သတင်း

ကချင်ဒေသမှာ အခြေခံစားသောက်ကုန်အများပိုင်းစတင်ပြတ်လပ်

ကချင်ပြည်နယ် မြစ်ကြီးနားမန္တလေးလမ်းပိတ်ဆို့မှုကြောင့် ကချင်ပြည်နယ်အတွင်း အခြေခံစားသောက်ကုန်တွေပြတ်လပ်လာပြီး မြစ်ကြီးနားဒေသခံတွေကပြောပါတယ်။

ဩဂုတ်လ ၁၆ ရက်နေ့ မြစ်ကြီးနားမန္တလေးကားလမ်းတစ်လျှောက် KIA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲစတင်ဖြစ်လာကတည်းက ကားလမ်းပိုင်းသွားလာခွင့်မရတာ ခုဆိုရင်   ပတ်ကျော်ကြာလာပြီဖြစ်ပါတယ်။

ခုလိုအခြေအနေတွေကြောင့် မြစ်ကြီးနားကိုတက်လာတဲ့ ကုန်တင်ကားတွေ လမ်းခရီးတွေမှာ အများအပြားပိတ်မိနေပြီး ကုန်ကားအဝင်မရှိတော့တဲ့အတွက် မြစ်ကြီးနားမြို့အပါအဝင် ကချင်ပြည်နယ်က မြို့နယ်အားလုံးမှာ ကုန်ဈေးနှုန်းအဆမတန်မြင့်တက်နေတာဘဲ ဖြစ်ပါတယ်။

စျေးက မနက်နဲ့ ညတောင်မတူတော့ဘူး။ မနက်တစ်မျိုး ညနေတစ်မျိုး မနက်ဒီစျေးဆို ညနေဒီစျေးမရတော့ဘူး။ တချို့ဆို ဆိုင်တွေပိတ်သိမ်းထားတယ်။ တစ်နေ့ထဲဝယ်တစ်နေ့ထဲရောင်းတာတောင် အရင်းပြုတ်တယ်ပြောတယ် အရမ်းငြီးနေကြတယ်။ ကျမတို့တောင်စျေးမှာပြောနေကြတယ် ရှေ့ဆက်ပြီး ဒီလိုပဲဖြစ်မယ်ဆိုရင်တော့ စားဝတ်နေရေးမလွယ်တော့ဘူး အရင်းပဲပြုတ်နေတာ။ စားဖို့သောက်ဖို့တောင်မလွယ်တော့ဘူး။ စိတ်ညစ်စရာကြီး တွေးတောင်မတွေးဝံ့ဘူး” လို့မြစ်ကြီးနား စျေးသည်ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

တိုက်ပွဲတွေကြောင့် မြစ်ကြီးနားမန္တလေး လမ်းပိုင်းပိတ်ထားတာ ရက်ကြာမြှင့်လာတာနဲ့အတူ မြစ်ကြီးနားမြို့မှာ ကြက်ဥတစ်လုံးကို ၁၃၀၀၊  ခရမ်းချဉ်သီး  လုံး  ထောင်၊ တစ်ပိဿာကို တစ်သောင်းခွဲ၊ စားသုံးဆီ တစ်ပိဿာ နှစ်သောင်း  ကြက်သွန်ဖြူ၊ကြက်သွန်နီ တစ်ပိဿာ နှစ်သောင်းခွဲထိ မြှင့်တက်နေတဲ့အပြင်  ကုန်တွေပြတ်လပ်လာတာကြောင့် ပိတ်ထားတဲ့ဆိုင်တွေလည်းရှိလာတယ်လို့သိရပါတယ်။

ဒါ့အပြင် ဖုန်း၊အင်တာနက်လိုင်းပါပြတ်တောက်နေတဲ့အတွက် စစ်ရှောင်တွေကို လစဉ်လတိုင်း ဆန်နဲ့ ငွေကြေးကူညီထောက်ပံ့ပေးနေတဲ့ World Food Program WFP ကလည်း ဇူလိုင်လကတည်းကတည်းကနေ မရောက်ရှိနိုင်တော့တာဖြစ်တယ်လို့ စစ်ရှောင်တွေလည်း ပိုပြီးဒုက္ခရောက်နေကြတယ်လို့ သိရပါတယ်။

ဒါကြောင့် စစ်ရှောင်ပြည်သူတွေအတွက် စားနပ်ရိက္ခာပြတ်လပ်နေပြီး ကူညီထောက်ပံ့မှုတွေလည်း လိုအပ်နေတယ်လို့ ခါနန်စစ်ရှောင်စခန်းတာဝန်ခံက ခုလိုပြောပါတယ်။

