Fact Checkသတင်း

မိုးမောက်တပ်ကို စစ်ကောင်စီပြန်လည်သိမ်းယူလိုက်တယ်ဆိုတဲ့ သတင်းဟာ သတင်းအမှားဖြစ်တယ်လို့  KIO ပြော

ဗန်းမော်ခရိုင် မိုးမောက် ခမရ ၄၃၇ တပ်ရင်းတစ်ခုလုံးကို စစ်ကောင်စီဘက်က ပြန်လည်ထိုးစစ်ဆင်ထိန်းချုပ်လိုက်ပြီးဆိုတဲ့ သတင်းဟာ သတင်းအမှားသာဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပြောပါတယ်။

မိုးမောက်နဲ့ ဗန်းမော်ကြားမှာ ဖြစ်နေတဲ့တိုက်ပွဲက  မိုင်ကုန်းဆိုတဲ့ နေရာမှာ ဒီကနေ့ အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေသေးတယ်။ စစ်ကောင်စီတပ်ဘက်ကနေ ထိုးစစ်ဆင်ပြီး သိမ်းယူတာမရှိသေးပါဘူး။ လော်ဘီသတင်းတွေပါလို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ KNG ကိုပြောပါတယ်။

မိုးမောက် ၄၃၇ ကိုလက်လွတ်လိုက်ရတဲ့နောက် စစ်ကောင်စီတပ်ဟာ ဒီကနေ့ စက်တင်ဘာလ  ရက်နေ့အထိ ဗန်းမော်ဘက်ကနေ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်တိုက်ခိုက်လာတဲ့ စစ်ကောင်စီတပ်တွေနဲ့ KIA ပူးပေါင်းတပ်တွေ  မိုင်ကုန်းနေရာမှာ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူပြောပါတယ်။

KIA တပ်တွေ မိုးမောက်ကို သိမ်းပိုက်ပြီးနောက် ဩဂုတ်လ ၂၄ ရက်နေ့မှာ စစ်ကောင်စီတပ်တွေက ဗန်းမော်ဘက်ကနေ တင့်ကားအပါ စစ်အင်အားအလုံးအရင်းနဲ့ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ဗန်းမော်နဲ့ မိုးမောက်ကြားက  မိုင်ကုန်းနေရာမှာ တိုက်ပွဲဖြစ်နေတာ ၁၀ ရက်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။

ဩဂုတ်လ ၃၀ ရက်နေ့မှာ ‘KIA သိမ်းပိုက်ထားပြီဖြစ်တဲ့ မိုးမောက် ခမရ ၄၃၇ တပ်ရင်းကို သိမ်းပိုက်ထားပြီး  ရက်အကြာမှာ စစ်ကောင်စီတပ်တွေ ပြန်လည်သိမ်းယူလိုက်ပြီလို့ စစ်တပ်ထောက်ခံသူတွေ အသုံးပြုတဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်တွေမှာ ရေးသားဖော်ပြခဲ့ရာကနေ Facebook, Telegram, Wechat အသုံးပြုတွေဆီမှာ ပျံနှံ့သွားတာဖြစ်ပါတယ်။

အခုလို မိုးမောက်တပ်စခန်းကို စစ်ကောင်စီတပ်တွေ သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး KIA ရှေ့တန်းသတင်းအရင်းအမြစ်တစ်ဦးလည်း ဆက်ဆိုပါတယ်။

သတင်းဆိုက်ဝါးဖြစ်အောင်လုပ်နေတာ။ အခုတိုက်ပွဲဖြစ်နေတာက  မိုင်နဲ့  မိုင်ကြားမှာ ဖြစ်နေသေးတယ်။ မိုးမောက်တပ်ရှိတဲ့ဘက်ကို မရောက်နိုင်သေးဘူး။ KIA တပ်တွေလည်း ကျော်တက်လို့မရအောင် ပိတ်ဆို့တိုက်ခိုက်နေတယ်လို့ပြောပါတယ်။

မိုးမောက်တပ်ကို စစ်ကောင်စီတပ်တွေ ပြန်လည်သိမ်းယူလိုက်ပြီဆိုတဲ့ သတင်းအမှားတွေကြောင့် ပြည်သူလူထုတစ်ချို့ကလည်း ထင်ယောင်ထင်မှားဖြစ်နေကြတာကိုလည်း မြင်တွေ့ရပါတယ်။

မိုးမောက် ခမရ ၄၃၇ စခန်းကို KIA ပူးပေါင်းတပ်တွေ  လကြာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ ၁၉ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ထားတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button