ပညာရေးသတင်း

KIO ထိန်းချုပ်ထားတဲ့ ဖားကန့် ဟောင်ပါးအုပ်စုမှာ အခြေခံပညာစာသင်ကျောင်းပေါင်း ၂၀ ကျော်ဖွင့်ထား

ကချင်ပြည်နယ် ဖားကန့်မြိို့နယ်  KIO ထိန်းချုပ်ထားတဲ့ ဟောင်ပါးကျေးရွာအုပ်စုမှာ အခြေခံပညာရေးစာသင်ကျောင်းပေါင်း ၂၀ ကျော်ဖွင့်ထားတယ်လို့ ရပ်ကျေးတာဝန်ခံတွေဆီကနေ သိရပါတယ်။

KIA|KPDF သိမ်းပိုက်ထားတဲ့ ဟောင်ပါးကျေးရွာအုပ်စုထဲက တာမခံ၊ခိုမ၊ဟွေဆိုင်း၊ နတ်ရေတောင်၊ရွှေတောင်ကျော်၊နန့်ပါဟုတ်၊ နန့်စပိန်း စတဲ့ကျေးရွာတွေမှာ ကျောင်းပေါင်း ၂၀ ကျော်အထိဖွင့်လှစ်ထားနိုင်ပြီလို့ တာမခန်ကျေးရွာ အရပ်ဘက်အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။ 

ဖွင့်တယ်ကျောင်းတွေအားလုံး ဇွန်လ ၅ရက်နေ့ကနေစပြီးအားလုံးဖွင့်တယ် စုစုပေါင်းဆိုရင်ကျောင်းပေါင်း ၂၃ ကျောင်းလောက်ရှိမယ် အုပ်စုထဲမှာပေါ့။ ဒီတာမခံအထက်တန်းကျောင်းကတော့ ဒေသကျောင်းကော်မတီနဲ့ ရပ်မိရပ်ဖတွေနဲ့ကျောင်းသားမိဘတွေပေါင်းပြီးဖွင့်တာ ကော်မတီကျောင်းလို့ သူကပြောပါတယ်။

လက်ရှိဖွင့်ထားတဲ့ကျောင်းတွေအားလုံး KIO ရဲ့ထိန်းချုပ်မှုအောက်မှာရှိပြီး NUG နဲ့ချိတ်ဆက်တဲ့ကျောင်း၊ ရပ်ကျေးနဲ့ကျောင်းသားမိဘတွေပေါင်းပြီးဖွင့်ထားတဲ့ကျောင်း၊ KIO တိုက်ရိုက် သင်ကြားတဲ့ကျောင်းဆိုပြီး ကျောင်းအမျိုးအစားသုံးမျိုးရှိတယ်လို့ အထက်ဖော်ပြပါတာဝန်ရှိသူက ဆက်ပြောပါတယ်။ 

ကျောင်းကပုံစံက သုံးမျိုးကွဲနေတာ  NUG ကျောင်းရှိတယ် KIO ပညာရေးကျောင်းရှိတယ် ပြီးတော့ ခုနပြောတဲ့ ဒေသကော်မတီတွေကဦီးဆောင်ဖွင့်တဲ့ဒေသပညာရေးကော်မတီကျောင်းတွေရှိတယ် ဒါပေမယ့်သင်ရိုးအားလုံးက နဂိုသင်းရိုးတွေပဲလို့သူကဆက်ပြောပါတယ်။

အထက်မှာဖော်ပြခဲ့တဲ့ NUG အစိုးရနဲ့တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်တဲ့ NUG ကျောင်း၊ ဒေသကော်မတီကတိုက်ခိုက်စီမံခန့်ခွဲတဲ့ ဒေသပညာရေးကော်မတီကျောင်းနဲ့ KIO ကတိုက်ရိုက်စီမံတဲ့ KIO ပညာရေးကျောင်းသုံးမျိုးထဲမှာ အများပိုင်းက ဒေသပညာရေးကော်မတီကျောင်းတွေဖြစ်ပြီး ကျောင်းအားလုံး KIO ရဲ့ ထောက်ပံ့မှုအောက်မှာရှိတယ်လို့ သိရပါတယ်။

