကျတော့လည်း လူငှားလို့မရတာရယ် ငွေကြေးအဆင်မပြေတာတွေရယ် အခုလည်းပိုက်ဆံတွေတစ်အားတောင်းတာ တစ်သိန်းအောက်မရဘူး။ ဟိုတုန်းကဆိုရင် သုံးလေးသောင်းဆိုရနိုင်တယ် အခုက ၁သိန်းကနေ  သိန်းထိရှိတယ် ကျင်းက ကြီးရင်ကြီးသလိုပေးရတယ်၊ အဲ့တာကျင်းတူးခဘဲရှိသေးတာနော် အပေါ်မှာ အုပ်မဲ့ဟာတွေနဲ့ဆို ငါးသောင်းခြောက်သောင်းလောက်ပြန်ကုန်အုံးမှာ ကြိုတင်ပြင်ဆင်နေကြတာ ဟုတ်တယ်လို့ပြောပါတယ်။

ဗန်းမော်ဒေသခံတွေဟာ ကတုတ်ကျင်းတူးရာ အနက် ၅ပေ အကျယ် ၇ပေ လောက်ကို အနည်းဆုံး  သိန်း ပေးရတာဖြစ်ပြီး ကျင်းအကျယ်အဝန်းအလိုက် သုံးလေးသိန်းထိ ပေးတူးရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံရေးအခြေအနေ ကောလဟာလအမျိုးမျိုးကြောင့် တစ်ခြားမြို့တွေဆီ ထွက်ပြေးတိမ်းရှာင်သူတွေများလာတဲ့အလျောက် ကားခတွေလည်းအရင်ကထက်ဈေးမြင့်တက်သွားပြီလို့ ဒေသခံတစ်ယောက်က ဆက်ပြောပါတယ်။

ဒီမနက်ဆိုရင် မန်းလေးထိကို ၁သိန်း၂သောင်း ခါတိုင်း သောင်းဂဏန်းဘဲလေ ဟိုတစ်လောကဆိုရင် ၁သိန်းဘဲရှိသေးတာ ဒီရက်တွေက နီးလာတာနဲ့အမျှ ဈေးတွေကလည်းတက်တက်နေတယ် အဲ့တော့လည်း ဘယ်လိုကနေဘယ်လိုရှာကြံ ချေးငှားပြီးသွားရမလဲ ရှိတဲ့သူတွေကတစ်မျိုးပေါ့၊ ဒီနေ့လည်း မြို့ကနေထွက်တဲ့သူတွေက ကားတွေအပြည့်ဘဲလို့ပြောပါတယ်။

လက်ရှိ  ဗန်းမော်မြို့မှာရှိတဲ့ ရွှေဆိုင်တွေ၊ ကုန်စုံဆိုင်၊ စတိုးဆိုင် တွေ တော်တော်များများပိတ်ထားတယ်လို့သိရပြီး ဒေသခံရဲ့ပြောပြချက်အရ တစ်ချို့ ဌာနဆိုင်ရာရုံးတွေလည်း ပိတ်ထားတာကိုတွေ့ရတယ်လို့ ဆိုပါတယ်။

မတ်လ  ရက်နေ့ကနေ စတင်လာတဲ့ KIA ပူးပေါင်းတပ်တွေရဲ့ စစ်ဆင်ရေးဟာ တစ်ဖြည်းဖြည်းနဲ့အရှိန်မြင့်တက်လာနေပြီး ဗန်းမော်ခရိုင် စစ်ကောင်စီ စကခ ၂၁ တပ်ထိုင်တဲ့ ဗန်းမော်မြို့အနီးကိုလည်း တိုက်ပွဲတွေဦးတည်လာနေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။

ဗန်းမော်မြို့ဟာ ကုန်းကြောင်း၊ရေကြောင်း၊လေကြောင်း အဓိက အချက်ချာကျတဲ့မြို့ဖြစ်ပြီး အစိုးရခရိုင်စိုက်ရာမြို့ဖြစ်တဲ့အပြင် ကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော်လို့လည်း ပြောလို့ရသလို ကချင်ပြည်နယ်ထဲက သင်္ဘောဆိပ်ဆိုက်ရာတစ်ခုတည်းသောမြို့ဖြစ်ပါတယ်။

ဒါကြောင့် စစ်တပ်ဘက်ကလည်း လက်ရှိ ဗန်းမော်မြို့ကို အဖက်ဖက်ကနေ အင်အားတွေစုစည်းနေပြီး ခံစစ်သဘောနဲ့ပြင်ဆင်တာတွေရှိနေတယ်လို့လည်း ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

ဗန်းမော်မြို့နဲ့အနီးဆုံး မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲက စစ်ကောင်စီ ခမရ ၁၄၂ ဗျူဟာတပ်စခန်းလည်း ပြီးခဲ့တဲ့ မတ်လ  ရက်နေ့မှာဘဲ KIA ပူးပေါင်းတပ်တွေတိုက်ခိုက်မှုကြောင့် အလံဖြူထောင်လက်နက်ချခဲ့သလို တစ်လဝန်းကျင်ကြာလာပြီဖြစ်တဲ့ KIA  ပူးပေါင်းတပ်တွေရဲ့စစ်ဆင်ရေးမှာ စစ်တပ်ရဲ့စခန်း ၆၀ ကျော်သိမ်းပိုက်ရရှိထားပြီလည်းဖြစ်ပါတယ်။

By – Bu Bu

Show More

Related Articles

Back to top button