သတင်း

သုံးရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်ခံရတဲ့ ကောလင်းမှာ အရပ်သား ၈ ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် ကျေးရွာတစ်ချို့ကို စစ်ကောင်စီတပ်က သုံးရက်ဆက်တိုက် လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သား  ဦးသေဆုံးခဲ့ရတယ်လို့ ကောလင်းခရိုင်တပ်ရင်း  က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၈ ရက်နေ့က တဂေါင်းအိုင်ရွာ၊ စက်တင်ဘာလ ၂၉ ရက်နေ့က ရွာသစ်ရွာနဲ့ စက်တင်ဘာလ ၃၀ ရက်နေ့ မနေ့ကတော့ ဥက္ကံရွာတို့ လေကြောင်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။

တဂေါင်းအိုင်ရွာလေကြောင်းတိုက်ခိုက်ခံရမှုမှာ အသက်  နှစ်အရွယ် မိန်းကလေးငယ်တစ်ယောက် ထိမှန် ဒဏ်ရာရခဲ့ပြီး ရွာသစ်ရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ အရပ်သားတစ်ဦးသေဆုံးခဲ့ရသလို ၁၅ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မနေ့က နေ့လည် ၁၁ နာရီမှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ ဥက္ကကျေးရွာမှာတော့ အရပ်သား  ဦးအထိ သေဆုံးခဲ့ရတယ်လို့ ကောလင်းခရိုင်အတွင်းရှိ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသတွင်း သတင်းဌာန တွေရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ရွာသစ်ရွာအနီးကို အကြမ်းဖက်စစ်ကောင်စီက အရပ်သားပြည်သူတွေအပေါ် တိုက်ပွဲဖြစ်ပွားတာ လုံးဝ လုံးဝမရှိ၊ PDF လည်းမရှိဘဲ ဂျက်ဖိုက်တာနဲ့တိုက်ခိုက်ခဲ့ပါတယ်။ ဥက္ကံရွာကိုလည်း အကြမ်းဖက် စစ်ကောင် စီက တိုက်ပွဲဖြစ်ပွားတာလုံးဝ မရှိဘဲ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပါတယ်။ တဂေါင်းအိုင်ရွာကလည်း စစ်ပွဲလဲမရှိ PDF လည်းမရှိဘဲ အရပ်သားတွေနေထိုင်တဲ့ရွာပဲဖြစ်ပါတယ်။” လို့ ကောလင်းခရိုင်းတပ်ရင်း  ကဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိတာ၊ သေဆုံးတာနဲ့ နေအိမ်ပျက်ဆီးမှုတွေနဲ့ ပတ်သက်လို့ စာရင်းအတိအကျကို သတင်းတိကျခိုင်မာအောင် စုံစမ်းနေဆဲဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

စက်တင်ဘာလ ၃၀ ရက် မနေ့ကလေကြောင်းတိုက်ခိုက်ခံရတဲ့ ဥက္ကံကျေးရွာက သေဆုံးခဲ့ရတဲ့ အရပ်သား  ဦးထဲမှာ အမျိုးသမီး  ယောက်ပါဝင်ပြီး ကျန်တာတွေကတော့အမျိုးသားတွေဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကသိရ ပြီး အခြေနေအသေးစိတ်ကို ပြန်လည်အကြောင်းပြန်မယ်လို့ KNG ကိုပြောပါတယ်။

ဒဏ်ရာရတဲ့သူကအများအပြားရှိနေတယ်။ ဒေသခံအများစုက အဲ့ဒီဖြစ်စဥ်ကြောင့် အလွန်အမင်း စိုးရိမ် ထိတ်လန့်နေကြတယ်။ ရွာထဲမှာမနေထိုင်ရဲကြပဲ ရှောင်တိမ်းနေရတယ်” လို့ Kawlin Revolution KR က ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇၊ ၂၈၊ ၂၉ ရက်တွေမှာ ကောလင်းမြို့နဲ့ကပ်လျှက်မြို့ဖြစ်တဲ့ ကန့်ဘလူမြို့နယ် ထဲက မကျီးကုန်းရွာ၊ ပင်းတဲရွာနဲ့ ရွှေဘိုမြစ်ကြီးနားဗျူဟာလမ်းပေါ်မှာရှိတဲ့ ရေရှင်ကြီး၊ အောင်တိုင်း လယ်၊ မှန်နီပင် ရွာတွေကိုည်း လေကြောင်းရော၊ ဒရုန်းတွေနဲ့ပါ တိုက်ခိုက်ခဲ့ပါတယ်။

ဒါ့အပြင် စစ်ကြောင်းထိုးရင်းအမျိုးသမီးတစ်ဦးကိုပါသတ်ဖြတ်ခဲ့သလို အထက်ပါလေကြောင်းနဲ့ဒရုန်းတိုက် လိုက်တာတွေကြောင့် ကလေးငယ်တစ်ယောက်အပါအဝင် အရပ်သား  ဦးသေဆုံးခဲ့ရပါသေးတယ်။

အခုလိုလေကြောင်းတိုက်ခိုက်တာနဲ့ စစ်ကြောင်းထိုးတာတွေကြောင့် ကောလင်းမြို့နယ်အပါအဝင် ကန့်ဘလူ မြို့နယ်ထဲက ကျေးရွာပေါင်း ၁၀ ရွာထက်မနည်းကတော့ ဘေးလွှတ်ရာတွေမှာအရေးပေါ်တိမ်းရှောင်နေကြရ တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတစ်ဝှမ်းမှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေ ကြောင့် အရပ်သားစုစုပေါင်း ၅၇၁၂ ဦးသေဆုံးခဲ့ရပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီ စောင့်ရှောက်ရေးအသင်း AAPP က စက်တင်ဘာလ ၃၀ ရက်နေ့ကသတင်းထုတ်ပြန်ထားပါတယ်။

By – အမိုး

Show More

Related Articles

Back to top button