အဓိကခက်တယ်ဆိုတာက ဆန်ပဲ။ ဆန်သာရှိနေရင် ကျန်တာက ဘာနဲ့ပဲဖြစ်ဖြစ်ရှာဖွေစားပြီး ဆက်နေလို့ရသေးတယ်။ ဟင်းသီးဟင်းရွက်တွေ တောထဲကရှာကြံပြီး စားလို့ရတယ်။ တချို့ စားဖို့ဆန်မရှိတော့ပဲ အရမ်းခက်လာတဲ့သူတွေကိုတော့ အသင်းတော်ကနေမှ ဆယ်ဘို့တစ်ဘို့ဆန်ထားထားတဲ့ထဲကခွဲဝေမျှစား တချို့ကူညီမှုပြန်ရရင် ပြန်မျှစားအဲလိုနဲ့ လည်ပတ်နေတယ်။ ရေရှည်ဆိုရင်တော့ တော်တော်ခက်ခဲလာပြီ။ ဝိုင်းမော်တဝိုက် စစ်ရေးအခြေအနေ တည်ငြိမ်သွားရင်တော့ သူ့ဟာနဲ့သူအနည်းငယ်တော့ ခံသာသွားမယ်ထင်တယ်လို့ဆိုပါတယ်။

လက်ရှိ မြစ်ကြီးနားမှာ ကုန်ပစ္စည်းအများပိိုင်းပြတ်လပ်လာတာနဲ့အမျှ ကုန်စျေးနှုန်တွေလည်း ဆက်တိုက်မြှင့်တက်နေချိန် မြစ်ကြီးနားကနေတစ်ဆင့် ကုန်တွေသယ်ယူရတဲ့ ပူတာအို  တနိုင်း၊ဖားကန့် စတဲ့ မြို့နယ်က ပြည်သူတွေနဲ့စစ်ဘေးရှောင်ပြည်သူတွေ ပိုပြီးကြပ်တည်းလာနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

လက်ရှိအချိန်ထိလည်း မြစ်ကြီးနားမန္တလေးလမ်းအခြေအနေကြောင့် လမ်းတွေပိတ်ဆို့ထားဆဲဖြစ်ပြီး ဒီကားလမ်းပိုင်းဟာလအနည်းငယ်ကြာအုံးမယ်လို့ ကားသမားတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကတော့  KNG ကိုပြောပါတယ်။

မြစ်ကြီးနား လမ်းပိုင်းအခြေအနေက လောလောဆယ်က လမ်းကပိတ်တုန်းပဲ။ ကျနော်တို့ ကားတွေတောင်မှ ၁၀ ရက်လောက်စောင့်ပြီး အခုပြန်လှည့်လာတယ်။ အခုမန္တလေးကိုရောက်ပြီ။ ဖွင့်ဖို့အခြေအနေကမရှိဘူး။ ကြာအုံးမှာလို့ပြောတယ်။ ခရီးသည်တွေက အခုပိတ်ထားတဲ့နေရာမှာ ဆိုင်ကယ်နဲ့  သိန်းတော့ပေးရပြီး အဲလိုဖြတ်နေကြတယ်။ ပိတ်မိနေတဲ့ကားတွေပေါ့။ သူတို့က မြစ်ကြီးနားကနေလာတယ်။ ပြီးတော့ မှော်လူးမှော်ဟန်တွေမှာ ပိတ်မိနေကြတာပေါ့လို့ မြစ်ကြီးနားမန္တလေးလမ်းပြေးဆွဲနေတဲ့ ကားဆရာတစ်ဦးက ပြောပါတယ်။

ဩဂုတ်လ ၁၆ ရက်နေ့စပြီး ကချင် – စစ်ကိုင်းအစပ်ဒေသ ကသာခရိုင်တွေဖြစ်တဲ့ ထီးချိုင့်၊ပင်လည်ဘူး၊အင်းတော်ဒေသတစ်လျှောက် စစ်တပ်နဲ့ KIA ပူးပေါင်းတပ်တို့တိုက်ပွဲပြင်းထန်နေတာလည်းဖြစ်ပါတယ်။

ကချင်ဒေသမှာ ခုလို စစ်ရေးအခြေနေကြောင့် မြစ်ကြီးနား– မန္တလေးကားလမ်းပိုင်းသွားလာခွင့်ပိတ်ခံထားရချိန် ကချင်ပြည်နယ်ထဲ ကုန်စည်စီးဆင်းတဲ့တစ်ခုတည်းသော နေရာဟာ ကံပိုက်တည်တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းဖြစ်ပါတယ်။

သို့သော် လက်ရှိ မြန်မာငွေစျေးကျဆင်းမှုကြောင့် တရုတ်ပြည်ကတင်သွင်းတဲ့ကုန်တွေကလည်း စျေးတွေမြင့်တက်နေတဲ့အပြင် တရုတ်ဘက်ကလည်း အခြေခံစားသောက်ကုန်တွေကို အကန့်အသတ်နဲ့သာ သယ်ယူခွင့်ပြုနေတယ်လို့ ပြည်သူတွေဟာ အဖက်ဖက်ကနေ ပိုပြီးခက်ခဲလာနေကြတာလည်းဖြစ်ပါတယ်။

ကချင်ပြည်နယ်ဟာ မြန်မာပြည်ရဲ့အထက်ပိုင်းဒေသမှာရှိပြီး လူဦးရေ  သန်းကျော်ရှိသလို၊ ခရိုင်  ခု၊မြို့နယ် ၁၈ မြို့နယ်နဲ့ဖွဲ့စည်းထားတဲ့ ပြည်နယ်ဖြစ်ပါတယ်။

By – Hope

Show More

Related Articles

Back to top button