တိုက်ပွဲသတင်း

ကောင်ဂျာယန်မှာ စစ်ကောင်စီတပ်ရဲ့ တင့်ကားတစ်စီးပျက်စီးနေပြီး စစ်ယာဉ်တန်းထွက်ခွာလို့မရဘဲ ပိတ်ဆို့တိုက်ခိုက်ခံနေရ

ဗန်းမော်မြို့နယ် ကောင်ဂျာယန်(Kawng Ja Yang)ကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ စစ်တင့်ကားတစ်စီး ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်တွေရဲ့ တိုက်ခိုက်ခံရပြီး လမ်းခုလပ်တစ်နေရာမှာပျက်စီးနေတာကြောင့် တိုက်ပွဲဖြစ်ပွားနေတာ  ရက်လောက်ကြာမြင့်လာပြီလို့သိရပါတယ်။

.အဲဒီတိုက်ပွဲမှာ KIA ပူးပေါင်းတပ်တွေရဲ့ စောင့်ကြိုတိုက်ခိုက်တဲ့အတွက် မိုးမောက်နဲ့ မံစီဘက်ကိုတက်လာတဲ့ စစ်တင့်ကား  စီးထဲကနေ တစ်စီးထိခိုက်ပျက်စီးသွားတာကြောင့် တိုက်ခိုက်ခံရတဲ့ ကောင်ဂျာယန်ကျေးရွာမှာ ဒီကနေ့အထိ တိုက်ပွဲဖြစ်ပွားနေတာဖြစ်တယ်လို့  KIA ရှေ့တန်းသတင်းအရင်းအမြစ်နဲ့ နီးစပ်တဲ့ မံစီဒေသခံ တစ်ဦးက KNG ကိုပြောပါတယ်။

တိုက်ပွဲဖြစ်နေတာဟုတယ်။ စစ်တင့်ကားတက်လာတာ တစ်စီးကို KIA က တိုက်ခိုက်ဖျက်ဆီးပေးလိုက်တယ်။ တင့်ကားပျက်သွားတော့ အထက်ကို တက်လို့မရဘဲ ကောင်ဂျာယန်မှာက နေ့တိုင်းလိုလိုအပြန်အလှန်ပစ်ခတ်နေကြတယ်။ KIA ဘက်ကလည်း တက်လို့မရအောင် ပိတ်ထားပြီးတိုက်နေတယ်လို့ပြောပါတယ်။

ကောင်ဂျာယန်ကျေးရွာမှာ KIA ပူးပေါင်းတပ်တွေရဲ့ ပိတ်ဆို့တိုက်ခိုက်ခံနေရတဲ့ စစ်ကောင်စီတပ်တွေဟာ တင့်ကားပျက်စီးနေတာကြောင့် အထက်ကို ဆက်သွားလို့မရဘဲရှိနေသေးတာကြောင့် ရောက်ရှိနေတဲ့နေရာကနေ တင့်ကားပေါ်ကလက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်နေတယ်လို့သိရပါတယ်။

တိုက်ပွဲအခြေအနေမှာ KIA ပူးပေါင်းတပ်တွေက ကောင်ဂျာယန်ရွာထဲမှာနေရာယူထားကြပြီး စစ်တပ်ဘက်ကတက်လာလို့မရအောင် ခုခံတိုက်ခိုက်နေပြီး စစ်ကောင်စီတပ်ဖွဲ့တွေက ဗန်းမော်ဘက်ကနေတက်လာတဲ့လမ်းအတိုင်း  မိုင် ကျရီခချောင်းကူးတံတား (Chyari Hka)အကျာ်နားမှာ ရှိနေကြတယ်လို့ သိရပါတယ်။

ဗန်းမော်ဘက်ကနေ စစ်အင်အားတိုးချဲ့ဖို့ တင့်ကား  စီးနဲ့ ပါလာတဲ့ စစ်ကောင်စီတပ်တွေရဲ့ စစ်အင်အား ၁၀၀ ကျော်လောက်ရှိပြီး မိုးမောက် နဲ့ မံစီဘက်ကို ဆက်တက်လို့မရအောင် KIA ပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပါတယ်။

လက်ရှိ ကောင်ဂျာယန်မှာရောက်ရှိနေတဲ့ စစ်ကောင်စီတပ်တွေက တင့်ကားပေါ်ကနေ မံစီမြို့ပေါ်အနီးတဝိုက်ပတ်ပတ်လည်ကို လက်နက်ကြီးတွေရမ်းသမ်းပစ်ခတ်နေတာကြောင့် ပြည်သူတွေရဲ့ နေအိမ်တွေလည်း ထိခိုက်ပျက်စီးမှုပိုမိုများပြားလာတယ်လို့ မံစီဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် အခုလို ဗန်းမော်မြို့နယ်ထဲမှာပဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းအဖွဲ့တွေ ကောင်ဂျာယန်ကျေးရွာအနီးတဝိုက်မှာပဲ ပိတ်ဆို့တိုက်ခိုက်ခံနေရတာကြောင့် ဗန်းမော်မြို့တွင်းတပ်ရင်းတွေက လက်နက်ကြီးတွေနဲ့ စစ်ကူပစ်ခတ်ပေးနေတယ်လို့လည်း ဗန်းမော်ဒေသခံတစ်ဦးလည်း အခုလိုပြောပါတယ်။

တိုက်ပွဲဖြစ်တာက သုံးလေးရက်လောက်ကြာပြီလို့တော့သိရတယ်။ တိုက်ပွဲဖြစ်မဖြစ်တော့ သေချာမသိရဘူး။ ဒါပေမယ့် ဗန်းမော်မြို့တွင်းအားလုံးကနေ လက်နက်ကြီးတွေတော့ ပုံမှန်ပစ်ခတ်နေတယ်။ ပစ်တာတောင် တစ်နေ့ကို သုံးကြိမ်လောက်ရှိမယ်။ ညသန်ခေါင်ယံပစ်တယ်။ ညနေပိုင်းပစ်တယ်။ မနက်ပိုင်းပစ်တယ်။ ပစ်တာကလည်း ကောင့်ဂျာယန်ဘက်ကိုပဲပစ်တာလို့ပြောပါတယ်။

ကောင်ဂျာယန်ကျေးရွာဟာ ဗန်းမော်မြို့နယ် ပါပေါင်းကျေးရွာအုပ်စုထဲမှာရှိတဲ့ ကျေးရွာတစ်ခုဖြစ်ပြီတော့ တိုက်ပွဲဒေသဖြစ်နေတဲ့ မံစီမြို့နဲ့  မိုင်လောက်အကွာမှာတည်ရှိနေတာလည်းဖြစ်ပါတယ်။

ဗန်းမော်ဘက်ကနေ တင့်ကား  စီးနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီယာဉ်တန်းကို KIA ပူးပေါင်းတပ်တွေက ဇွန်လ ၁၃ ရက်နေ့မှာ ကောင့်ဂျာယန်ကျေးရွာအနီး ခုခံတိုက်ခိုက်ခဲ့တာကြောင့် တင့်ကားတစ်စီးထိခိုက်ပျက်စီးသွားတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူးလည်း ပြောဆိုထားပါတယ်။

စစ်ကောင်စီတပ်တွေက မိုးမောက် နဲ့ မံစီဘက်ကို စစ်အင်အားပြန်လည်ပြီး တိုးချဲ့လာတာဟာ နှစ်လလောက်အကြာ တိုက်ပွဲဒေသဖြစ်ခဲ့ရတဲ့ မြို့ ၂ခုကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ရန်အတွက် ဖြစ်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button