လက်ရှိဖွင့်လှစ်နေတဲ့ကျောင်းပေါင်း ၂၃ ကျောင်းထဲမှာ တက်ရောက်နေတဲ့ကျောင်းသားကျောင်းသူပေါင်း ၅၀၀၀ ကျော်၊သင်ကြားရေးဆရာ ဆရာမပေါင်း ၂၀၀ ဝန်းကျင်ရှိပြီး မူလတန်း နဲ့အလယ်တန်းအဆင့်အတွက်သင်ကြားရေးပိုင်းမှာ အဆင်ပြေပေမယ့်် grade 11 နဲ့ Grade 12  အတွက် သင်ကြားရေးပိုင်းမှာ အတိုင်းတာတစ်ခုထိရောက်ဖို့ လိုအပ်ချက်တွေရှိနေတယ်လို့ ဟောင်ပါးကျေးရွာနေအထက်တန်းကျောင်းသားမိဘတစ်ဦးက KNG ကိုပြောပါတယ်။ 

ကျွန်မတို့ဟောင်ပါးမှာက NUG ကျောင်းနဲ့ ဒေသကော်မတီကျောင်းရှိတယ် ကျွန်မကလေးကိုက ဒေသကော်မတီကျောင်းမှာထားတယ်။ သင်ကြားရေးပိုင်းတော့သိပ်အားမရဘူး အထက်တန်းပိုင်းမှာပေါ့လေ အခု Grade 12 ကသင်ကြားရေးမှာက ကျောင်းမပီးသေးတဲ့ဘွဲ့မရသေးတဲ့နှစ်ယောက်ပါတော့ လိုအပ်ချက်တွေရှိနေတယ်လို့ ပြောပါတယ်။ 

လက်ရှိ သင်ကြားပေးနေတဲ့ကျောင်းတွေမှာ CDM ကျောင်းဆရာ/ တွေ၊ စေတနာ့ဝန်ထမ်းတွေနဲ့ KIO ကတိုက်ရိုက်ချပေးတဲ့သင်ကြားရေးဆရာ ဆရာမတွေနဲ့ သင်ကြားပေးနေပြီး တစ်ချို့ကျောင်းတွေမှာဆရာ/ မလုံလောက်မှုတွေရှိနေတယ်လို့သိရပါတယ်။ 

ဖားကန့်မြို့နယ်ထဲက အထက်ဖော်ပြပါကျေးရွာတွေအပါအဝင်ဖားကန့် ကာမိုင်းလမ်းပိုင်းထဲက နန့်ယား၊ နန့်တိန်းကျေးရွာတွေမှာ ဒီနှစ်ဖေဖော်ဝါရီလနောက်ပိုင်းကစလို့ KIA/KIO ထိန်းချုပ်မှုအောက်ရောက်သွားခဲ့တာ ဖြစ်ပြီး နန့်ယား နန့်တိန်းအုပ်စုတွေမှာလည်း KIO ကျောင်းတွေ အများအပြားဖွင့်လှစ်နေပြီဖြစ်ပါတယ်။ 

ဒါ့အပြင် ဖားကန့်မြို့နယ်ထဲမှာ ၂၀၂၂၂၀၂၃ ခုနှစ် ပညာ သင်နှစ်မှာ NUG စာသင်ကျောင်းတွင်ဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းသားကျောင်းသူ ၆၀၀၀ ဝန်းကျင်ရှိခဲ့တယ်လို့သိရပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့  KIO ထိန်းချုပ်နယ်မြေအသစ်တွေမှာ ၂၀၂၄– ၂၀၂၅ ခုနှစ် ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းပေါင်း ၂၀၀ ကျော်ကို ထပ်မံတိုးချဲ့ဖွင့်လှစ် ထားတယ်လို့ KIO  ပညာရေးဌာနကနေ သိရပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button