သတင်း

ဖားကန့်- မြစ်ကြီးနားကားခတစ်ဆမြင့်တက်

ကချင်ပြည််နယ် ဖားကန့် မြစ်ကြီးနားလမ်း ကားခတစ်ဆမြင့်တက်နေတယ်လို့ ကားသမားတွေဆီကနေ သိရပါတယ်။

ဆိုင်းတောင်ကျေးရွာမှာ စက်တင်ဘာလ  ရက်နေ့ကနေ ကချင်လွတ်လပ်ရေးတပ်မတော် KIAKPDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တွေကြား  တိုက်ပွဲစပြင်းထန်လာတဲ့အတွက် ဖားကန်မြို့ပေါ်နဲ့ အနီးဝန်းကျင်နေထိုင်တဲဲ့ပြည်သူတွေ မြစ်ကြီးနားဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြတဲ့အတွက် ကားခစျေးမြင့်တက်လာတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်ပတ်လောက်ကတည်း ကနေ ဒီကနေ့အထိပဲအုံလိုက်ကျင်းလိုက်ကိုပြောင်းလာနေကြတာ ခရီးသည်ကများ ကားသမားတွေလည်းတိုက်ပွဲတွေကြားသွားလာရတာဆိုတော့ ကားသမားတိုင်းမသွားနိုင်ဘူးလေး အဲ့ကြောင့်ကားခပိုတောင်းရတာပေါ့  အခုလောလောဆယ် နှစ်သိန်းခွဲအထိရှိတယ်ဗျအမြင့်ဆုံးစျေး”လို့ အမည်မဖော်လိုတဲ့ကားသမားတစ်ဦးကပြောပါတယ်။

မြစ်ကြီးနားဖားကန့်ကြားမှာ ပုံမှန်အားဖြင့် ခရီးသည်တစ်ဦးကို ကားနောက်ခန်း ကျပ် ၁၃၀၀၀၀ (တစ်သိန်း သုံးသောင်း ကားအရှေ့ခန်း ကျပ် ၁၅၀၀၀၀ ( တစ်သိန်း ငါးသောင်း)သာရှိပေမယ့် လက်ရှိ ခရီးသည်တစ်ဦးကို ကားအနောက်ခန်း ကျပ် ၂၀၀၀၀၀ (နှစ်သိန်း)  ကားအရှေ့ခေါင်းခန်းဆိုလျှင် ကျပ် ၂၅၀၀၀၀  ( နှစ်သိန်းငါးသောင်းအထိရှိတယ်လို့ သိရပါတယ်။

ဖားကန့်ဘက်က မြစ်ကြီးနားဘက်ကို စစ်ရှောင်လာတဲ့ပြည်သူတွေဟာ နေ့စဉ်ရာဂဏန်းနဲ့ဝင်ရောက်နေတာကြောင့် မြစ်ကြီးနားမြို့ပေါ် ဟိုတယ်နဲ့ တည်းခိုခန်းတွေမှာလည်း လူပြည့်လျှံနေပြီလို့ ဆိုင်ကယ်ကယ်ရီသမားတစ်ဦးက ပြောပါတယ်။

ဘယ်ဟိုတယ် ဘယ်တည်းခိုခန်းမှမလွတ်ဘူး ရှိသမျှဟိုတယ်တွေတည်း ခိုခန်းတွေအကုန်ဖားကန့်ဘက်က စစ်ရှောင်လာတဲ့လူနဲ့ပဲပြည့်နေတာ လူသိတဲ့တဲ့ဂျောင်ကျတဲ့တည်းခန်းတွေလောက်ပဲရှိတော့တယ်။ မြို့ထဲတော့အပြည့်ပဲ ဟိုတယ်ခ တည်းခိုခန်းခတွေတော့ စျေးမတက်ဘူးပုံမှန်ပဲ”လို့ ပြောပါတယ်။

လက်ရှိမြစ်ကြီးနားဘက်ကိုတိမ်း ရှောင်လာကြသူတွေဟာဖားကန့်မြို့ပေါ်ကပြည်သူတွေနဲ့ လုံးခင်း၊ဆိုင်းတောင်ဘက်၊ မရှီကထောင် စစ်ရှောင်တွေများတယ်လို့သိရပါတယ်။

မြစ်ကြီးနားမြို့ပေါ်ကိုရောက်လာတဲ့ ဖားကန့်စစ်ဘေးရှောင်တွေထဲကအချို့ဟာ  မြစ်ကြီးနားကနေတဆင့် မန္တလေး ၊ရန်ကုန်ဘက်ကိုထွက်ခွာသွားတဲ့များတာကြောင့်လက်ရှိ မြစ်ကြီးနားမန္တလေး– လေယာဥ်လက်မှတ်တွေဝယ်ယူရခက်နေပြီး လက်မှတ်တစ်စောင်ကို ကျပ် ၁၀ သိန်းအထိပေါက်စျေးရှိတယ်လို့သိရပါတယ်။

ဖားကန့်မြို့နယ်ထဲမှာ စခန်းသိမ်းတိုက်ပွဲတွေ ဒီနှစ်ဆန်းပိုင်းကတည်းက ခပ်စိပ်စိပ်ဖြစ်လာနေပြီး လက်ရှိ ဆိုင်းတောင်၊ နန့်ယား၊တာမခံ၊ ဆယ်ဇင်း၊လမောင်ဗျူဟာကုန်း၊နန့်တိန်အပါအဝင် ရှေ့တန်းစခန်း  ခုထက်မနည်းကို KIAKPDF ပူးပေါင်းတပ်တွေသိမ်းပိုက်ထားပြီဖြစ်ပါတယ်။

ဖားကန့်မြို့ဟာ ကမ္ဘာ့ကျောက်စိမ်းထွက်ရှိရာဒေသဖြစ်ပြီး ခေတ်အဆက်ဆက် အနယ်နယ်အရပ်ရပ်က ရွှေ့ပြောင်းအလုပ်လာရောက်လုပ်ကိုင်သူများတဲ့အတွက် လူဦးရေထူထပ်တဲ့နေရာဒေသတစ်ခုလည်းဖြစ်ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button